Thursday, October 17, 2013

နှင်းထူ ထပ်မှုကြောင့် ဧဝရတ် တောင်ထိပ်၌ ပိတ်မိ နေသူများအား ကယ်ဆယ်နိုင်ခဲ့

Photo: နှင်းထူ ထပ်မှုကြောင့် ဧဝရတ် တောင်ထိပ်၌ ပိတ်မိ နေသူများအား ကယ်ဆယ်နိုင်ခဲ့

Thursday, October 17, 2013

တိဗက် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ အလယ်ပိုင်းရှိ ကမ္ဘာ့ အမြင့်ဆုံး ဧဝရတ် တောင်ထိပ် အခြေစိုက် စခန်းတစ်ခု မြောက်ဘက်၌ နှင်းထူ ထပ်မှုကြောင့် ပိတ်မိ နေ ခဲ့သော နိုင်ငံခြား သား ခရီးသွား ဧည့်သည် ၁၃ ဦးအပါအဝင် တောင်တက် ခရီးသည် ၈၆ ဦးကို တရုတ် နိုင်ငံမှ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက ဘေးကင်းစွာ ကယ်ဆယ် နိုင်ခဲ့ကြောင်း သတင်း ရရှိသည်။

ယခုအခါ ၎င်းတောင်တက်ခရီးသည် ၇၈ ဦးကို အနီးရှိ ဟိုတယ် တစ်ခု သို့ ပြောင်းရွှေ့ ပေးခဲ့ ကြောင်းနှင့် ကျန်ရှစ်ဦးသည် Rongbuk ဘုန်းကြီးကျောင်းသို့ ထွက်ခွာသွားကြောင်း တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသမှ အုပ်ချုပ်ရေးမှူးက ပြောကြား ခဲ့သည်။

နိုင်ငံခြားသား ခရီးသွားများ အနက် ၁၃ ဦးမှာ သြစတြေးလျ နိုင်ငံသားနှင့် နယ်သာလန် နိုင်ငံသား အများစု ဖြစ်ပြီး အဆိုပါ နှင်းထူထပ်မှုကြောင့် Qomolangma တောင်တက် လမ်းများ လည်း ပိတ်ဆို့မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment