Wednesday, October 23, 2013

တပ်မတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အစီရင်ခံစာအား လွှတ်တော်သို့ တင်သွင်းရန် လေ့လာဆဲဖြစ်ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ဝေလင်း ပြောကြား

တပ်မတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အစီရင်ခံစာအား လွှတ်တော်သို့ တင် သွင်းနိုင် ရန် လေ့လာ ဆဲသာ ဖြစ်သည်ဟု တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ဝေလင်းက ပြောကြားသည်။
တပ်မတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးသပ်ရေးဆိုင်ရာ အစီရင်ခံစာအား နိုဝင်ဘာ ၁၅ ရက်အမီ ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေးဆိုင်ရာ ကော်မတီသို့ တင်သွင်းမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မိမိတို့အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား လေ့လာဆဲသာဖြစ်ကြောင်း၊ အသေးစိတ်ပြောရန် အချိန်စောနေသေးကြောင်း . . . . .
အောက်တိုဘာ ၂၂ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးပြီးနောက် တပ်မတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အစီရင်ခံစာနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့် အခြေအနေ ကို မေးမြန်းရာတွင် ဗိုလ်မှူးချုပ်ဝေလင်းက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ဝေလင်းက မေးမြန်းချက်ကို ပြန်လည်ဖြေကြား ရာတွင် တပ်မတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးသပ်ရေးဆိုင်ရာ အစီရင်ခံစာအား နိုဝင်ဘာ ၁၅ ရက်အမီ ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေးဆိုင်ရာ ကော်မတီသို့ တင်သွင်းမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မိမိတို့အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား လေ့လာဆဲ သာဖြစ်ကြောင်း၊ အသေးစိတ်ပြောရန် အချိန်စောနေသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါ တပ်မတော်မှ တင်သွင်းမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အစီရင်ခံစာနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က "ကော်မတီကို လွှတ်တော်ကိုယ်စားလှယ် အသီးသီး၊ ပါတီအသီးသီး၊ အဖွဲ့အစည်း အသီးသီးအပြင် ပြည်သူကနေပါ အကြံပြုချက်တွေ ပို့နေသလို တပ်မတော်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်တဲ့ သုံးသပ်ချက်ကို ကျွန်တော်တို့ဆီပို့မယ့် သဘောပါ။ တပ်မတော်က အကြံပြုချက်တွေ ပို့လာရင်လည်း အဲဒီအချက်တွေအပြင် အခြားရရှိလာတဲ့ အချက်တွေ အားလုံးကို ပြည်ထောင်စု လွှတ်တော်ကို တင်သွင်းနိုင်ဖို့ နိုဝင်ဘာ ၁၅ ရက်နောက်ပိုင်း ဆက်လက်ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်" ဟု အောက်တိုဘာ ၂၂ ရက်တွင် ပြောကြားသည်။
ပြည်သူ့လွှတ်တော်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦးနှင့် အမျိုးသားလွှတ်တော်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၅၆ ဦးတို့သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား လေ့လာသုံးသပ်ကာ အစီရင်ခံစာ တင်သွင်းရန် ဖြစ်သည်ဟု သိရသည်။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှ ပြင်ဆင်နိုင်မည်ဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်ရှိ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အနက်မှ အချို့ပါ ထောက်ခံမှသာ ပြင်ဆင်နိုင် မည်ဖြစ် သည်။

Eleven

No comments:

Post a Comment