Friday, October 4, 2013

မိုးတွေ။လေတွေလျော့နည်းလာပြီး ရေတွေလည်း ပိုဆိုးမလာနှိုင်တော့ဘူးလို့ ခန့်မှန်းရပါတယ်

ဆရာ ဒေါက်တာထွန်းလွင် ပြောပြတဲ့ မိုးလေ၀သအခြေအနေပါ။ အခုလိုပြောပြပေးတဲ့ ဆရာ့ကို အထူးကျေးဇူးတင်ရှိပါတယ်။

ရုတ်တရက်ထွက်ခွာ နှုတ်ဆက်လျက်ပါ
Weather News Update
3-10-2013
9:22 pm

(၃-၁၀-၂၀၁၃)ရက် နေ့(၁၂)နာရီခွဲအချိန် တိုင်းတာချက်များအရ မြေပြင်မိုးလေ၀သ အခြေအနေများအရနဲ့ အထက်ပေ(၂၀၀၀)အမြင့် လေတိုက်ခတ်မှု အနေအထားများ အရ အနောက်တောင်မုတ်သုံလေ မြစ်ဝကျွန်းပေါ်ဒေသများမှ ဆုတ်ခွာခဲ့မှုကို ထပ်မံ အတည်ပြုနှိုင်ခဲ့ပါတယ်။

အမှန်မှာတော့ အနောက်တောင်မုတ်သုံလေဟာ မြန်မာတနိုင်ငံလုံးအတွင်းမှ လုံးဝဆုတ်ခွာတော့ မှာဖြစ် ပါတယ်။
ပုံမှန်ထက် ရက်သတ္တ တစ်ပတ်ခန့်စောခဲ့ပါတယ်။

ပစိဖိတ်ဖက်မှ မုန်တိုင်းတွေကလည်း သ့ယောဇဉ်ဖြတ်ပြီထင့်။ အနောက်ဖက်ကို မလာကြတော့ဘဲ မြန်မာပြည်နဲ့ဝေးရာ မြောက်ဖက်ကိုဘဲ ဦးတည်နေကြပြန်ပါပြီ။

မြန်မာပြည်ဖက်မှာ မိုးတွေ။လေတွေလျော့နည်းလာပြီး ရေတွေလည်း ပိုဆိုးမလာနှိုင်တော့ဘူးလို့ ခန့်မှန်းရပါတယ်။

ဒေါက်တာထွန်းလွင်

No comments:

Post a Comment