Monday, October 21, 2013

၂၀၁၄ အတွက် Lamborghini Veneno အရေအတွက် သတ်မှတ်ချက်ဖြင့်သာ ထုတ်လုပ်ရောင်းချ သွားမည်

Photo: ၂၀၁၄ အတွက် Lamborghini Veneno အရေအတွက်သတ်မှတ်
ချက်ဖြင့်သာ ထုတ်လုပ်ရောင်းချသွားမည်
Monday, October 21, 2013

ကမ္ဘာကျော်ပြိုင်ကားများကို ငွေကြေးချမ်းသာသူများနှင့် ပြိုင်ကားစွဲလမ်း သူများက နှစ်စဉ်ကားသစ်ဝယ်ယူစီးမှုများရှိနေရာ ယခု ၂၀၁၄ ခုနှစ်အတွက်
 မော်ဒယ်သစ်ပြိုင်ကားတစ်စီးဖြစ်သည့် Lamborghini Veneno ကို ဂျာမနီ
 နိုင်ငံမှ မိတ်ဆက်ပြသလိုက်သည်။ 

ကား၏တန်ဖိုးမှာ ဒေါ်လာမီလီယံနှင့်ချီ၍ရှိသောကြောင့် အရေအတွက်ကန်
့သတ်ချက်ဖြင့် ထုတ်လုပ်ရောင်းချသွား ဖွယ်ရှိသည်ဟု Lamborghini ၏ စာမျက်နှာများတွင် တွေ့ရသည်။

တစ်နာရီလျှင် 220 mph အထိမောင်းနှင်နိုင်သောကြောင့် ဆီစားနှုန်း ပိုမိုလာနိုင်ကြောင်း သိရသည်။ ကား၏ကိုယ်ထည် အပြင်အဆင်ပိုင်းကို ကာဗွန်ဖိုက်ဘာအသုံးပြုထားပြီး ဒီဇိုင်းပိုင်းမှာ ရုပ်ရှင်ဇာတ်ကောင်များမှ စက်ရုပ်တစ်ကောင်သဖွယ် သက်ဝင်လှုပ်ရှားသွားလာနိုင်မည်ဖြစ်သည်။

 လေအဟုန်ကိုခွင်းကာ သက်ဝင်လှုပ်ရှားသွားလာနိုင်စေရန် မြင်းကောင်ရေ ၇၄၀ အထိ စွမ်းအင်ရှိသော အင်ဂျင်ပါဝင်မည်ဖြစ်သည်ဟု သိရသည်။ အဆိုပါပြိုင်ကား၏ တန်ဖိုးမှာ လက်ရှိအနေအထား အတွက် အမေရိကန်
 ဒေါ်လာ လေးဘီလီယံအထိရှိနိုင်ကြောင်း နည်းပညာသတင်းစာမျက်နှာ များတွင် တွေ့ရသည်။ 

သုံးစက္ကန့်အတွင်း ဂီယာ ခုနစ်ချက်ဖြင့် 60 mph အထိ အမြန်နှုန်းမြှင့်နိုင်ပြီး
 ပေါ့ပါးသော ကာဗွန်ဖိုက်ဘာကိုယ်ထည်ဖြင့် အင်ဂျင်စွမ်းအင်ကြီးမားမှု
တို့ကြောင့် ငွေကြေးချမ်းသာသူများနှင့် ပြိုင်ကား စွဲလမ်းသူများက အထူးပင်စိတ်ဝင်စားလျက် ရှိကြောင်း ဆိုထားသည်။ အဆိုပါ ပြိုင်ကားကို ယခုနှစ်အတွက် ဒီဇိုင်းထုတ်လုပ်သော အရည်အသွေးမြင့် ဈေးကွက် အတွင်းဆန်းသစ်နိုင်စေရန် ရည်ရွယ်ထားသည်ဟု သိရသည်။ 

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း 
ကမ္ဘာကျော်ပြိုင်ကားများကို ငွေကြေးချမ်းသာသူများနှင့် ပြိုင်ကားစွဲလမ်း သူများက နှစ်စဉ်ကားသစ်ဝယ် ယူစီးမှုများ ရှိနေရာ ယခု ၂၀၁၄ ခုနှစ်အတွက် မော်ဒယ်သစ်ပြိုင်ကား တစ်စီးဖြစ်သည့် Lamborghini Veneno ကို ဂျာမနီ နိုင်ငံမှ မိတ်ဆက်ပြသလိုက်သည်။ 

ကား၏တန်ဖိုးမှာ ဒေါ်လာမီလီယံနှင့်ချီ၍ရှိသောကြောင့် အရေအတွက်ကန့် သတ်ချက်ဖြင့် ထုတ်လုပ်ရောင်း ချသွား ဖွယ်ရှိသည်ဟု Lamborghini ၏ စာမျက်နှာများတွင် တွေ့ရသည်။

တစ်နာရီလျှင် 220 mph အထိမောင်းနှင်နိုင်သောကြောင့် ဆီစားနှုန်း ပိုမိုလာနိုင်ကြောင်း သိရသည်။ ကား၏ကိုယ်ထည် အပြင်အဆင်ပိုင်းကို ကာဗွန်ဖိုက်ဘာအသုံးပြုထားပြီး ဒီဇိုင်းပိုင်းမှာ ရုပ်ရှင် ဇာတ် ကောင် များမှ စက်ရုပ်တစ်ကောင်သဖွယ် သက်ဝင်လှုပ်ရှားသွားလာနိုင်မည်ဖြစ်သည်။

လေအဟုန်ကိုခွင်းကာ သက်ဝင်လှုပ်ရှားသွားလာနိုင်စေရန် မြင်းကောင်ရေ ၇၄၀ အထိ စွမ်းအင်ရှိသော အင်ဂျင်ပါဝင်မည်ဖြစ်သည်ဟု သိရသည်။ အဆိုပါပြိုင်ကား၏ တန်ဖိုးမှာ လက်ရှိအနေအထား အတွက် အမေရိကန်
ဒေါ်လာ လေးဘီလီယံအထိရှိနိုင်ကြောင်း နည်းပညာသတင်းစာမျက်နှာ များတွင် တွေ့ရသည်။ 

သုံးစက္ကန့်အတွင်း ဂီယာ ခုနစ်ချက်ဖြင့် 60 mph အထိ အမြန်နှုန်းမြှင့်နိုင်ပြီးပေါ့ပါးသော ကာဗွန် ဖိုက်ဘာ ကိုယ်ထည်ဖြင့် အင်ဂျင်စွမ်းအင်ကြီးမားမှုတို့ကြောင့် ငွေကြေးချမ်းသာသူများနှင့် ပြိုင်ကား စွဲလမ်းသူများက အထူးပင်စိတ်ဝင်စားလျက် ရှိကြောင်း ဆိုထားသည်။ အဆိုပါ ပြိုင်ကားကို ယခုနှစ်အတွက် ဒီဇိုင်း ထုတ်လုပ်သော အရည်အသွေးမြင့် ဈေးကွက် အတွင်းဆန်းသစ်နိုင်စေရန် ရည်ရွယ်ထားသည်ဟု သိရ သည်။ 

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment