Thursday, October 17, 2013

ကုန်သည်ကြီးများဟိုတယ် ဗုံးဖောက်ခွဲခံရမှု KNU လုပ်ဆောင်ခြင်း မရှိဟုဆို

Photo: ကုန်သည်ကြီးများဟိုတယ် ဗုံးဖောက်ခွဲခံရမှု KNU လုပ်ဆောင်ခြင်း မရှိဟုဆို 
Thursday, October 17, 2013

ရန်ကုန်မြို့တော်ရှိ ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်ကွဲမှုသည် ကရင်အမျိုးသား အစည်းအရုံး KNU က လုပ်ဆောင်ခြင်း ဖြစ်သည် ဟု နိုင်ငံတကာ သတင်းဌာနများ၏ အင်တာနက် စာမျက်နှာများ တွင် ဖော်ပြထားချက်များမှာ မှားယွင်းပြီး KNU က ယင်းသို့ လုပ်ဆောင်ခြင်း မရှိကြောင်း အဆိုပါ အစည်းအရုံး၏ ကာကွယ်ရေးဌာန တာဝန်ခံ ဖဒိုစောရောဂျာခင်က ပြောကြားသည်။

စက်တင်ဘာ ၁၄ ရက်နေ့ညက ကုန်သည်ကြီးများဟိုတယ် ပေါက်ကွဲ ခဲ့မှုသည် KNU ၏ လုပ်ဆောင်ချက် ဖြစ်ကြောင်း နိုင်ငံခြား သတင်းဌာနများ၏ အင်တာနက် စာမျက်နှာများတွင် ဖော်ပြမှုနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ငြင်းဆန်လိုက်ခြင်း ဖြစ်သည်။“အဲလိုမျိုး စွပ်စွဲမယ် ဆို ရင်တောင် ကျွန်တော်တို့က လက်အောက်ခံ တပ်မဟာတွေကို စစ်ဆေးရမယ်။ အစိုးရက စွပ်စွဲတာလား။ သတင်းက စွပ်စွဲတာလား၊ ကျွန်တော်တို့မှာတော့ ဖောက်ခွဲရေးလုပ်ဖို့ ပေါ်လစီ မရှိဘူး” ဟု ၎င်းကဆိုသည်။

တိုင်းရင်းသားများအားလုံး နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ဦးတည်သွားနေသော အချိန်တွင် KNU အနေနှင့် ယင်းသို့ လုပ်ဆောင်မည် မဟုတ်ကြောင်း KNU တပ်မဟာ (၇) မှ ဗိုလ်မှူးဇော်ရှိုးက ပြောကြားသည်။
“အစိုးရနဲ့ KNU ခေါင်းဆောင်ပိုင်းတွေနဲ့ မကြာခဏ အဆက်သွယ် ရှိပါတယ်။ လုံးဝမလုပ်ပါဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းကို ဆက်သွယ် မေးမြန်းရာတွင် မည်သည့် မှတ်ချက်မျှ မပေးနိုင်ကြောင်း ၎င်းကဆိုသည်။
“ရှေ့မှာ သတင်းထုတ်ပြန်ထားပြီးသားပဲ။ အဲဒီကိစ္စကိုဖြေဖို့ အချိန်မရှိဘူး။ မအားဘူး” ဟု ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်ရှိ ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်မှုကို ကျူးလွန်သည်ဟု သံသယရှိသူ ဖာပွန်မြို့နယ် သူမွဲထကျေးရွာတွင် နေထိုင်သည့် အသက် ၂၆ နှစ်အရွယ် စောမြင့် လွင်ကို အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် သထုံခရိုင် ဘီးလင်း-နတ်ကြီး ကားလမ်းပေါ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သထုံခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင်း မြို့ကြီး အချို့တွင် အောက်တိုဘာ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဗုံးပေါက်ကွဲမှု ခြောက်ကြိမ်၊ ဗုံးတွေ့ရှိရမှု လေးကြိမ်၊ ဗုံးလန့်မှု ၁၀ ကြိမ် ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ကာ လေးဦး ဒဏ်ရာရရှိ ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယုံကြည်မှု တည်ဆောက်ရေးအတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် KNU ခေါင်းဆောင်များသည် စက်တင်ဘာလ ၂၈ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံထားသည်။

KNU ကို ၁၉၄၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီးနောက် အစိုးရကို နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင် တိုက်ခိုက်ခဲ့ပြီး သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

The Voice Weekly

ယုံကြည်မှု တည်ဆောက်ရေးအတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် KNU ခေါင်းဆောင်များသည် စက်တင်ဘာလ ၂၈ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံ ထားသည်။

KNU ကို ၁၉၄၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီးနောက် အစိုးရကို နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင် တိုက်ခိုက်ခဲ့ပြီး သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

The Voice Weekly

No comments:

Post a Comment