Wednesday, October 23, 2013

EU မှ ချီးမြှင့်သည့် Sakharov လူ့အခွင့်အရေးဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ

၁၉၉၀ ပြည့်နှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို EU က ချီးမြှင့်ခဲ့သည့် Sakharov လူ့အခွင့်အရေးဆုကို အင်္ဂါနေ့တွင် လက်ခံရယူခဲ့သည်။ သို့သော်လည်း သူမအတွက် လုပ်ဆောင်စရာများသည် မပြီး ဆုံးသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

EU ပါလီမန်ဥက္ကဋ္ဌ Martin Schulz မှ ဒေါ်အောင်ဆန်းစုကြည်အား ဆုချီးမြှင့်ချိန်တွင် EU ပါလီမန် အဖွဲ့ဝင်များမှ မတ်တပ်ရပ်၍ လပ်ခုပ်တီးခဲ့ကြသည်။

၁၉၉၀ ပြည့်နှစ်ကစလို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးနဲ့ ပတ်သက်လို့ တိုးတက် မှုတွေပေါ် ပေါက်လာ ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ့တိုးတက်မှုတွေဟာ လုံလောက်တဲ့ အဆင့်အထိ ရောက်ရှိမလာ သေးပါဘူး . . . . .

"ဒီမိုကရေစီအတွက် တိုက်ပွဲဝင်သူတွေဟာ နောက်ဆုံးမှာ အောင်နိုင်ကြတယ် ဆိုတာကို ဒေါ်အောင်ဆန်း စုကြည်က သက်သေပြလိုက်တာပါပဲ။ သူမကို ဂုဏ်ပြုသင့်ပါတယ်။ သူမဟာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုရဲ့ သင်္ကေတ ပြယုဂ်တစ်ခုပါပဲ" ဟု အဆိုပါ ဆုချီးမြှင့်ပွဲတွင် EU ပါလီမန် ဥက္ကဋ္ဌ Martin Schulz က ပြောကြား ခဲ့သည်။

၁၉၉၀ ပြည့်နှစ်တွင် သူမ၏ပါတီမှ ရွေးကောက်ပွဲ အောင်နိုင်သော်လည်း အာဏာလွှဲပြောင်းပေးအပ်ခဲ့ခြင်း မရှိခဲ့သည်ကို ပြန်လည်ပြောကြားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မတို့ လက်ရှိအချိန်မှာ ဘယ်အဆင့်ကို ရောက်ရှိနေကြပါပြီလဲ။ ၁၉၉၀ ပြည့်နှစ်ကစလို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး နဲ့ ပတ်သက်လို့ တိုးတက်မှုတွေပေါ် ပေါက်လာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ့တိုးတက်မှုတွေဟာ လုံလောက်တဲ့ အဆင့်အထိ ရောက်ရှိမလာ သေးပါဘူး" ဟု နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း စုကြည် က ပြော ကြား ခဲ့သည်။

Sakharov လူ့အခွင့်ရေးဆုသည် လေးစားမှုခံရသည့် ဆုတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် လအတွင်းက အာဖဂန်နစ္စတန် နိုင်ငံသူ မာလာလာအား ချီးမြှင့်ခဲ့ပြီး ယခင်ဆုရှင်များတွင် တောင်အာဖရိကနိုင်ငံတွင် လူဖြူလူမည်း ခွဲခြားမှုအား အဆုံးသတ်ပေးခဲ့သူ နယ်ဆင်မင်ဒဲလားနှင့် ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်ဟောင်း ကိုဖီအာနန်တို့လည်း ပါဝင်သည်။

ဒေါ်အောင်းဆန်းစုကြည်သည် အဆိုပါဆုအား လက်ခံရယူပြီးနောက် ဗြိတိန်သို့ ဆက်လက် ထွက်ခွာ မည်ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment