Monday, October 21, 2013

အခုရက်ပိုင်းတွေမှာ ဘာလို့မိုးတွေရွာ....

အခုရက်ပိုင်းတွေမှာ ဘာလို့မိုးတွေရွာ....
Monday, October 21, 2013

Weather News Update
21-10-2013
2:37 am

ပြီးခဲ့တဲ့ရက်တွေမှာ မြန်မာတစ်နိုင်ငံလုံးလိုလိုမှာ မိုးတွေရွာခဲ့ပါတယ်။ ဖြစ်ချင်တော့ သီတင်းကျွတ်အခါသမယ အဘိဓမ္မာအခါတော်နေ့ ထူးနေ့မြတ်ကြီးမှာ နိုင်ငံနဲ့အ၀ှမ်း မီးထွန်းပွဲတော်တွေ၊ တရားပွဲတွေ ဆင်နွဲနေတဲ့အခါသမယမို့ အားလုံးအတွက် အမှတ်တယ ရှိစေရုံမက စိတ်အနှောက်အယှက်လည်းဖြစ်စေခဲ့ရပါတယ်။

မုတ်သုံမရှိ၊ မုန်တိုင်းမရှိ၊ အရှေ့လေပွေလှိုင်းမရှိ၊ ဘာမှမရှိပါဘဲလျက် ကိုရွှေမိုးက အငြိုးကြီးစွာ ရွာနေလေတော့ ဘာကြောင့်လည်းလို့ အဖြေရှာကြည့် မိပါတယ်။ တွေ့ဘူးတဲ့ ကိစ္စတစ်ရပ်ကြောင့် ရွာခဲ့တာကိုတွေ့ရပါတယ်။

ွှဲဒါကတော့ လက်ရှိအချိန်မှာ စောစောပိုင်းကဖြစ်သွားခဲ့တဲ့ Phailin ဆိုင်ကလုန်း မုန်တိုင်း အပါအ၀င် မုန်တိုင်းတွေ မကြာမကြာဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံ ရဲ့လေထုထဲမှာရေငွေ့တွေဟာ မုတ်သုံလေဆုတ်ခွာခဲ့ပြီးဖြစ်ပေမယ့် များများစားစား ရှိနေကြဆဲဖြစ်ပါတယ်။ အဲဒီအချိန်မှာ တရုတ်ပြည်မကြီးအပေါ်မှာ ရာသီအလိုက်ဖြစ်ပေါ်ရတဲ့ လေဖိအားများရပ်ဝန်းကြီး(High Pressure Area) တစ်ခု ဟာ အားကောင်းကောင်းနဲ့ဖြစ်နေပါတယ်။

ဖြစ်ချင်တော့ အဲဒီလေဖိအားများရပ်ဝန်းကြီးက အရှေ့မြောက်လေအေးတွေ ဟာ မြန်မာနိုင်ငံအွင်းကို တိုးဝင်လာလိုက်တာ ကပ္ပလီပင်လယ်ပြင်အထိရောက် ခဲ့ပါတယ်။ ဒီတော့ ပူနွေးစွတ်စိုနေတဲ့လေထု အခံနဲ့ အေးပြီးခြောက်သွေ့တဲ့ တိုးဝင်လာတဲ့လေအေးတွေ တွေ့ကြတဲ့အခါ သဘာဝအရ လေထုနှစ်ခုရောစပ်မှု(Two Air Masses Mixing) ဖြစ်ခဲ့ပြီး တိမ်တွေဖြစ်။ မိုးတွေရွာ ဖြစ်ခဲရကြောင်းပါ။

ရွာတဲ့မိုးကလည်း နေရာတော်တော်များများ အချိန်တော်တော်ကြာကြာ ရွာခဲ့ပါတယ်။ အရင်ကလည်း ဒါမျိုးဖြစ်ခဲ့ဘူးပါတယ်။ ၂၀၁၁ မတ်လ (၁၅-၁၆-၁၇) သုံးရက် တိတိ နွေခေါင်ခေါင်မတ်လကြီးမှာ မိုးတွင်းလိုမိုးတွေရွာ၊ ဆောင်းတွင်းလိုအေး ခဲ့တာ မိတ်ဆွေတွေမှတ်မိဦးမှာပါ။ အဒီတုံးကပေါ့ ဖျာပုံမြစ်ဝက ကျားဖေါင်တွေ မျောပါကုန် လို့ အသက်မသေဘဲ ကျန်ရစ်သူတွေကို သီရိလင်္ကာနိုင်ငံအထိ သွားကယ်ခဲ့ရတာလေ။
အဲဒီတုံးကလည်း အခုလို အရှေ့မြောက်လေအေးတွေတိုးဝင်ခဲ့တာပေါ့။

အဲဒိတုံးကတော့လေအေးတွေဟာ တိုးဝင်လာလိုက်တာ မြန်မာပြည် နယ်နမိတ်ကိုကျော်ပြီး ဘင်္ဂလားပင်လယ်ကြီးကိုတောင် လွန်သွားကာ သီရိလင်္ကာနိုင်ငံအထိရောက်သွားခဲ့လို့ ရာသီဥတုက ဒီထက်အများကြီး ပိုဆိုးခဲ့တာပေါ။

မိုးလေ၀သဆိုတာ အကြောင်းမရှိဘဲ အကျိုးမဖြစ်ပါဘူးဗျာ။ အဲ...အရေးကြီးတာက အဲဒီအကြောင်းကို ကြိုမြင်တတ်ကြဖို့ပါဘဲ။

ဒေါက်တာထွန်းလွင်
Weather News Update
21-10-2013
2:37 am

ပြီးခဲ့တဲ့ရက်တွေမှာ မြန်မာတစ်နိုင်ငံလုံးလိုလိုမှာ မိုးတွေရွာခဲ့ပါတယ်။ ဖြစ်ချင်တော့ သီတင်းကျွတ် အခါသမယ အဘိဓမ္မာအခါတော်နေ့ ထူးနေ့မြတ်ကြီးမှာ နိုင်ငံနဲ့အ၀ှမ်း မီးထွန်းပွဲတော်တွေ၊ တရားပွဲတွေ ဆင်နွဲနေတဲ့အခါသမယမို့ အားလုံးအတွက် အမှတ်တယ ရှိစေရုံမက စိတ်အနှောက် အယှက်လည်းဖြစ်စေခဲ့ရပါတယ်။

မုတ်သုံမရှိ၊ မုန်တိုင်းမရှိ၊ အရှေ့လေပွေလှိုင်းမရှိ၊ ဘာမှမရှိပါဘဲလျက် ကိုရွှေမိုးက အငြိုးကြီးစွာ ရွာနေလေတော့ ဘာကြောင့်လည်းလို့ အဖြေရှာကြည့် မိပါတယ်။ တွေ့ဘူးတဲ့ ကိစ္စတစ်ရပ်ကြောင့် ရွာခဲ့တာကိုတွေ့ရပါတယ်။

ွှဲဒါကတော့ လက်ရှိအချိန်မှာ စောစောပိုင်းကဖြစ်သွားခဲ့တဲ့ Phailin ဆိုင်ကလုန်း မုန်တိုင်း အပါအ၀င် မုန်တိုင်းတွေ မကြာမကြာဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံ ရဲ့လေထုထဲမှာရေငွေ့တွေဟာ မုတ်သုံလေ ဆုတ်ခွာခဲ့ပြီးဖြစ်ပေမယ့် များများစားစား ရှိနေကြဆဲဖြစ်ပါတယ်။ အဲဒီအချိန်မှာ တရုတ်ပြည်မကြီးအပေါ်မှာ ရာသီအလိုက်ဖြစ်ပေါ်ရတဲ့ လေဖိအားများရပ်ဝန်းကြီး(High Pressure Area) တစ်ခု ဟာ အားကောင်းကောင်းနဲ့ဖြစ်နေပါတယ်။

ဖြစ်ချင်တော့ အဲဒီလေဖိအားများရပ်ဝန်းကြီးက အရှေ့မြောက်လေအေးတွေ ဟာ မြန်မာနိုင်ငံအွင်းကို တိုးဝင်လာလိုက်တာ ကပ္ပလီပင်လယ်ပြင်အထိရောက် ခဲ့ပါတယ်။ ဒီတော့ ပူနွေးစွတ်စိုနေတဲ့လေထု အခံနဲ့ အေးပြီးခြောက်သွေ့တဲ့ တိုးဝင်လာတဲ့လေအေးတွေ တွေ့ကြတဲ့အခါ သဘာဝအရ လေထုနှစ် ခုရောစပ်မှု(Two Air Masses Mixing) ဖြစ်ခဲ့ပြီး တိမ်တွေဖြစ်။ မိုးတွေရွာ ဖြစ်ခဲရကြောင်းပါ။

ရွာတဲ့မိုးကလည်း နေရာတော်တော်များများ အချိန်တော်တော်ကြာကြာ ရွာခဲ့ပါတယ်။ အရင်ကလည်း ဒါမျိုးဖြစ်ခဲ့ဘူးပါတယ်။ ၂၀၁၁ မတ်လ (၁၅-၁၆-၁၇) သုံးရက် တိတိ နွေခေါင်ခေါင်မတ်လကြီးမှာ မိုးတွင်းလိုမိုးတွေရွာ၊ ဆောင်းတွင်းလိုအေး ခဲ့တာ မိတ်ဆွေတွေမှတ်မိဦးမှာပါ။ အဒီတုံးကပေါ့ ဖျာပုံမြစ်ဝက ကျားဖေါင်တွေ မျောပါကုန် လို့ အသက်မသေဘဲ ကျန်ရစ်သူတွေကို သီရိလင်္ကာနိုင်ငံအထိ သွားကယ် ခဲ့ရတာလေ။
အဲဒီတုံးကလည်း အခုလို အရှေ့မြောက်လေအေးတွေတိုးဝင်ခဲ့တာပေါ့။

အဲဒိတုံးကတော့လေအေးတွေဟာ တိုးဝင်လာလိုက်တာ မြန်မာပြည် နယ်နမိတ်ကိုကျော်ပြီး ဘင်္ဂလား ပင်လယ်ကြီးကိုတောင် လွန်သွားကာ သီရိလင်္ကာနိုင်ငံအထိရောက်သွားခဲ့လို့ ရာသီဥတုက ဒီထက် အများကြီး ပိုဆိုးခဲ့တာပေါ။

မိုးလေ၀သဆိုတာ အကြောင်းမရှိဘဲ အကျိုးမဖြစ်ပါဘူးဗျာ။ အဲ...အရေးကြီးတာက အဲဒီအကြောင်းကို ကြိုမြင် တတ်ကြဖို့ပါဘဲ။

ဒေါက်တာထွန်းလွင်

No comments:

Post a Comment