Saturday, October 5, 2013

ဒေါ်လာ ၁၁ ဘီလီယံ ပြည်ပတွင် အပ်ထားမှု အစိုးရမသိဟု ထပ်မံရှင်းလင်း

ပြည်တွင်း သတင်းမီဒီယာအချို့က ဝိုင်းဝန်းဖော်ပြကြသည့် ငွေစာရင်း ငါးခုဖြင့် အမေရိကန်ဒေါ်လာ ၁၁ ဘီ လီယံကို ပြည်ပဘဏ်များတွင် အပ်နှံထားသည်ဆိုသော သတင်းနှင့်ပတ်သက်ပြီး အမှန်တကယ် အပ် ထားခြင်းရှိမရှိကို အစိုးရအနေနှင့်မသိရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် က ထပ်မံပြောကြားသည်။
ဒေါ်လာ ၁၁ ဘီလီယံ အပ်နှံထားမှုကြောင့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ ၏ ကြွေးမြီများကို လျှော်ပေးခြင်း မရှိဟု သတင်းမီဒီယာများ၏ ရေးသားချက်ကို အောက်တို ဘာလ ၄ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး တတိယမြောက်နေ့တွင် အစိုးရအဖွဲ့ကိုယ်စား လာရောက် ရှင်းလင်းစဉ် ၎င်းကအထက်ပါအတိုင်း ထပ်မံပြောကြားသွားခြင်း ဖြစ်သည်။

ယင်းဒေါ်လာ၁၁ ဘီလီယံကြောင့် ကမ္ဘာဘဏ်က မြန်မာနိုင်ငံ၏ ကြွေးမြီများကို လျှော်ပေးခြင်း မရှိ ဆိုသော သတင်းမှာ လုံးဝမှားယွင်းပြီး ကြွေးနွံနစ်နေသည့် နိုင်ငံများမှအပ ကျန်နိုင်ငံများကို ကမ္ဘာ ဘဏ် က ကြွေးလျှော်ပေးလေ့ မရှိကြောင်း ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က ထပ်လောင်း ရှင်းလင်းသည်။

မြန်မာနိုင်ငံမှာ ကြွေးနွံနစ်သည့် နိုင်ငံများစာရင်းတွင် မပါဝင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးက ဆိုသည်။

အဆိုပါ ၁၁ ဘီလီယံ သတင်းမှန်မမှန် ပြည်သူများကို တိတိကျကျ ရှင်းလင်းရန် လိုကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦဝင်းမြင့်က လွှတ်တော်တွင် မေးမြန်းရာ ဗဟို ဘဏ် ဥက္ကဋ္ဌက အဆိုပါ ငွေစာရင်း ငါးခုကို မသိကြောင်းသာ ထပ်မံဖြေကြားသည်။ “နိုင်ငံခြားဘဏ်တွေ မှာ မြန်မာ သူဌေးတွေ အပ်ထားတဲ့ ငွေတွေ ရှိနိုင်ပါတယ်။ ဘယ်ဘဏ်မှာ ဘယ်လောက် ရှိတယ်ဆိုတာ ကာယကံရှင်နဲ့ ဘဏ်လုပ်ငန်းရှင်များကပဲ အတိအကျ သိနိုင်တယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက မှတ်ချက်ပြုသည်။၏ ထို့အပြင် ဘဏ်များကလည်း မိမိ ဘဏ် ၌ အပ်နှံထားသူ တစ်ဦးချင်း၏ အပ်ငွေ မည်မျှရှိသည် ဆိုခြင်းကို လုံးဝထုတ်ဖော် ပြောကြားမည် မဟုတ်သဖြင့် မြန်မာသူဌေး အချို့၏ ဘဏ်စာရင်းငါးခုတွင် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ရှိနေသည်ဆိုသော သတင်းကို အတည် မပြုနိုင်သေးကြောင်း ၎င်းကသုံးသပ်သည်။

စက်တင်ဘာလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ဝန်ကြီးဌာနများ သတင်းစာရှင်းလင်းပွဲ တွင်လည်း ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေကြေး အရန်ငွေ အဖြစ် ဗဟိုဘဏ်၊ အစိုးရ ကုန်သွယ်မှု ဘဏ်များနှင့် ပုဂ္ဂလိကဘဏ် အသီးသီးက ပြည်ပဘဏ်များ၌ စုစုပေါင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလီယံ အပ်နှံထားပြီး ၁၁ ဘီလီယံ ကိစ္စကို မသိရှိရကြောင်း ပြောဆို ထားသည်။

အစိုးရများက နိုင်ငံရပ်ခြားတွင် ဘဏ်စာရင်းများ ဖွင့်လှစ်၍ နိုင်ငံခြားေ ငွကြေး အ ပ်နှံ ထားမှုမှာ ပုံမှန်လုပ်ငန်းတစ်ရပ်သာ ဖြစ်ကြောင်း ကမ္ဘာဘဏ် က ထုတ်ပြန် ပြောကြားထားသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ အထိ ရှိသော ဘဏ်စာရင်းငါးခု ကို ပြည်ပဘဏ်များ၌ အပ်နှံထားခြင်းကြောင့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ ကြွေးမြီများကို လျှော်ပေးခြင်း မရှိကြောင်း အမေရိကန်အခြေစိုက် Bank Imformation Center မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်း ပုဂ္ဂလိက သတင်းစာ အချို့တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment