Tuesday, October 1, 2013

ပြည်သူများတောင်းဆိုလာပါက ပြည်တွင်းသစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းမည်ဟုဆို

Photo: ပြည်သူများတောင်းဆိုလာပါက ပြည်တွင်းသစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းမည်ဟုဆို
Tuesday, October 1, 2013 

၂၀၁၄ ခုနှစ်၊ ဧပြီလ၊ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံမှ ပြည်ပ သို့ကျွန်းသစ်များ အလုံးလိုက်တင် ပို့မှုကိုရပ်ဆိုင်းတော့မည်ဖြစ်ပြီး ပြည်သူများကတောင်းဆိုလာ ပါက ပြည်တွင်း၌သစ်ထုတ်လုပ်မှု ကိုရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်း ကပြောသည်။
စက်တင်ဘာလ ၂၇ ရက် နေ့ကပြုလုပ်ခဲ့သော မြေအသုံးချ မှုစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ သတင်းစာရှင်းလင်းပွဲတွင် အဆို ပါပုဂ်္ဂိုလ်ကယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

““ဒါတွေက မဖြစ်လာဘူးလို့ ပြောလို့မရပါဘူး၊ တစ်ချိန်ကျရင် တော့ဒါတွေဟာဖြစ်လာနိုင်ပါတယ်၊ ပြည်သူကတောင်းဆိုလာရင်တော့ ကျွန်တော်တို့ရဲ့သစ်လိုအပ်ချက် ကှိုာစသမအ လုပ်ရုံပဲရှိပါတယ်”” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ပြောသည်။

လက်ရှိမြန်မာနိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ကို ကြုံတွေ့ခံစားနေရပြီ။ ယင်း၏ အကြောင်းတရားများသည် သစ် ထုတ်လုပ်မှုကြောင့် ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်သူများက သုံးသပ် ပြောဆိုသည်။

လက်ရှိပြည်တွင်း၌ သစ်သုံး စွဲမှုပမာဏသည် တစ်နှစ်လျှင် တန်ချိန် ၆ သိန်းခန့်ရှိကြောင်း ဦးဝင်းထွန်းကဆက်လက်ပြောသည်။  
““အခုပြည်တွင်းမှာ ကျောင်း  ဆောက်ဖို့တို့၊ တံတားဆောက်ဖို့ တို့ ကိုယ်စီကိုယ်စီအိမ်ဆောက်ဖို့ အတွက် တစ်နှစ်တစ်နှစ်ကို သုံး နေ ရတာဟာ သစ်ခွဲသားတန်ချိန် ၃သိန်းရှိပါတယ်၊ အဲဒီ ၃ သိန်းကို ရဖို့အတွက် တစ်နှစ်ကိုသစ်ထုတ် လုပ်မှုက ၆ သိန်းလောက်တော့ ရှိနေဦးမှာပါ””ဟု ဦးဝင်းထွန်းက ထပ်လောင်းပြောဆိုခဲ့သည်။

ယခင်အစိုးရလက်ထက်က တစ်နှစ်လျှင် ကျွန်းသစ်တန်ချိန် ၃ သိန်း၊ သစ်မာတန်ချိန် ၁၃ သိန်း ကိုနှစ်စဉ်ပြည်တွင်း၌ ထုတ်လုပ်ခဲ့ သော်လည်း ယခုအစိုးရလက် ထက်တွင် ကျွန်သစ်တန်ချိန် ၁ သိန်း၊ သစ်မာတန်ချိန် ၇ သိန်း ၈ သောင်းခန့်သာနှစ်စဉ်လျှော့ချ ကာ ထုတ်လုပ်လျက်ရှိကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရေ၀န်ကြီးဌာနမှ သိရသည်။             

The Hot News Weekly
၂၀၁၄ ခုနှစ်၊ ဧပြီလ၊ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံမှ ပြည်ပ သို့ကျွန်းသစ်များ အလုံးလိုက်တင် ပို့မှုကို ရပ်ဆိုင်းတော့မည်ဖြစ်ပြီး ပြည်သူများကတောင်းဆိုလာ ပါက ပြည်တွင်း၌သစ်ထုတ်လုပ်မှု ကိုရပ် ဆိုင်းသွားမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်း ကပြောသည်။
စက်တင်ဘာလ ၂၇ ရက် နေ့ကပြုလုပ်ခဲ့သော မြေအသုံးချ မှုစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ သတင်းစာ ရှင်းလင်းပွဲတွင် အဆို ပါပုဂ်္ဂိုလ်ကယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

““ဒါတွေက မဖြစ်လာဘူးလို့ ပြောလို့မရပါဘူး၊ တစ်ချိန်ကျရင် တော့ဒါတွေဟာဖြစ် လာနိုင် ပါတယ်၊ ပြည်သူကတောင်းဆိုလာရင်တော့ ကျွန်တော်တို့ရဲ့သစ်လိုအပ်ချက် ကှိုာစသမအ လုပ်ရုံပဲရှိ ပါတယ်”” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ပြောသည်။

လက်ရှိမြန်မာနိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ကို ကြုံတွေ့ခံစားနေရပြီ။ ယင်း၏ အကြောင်းတရားများသည် သစ် ထုတ်လုပ်မှုကြောင့် ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်သူများက သုံးသပ် ပြောဆိုသည်။

လက်ရှိပြည်တွင်း၌ သစ်သုံး စွဲမှုပမာဏသည် တစ်နှစ်လျှင် တန်ချိန် ၆ သိန်းခန့်ရှိကြောင်း ဦးဝင်းထွန်းက ဆက်လက်ပြောသည်။
““အခုပြည်တွင်းမှာ ကျောင်း ဆောက်ဖို့တို့၊ တံတားဆောက်ဖို့ တို့ ကိုယ်စီကိုယ်စီအိမ်ဆောက်ဖို့ အတွက် တစ်နှစ်တစ်နှစ်ကို သုံး နေ ရတာဟာ သစ်ခွဲသားတန်ချိန် ၃သိန်းရှိပါတယ်၊ အဲဒီ ၃ သိန်းကို ရဖို့အတွက် တစ်နှစ်ကိုသစ်ထုတ် လုပ်မှုက ၆ သိန်းလောက်တော့ ရှိနေဦးမှာပါ””ဟု ဦးဝင်းထွန်းက ထပ်လောင်းပြော ဆို ခဲ့သည်။

ယခင်အစိုးရလက်ထက်က တစ်နှစ်လျှင် ကျွန်းသစ်တန်ချိန် ၃ သိန်း၊ သစ်မာတန်ချိန် ၁၃ သိန်း ကိုနှစ်စဉ်ပြည် တွင်း၌ ထုတ်လုပ်ခဲ့ သော်လည်း ယခုအစိုးရလက် ထက်တွင် ကျွန်သစ်တန်ချိန် ၁ သိန်း၊ သစ်မာတန်ချိန် ၇ သိန်း ၈ သောင်းခန့်သာနှစ်စဉ်လျှော့ချ ကာ ထုတ်လုပ်လျက်ရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရေ၀န်ကြီးဌာနမှ သိရသည်။

The Hot News Weekly

No comments:

Post a Comment