Thursday, October 17, 2013

နမ့်ခမ်းဗုံးပေါက်ကွဲမှု တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၌ အောက်တိုဘာ(၁၆)ရက်နေ့ည ဆယ်နာရီခွဲခန့်တွင် ဗုံးကွဲမှုဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ကြောင်း နမ့်ခမ်းမြို့ရဲစခန်းမှ သိရသည်။

“နမ့်ခမ်းမြို့လယ်က ဘုရားကျောင်းရှေ့မှာကွဲတာပါ။ သေးဆုံးတဲ့လူနဲ့ ဒဏ်ရရတဲ့လူကဘယ်ကလဲဆိုတာ စုံစမ်းတုန်းပဲရှိပါသေးတယ်” ဟု နမ့်ခမ်းရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက ပြောသည်။

ဗုံးကွဲမှုဖြစ်ပွားပြီးနောက် ပေါက်ကွဲသည့်ဗုံးမှာ မည်သည့်ဗုံးအမျိုးအစားဖြစ်သည်ကို စုံစမ်းနေဆဲဖြစ်သည်ဟု ၄င်းက ဆက် ပြောသည်။

“ ဗုံးပေါက်တယ်ဆိုတော့ လူတွေလန့်နေကြတာပေါ့၊ ကျွန်တော်တို့နားမှာတင် ဖြစ်သွားတာ”ဟု နမ့်ခမ်းမြို့မှတည်းခိုခန်းပိုင်ရှင် တစ်ဦးက ပြောသည်။

ထိုဗုံးကွဲမှုမတိုင်မီ အောက်တိုဘာ(၁၁)ရက်မှ (၁၅)ရက်နေ့ထိ ဗုံးကွဲမှုဖြစ်စဉ် (၆)ကြိမ်ဖြစ်ပွားခဲ့ပြီး တားဆီး နိုင်ခဲ့သည် ဖြစ်စဉ်(၅) ကြိမ်ရှိကြောင်း သိရသည်။

Myit Ma Kha Media Group.

No comments:

Post a Comment