Thursday, October 17, 2013

လာအိုမှာ လေယာဉ်ပျက်ကျ၊ ပါသွားသူ ၄၉ ဦး သေဆုံးဖွယ်ရှိ

Photo: လာအိုမှာ လေယာဉ်ပျက်ကျ၊ ပါသွားသူ ၄၉ ဦး သေဆုံးဖွယ်ရှိ
Thursday, October 17, 2013

လာအိုနိုင်ငံမှာ ဒီကနေ့ ရာသီဥတုဆိုးရွားမှုကြောင့် လေယာဉ်တစီး ပျက်ကျတဲ့အတွက် လိုက်ပါသွားသူ ၄၉ ဦးစလုံး သေဆုံးသွားဖွယ်ရှိတယ်လို့ အစိုးရက ပြောပါတယ်။

ခရီးသည်က ၄၄ ဦး၊ လေယာဉ်ဝန်ထမ်းက ၅ ဦးပါ။

လေယာဉ်ဟာ အစိုးရလေကြောင်းလိုင်းလေယာဉ်ဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူရှိရင် ကယ်ဆယ်ဖို့ လိုက်လံရှာဖွေနေတယ်လို့ ဆိုပါတယ်။

မြို့တော် ဗီယန်ကျင်း (Vientiane) ကနေ နိုင်ငံ တောင်ပိုင်း ပက်ဆီ (Pakse) ဆိုတဲ့မြို့ကို ပျံတဲ့လေယာဉ် ဖြစ်ပါတယ်။

ဒါကတော့ ဧရာဝတီအွန်လိုင်းမှာ တွေ့ရတဲ့ Plane Crashes in Laos, 49 on Board Believed Dead ဆိုတဲ့ သတင်းပါ။ လင့်က http://www.irrawaddy.org/asia/plane-crashes-laos-49-board-believed-dead.html ဖြစ်ပါတယ်။
လေယာဉ်မတော်တဆမှုနဲ့ ပတ်သက်ပြီး အစိုးရက ကြေညာချက် ထုတ်ပါတယ် ... ပက်ဆီမှာ ကွင်းမဆင်းခင် လေယာဉ်ဟာ ရာသီဥတု ဆိုးဆိုးရွားရွားဖြစ်မှုနဲ့ ရင်ဆိုင်ရတဲ့အတွက် မဲခေါင်မြစ်ထဲ ထိုးကျသွားတယ် လို့ ပို့ဆောင်ရေးဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လေယာဉ်က ပြင်သစ်လုပ် ATR 72-600 အမျိုးအစားပါ။

လေယာဉ်မှာ ပါသွားသူ ၄၉ ဦးက နိုင်ငံစုံကပါပဲ...

လာအို ၁၇
ပြင်သစ် ၇
ၾသစေတးလ် ၅

ထိုင်း ၅
ကိုရီးယား ၃
ဗီယက်နမ် ၂

ကနေဒါ - ၁
တရုတ် - ၁
မလေးရှား - ၁

ထိုင်ဝမ် - ၁
အမေရိကန်ပြည်ထောင်စု - ၁

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အစိုးရက မနက်ဖြန်မှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ သိရပါတယ်။

မူရင်း -

Plane Crashes in Laos, 49 on Board Believed Dead
http://www.irrawaddy.org/asia/plane-crashes-laos-49-board-believed-dead.html

ဧရာဝတီ
လာအိုနိုင်ငံမှာ ဒီကနေ့ ရာသီဥတုဆိုးရွားမှုကြောင့် လေယာဉ်တစီး ပျက်ကျတဲ့အတွက် လိုက်ပါသွားသူ ၄၉ ဦးစလုံး သေဆုံးသွားဖွယ်ရှိတယ်လို့ အစိုးရက ပြောပါတယ်။
ခရီးသည်က ၄၄ ဦး၊ လေယာဉ်ဝန်ထမ်းက ၅ ဦးပါ။

လေယာဉ်ဟာ အစိုးရလေကြောင်းလိုင်းလေယာဉ်ဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူရှိရင် ကယ်ဆယ်ဖို့ လိုက်လံ ရှာဖွေနေ တယ်လို့ ဆိုပါတယ်။

မြို့တော်ဗီယန်ကျင်း(Vientiane)ကနေ နိုင်ငံတောင်ပိုင်း ပက်ဆီ(Pakse)ဆိုတဲ့မြို့ကို ပျံတဲ့လေယာဉ်ဖြစ်ပါ တယ်။

ဒါကတော့ ဧရာဝတီအွန်လိုင်းမှာ တွေ့ရတဲ့ Plane Crashes in Laos, 49 on Board Believed Dead ဆိုတဲ့ သတင်းပါ။ လင့်ကhttp://www.irrawaddy.org/asia/plane-crashes-laos-49-board-believed-dead. html ဖြစ် ပါတယ်။

လေယာဉ်မတော်တဆမှုနဲ့ ပတ်သက်ပြီး အစိုးရက ကြေညာချက်ထုတ်ပါတယ် ... ပက်ဆီမှာ ကွင်း မဆင်းခင် လေယာဉ်ဟာ ရာသီဥတုဆိုးဆိုးရွားရွားဖြစ်မှုနဲ့ ရင်ဆိုင်ရတဲ့အတွက် မဲခေါင်မြစ်ထဲထိုးကျသွား တယ် လို့ ပို့ဆောင်ရေးဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လေယာဉ်က ပြင်သစ်လုပ် ATR 72-600 အမျိုးအစားပါ။
လေယာဉ်မှာ ပါသွားသူ ၄၉ ဦးက နိုင်ငံစုံကပါပဲ...
လာအို ၁၇
ပြင်သစ် ၇
ၾသစေတးလ် ၅
ထိုင်း ၅
ကိုရီးယား ၃
ဗီယက်နမ် ၂
ကနေဒါ - ၁
တရုတ် - ၁
မလေးရှား - ၁
ထိုင်ဝမ် - ၁
အမေရိကန်ပြည်ထောင်စု - ၁

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အစိုးရက မနက်ဖြန်မှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ သိရပါတယ်။

http://www.irrawaddy.org/asia/plane-crashes-laos-49-board-believed-dead.html

ဧရာဝတီ

No comments:

Post a Comment