၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်တွင် ကျင်းပသော ၉၂ကြိမ် မြောက် မြန်မာ
ရုပ်ရှင်နေ့တွင် မြန်မာ နိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ အနုပညာရှင် များအား
ဂုဏ်ပြုဆု များချီး မြှင့်ခဲ့ရာ အကယ်ဒမီ ဒါရိုက်တာ ဦး တင်ယု က ရုပ်ရှင်
တစ်သက်တာဆု ချီး မြှင့်ခြင်း ခံခဲ့ရသည်။ အဆိုပါ ရုပ်ရှင် တစ်သက်တာ ဆုသည်
မြန် မာ ရုပ်ရှင်လောက အတွက် အမြင့်မားဆုံး ဆုတစ်ဆု ဖြစ်သည်။ အကယ်ဒမီ
ဒါရိုက်တာ ဦးတင်ယုသည် အ သက် ငယ်စဉ် ကတည်းက ရုပ်ရှင် ဒါရိုက်တာ အဖြစ်
ဇာတ်ကားပေါင်း များစွာ ကို ရိုက်ကူးခဲ့ သူလည်းဖြစ် သည်။ ရုပ်ရှင်ကို
ချစ်ခင်မြတ်နိုးသူ ဖြစ်သည့် အလျောက် အသက်ရှင်စဉ် ကာလ များတွင် ရုပ်ရှင်လောက
ဖွံ့ဖြိုးတိုး တက်ရေး အတွက် သေ တစ် ပန်သက်ဆုံးဆောင်ရွက်ခဲ့သည်။
အသက်ရှင်စဉ်က ယခင်ရုင်ရှင်လောက ၏ ဖလင်များ ရိုက်ကူးရေး စက်များ စသည်
တို့ကို အမှတ်တရ ထားသည့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံး ဝင်းအတွင်း
ရှိ ရုပ်ရှင် ပြတိုက်ဖွင့် လှစ်သည့် နေရက်များတွင် အ မြဲရှိ တတ်ပြီး
နောင်လာ နောက်သား လူငယ်များ အတွက် ရုပ်ရှင်နှင့် ပတ်သက်သည့် အတွေ့ အကြုံ
များ ကို မ မောနိုင် မပန်းနိုင် ပြောပြခဲ့သည်။ ဒါရိုက်တာ ဦးတင်ယုသည် ၂ဝ၁၃
ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့ က နေအိမ်တွင် ကွယ်လွန်ခဲ့ရာ ရုပ်ရှင် လောက
အတွက် ကြီးစွာသော ဆုံးရှုံး နစ်နာမှု တစ်ခုဖြစ်ခဲ့သည်။ ယခု နှစ်မှာ
ကျင်းပမည့် ၉၃နှစ် ပြည့် မြန်မာ ရုပ်ရှင်နေ့တွင် ရုပ်ရှင် တစ်သက် တာဆု ကို
မြန်မာနိုင်ငံ ရုပ်ရှင် အ စည်း အရုံး နာယကကြီး ဗိုလ်ကလေး တင့်အောင် အား
ချီးမြှင့်မည် ဟု သိရ သည်။
ထွဋ်မြတ်
Popular Journal
No comments:
Post a Comment