Thursday, November 14, 2013

" အဓိက သရုပ်ဆောင်အဖြစ် ရိုက်ကူးဖို့ငြင်းခဲ့တဲ့ ကလေးသရုပ်ဆောင် ယွန်းယွန်း "








ဇာတ်ကားတွေမှာ ပီပြင်စွာနဲ့ ကလေး သရုပ်ဆောင် တစ် ယောက် အဖြစ် သရုပ်ဆောင်လေ့ ရှိတဲ့ ယွန်းယွန်းက ဇာတ်ကားတွေကို မိသားစုတွေ နဲ့ အကုန် တိုင်ပင်ပြီးမှ လက် ခံလေ့ ရှိတယ်လို့ ပြောပြပါတယ်။ ဇာတ်ကားတွေ ရိုက်ကူးတဲ့ အခါ ပရိသတ်တွေ ရဲ့အမြင်ကိုပါ ထည့် စဉ်းစား လာတယ်လို့ ပြောပြတဲ့ ယွန်းယွန်းက….
“ကြော်ငြာတွေ ရိုက်တယ်။ ငယ်ငယ်ကတည်းက ဒီလိုပဲ နှစ်ဖက်မျှ လုပ်နေကြဆိုတော့ နှစ်ဖက် စလုံးနိုင်နိုင် နင်းနင်း ရှိပါတယ်။ ဖေဖေနဲ့ မေမေတို့ကလည်း ဝိုင်းကူပြီးလုပ်ပေး တယ်လေ။ သမီးက အနုပညာ အလုပ်တွေစလုပ်တုန်းက ငယ်ငယ်လေးပဲ ရှိသေးတော့ ဘာခံစားချက် မှ မရှိသေးဘူးလေ ။နောက်ပိုင်း ဇာတ်ကားတွေကို ရိုက်ရင်းနဲ့ အနုပညာ အလုပ်ကို ချစ်မြတ်နိုးလာတာပါ။ သမီးကို လက်တွဲခေါ် ပေးကြတဲ့ စီနီယာတွေ အကုန်လုံး ကိုလည်း ကျေးဇူးတင်ပါတယ်။ အခု ဇာတ်လမ်းတွဲ ရိုက်ဖို့ ပြောထားတာ ရှိတယ်။ ပထမဆုံး ဇာတ်လမ်းတွဲပေါ့။ ဇာတ်လမ်းတွေ က ငယ်ငယ်တုန်း ကတော့ ဘာမှမသိသေးတော့ သိပ်မခက်ခဲဘူး။ ကိုယ်ပင်ပန်း မလား ဆိုတာပဲ ရှိတယ်။ အခု ကြီးလာတော့ ပရိသတ်ရဲ့အမြင်ကိုပါ ထည့် စဉ်းစားလာရတယ်။ ဒီလို အပြောင်းအလဲ အချိန်မှာ မေမေနဲ့ လည်းသေချာ ညှိနှိုင်း ဖေဖေရဲ့ အကြံဥာဏ်ကိုယူပြီး သေသေချာချာ ဆုံးဖြတ်ပါတယ်။ သမီးမမြင် သေးတဲ့ ရှုထောင့်တွေ ကနေ စဉ်းစားပေးတယ်လေ” လို့ပြောပြပါတယ်။
ကလေး သရုပ်ဆောင်တစ်ယောက် အနေနဲ့ဇာတ်ကားတွေ ရိုက်ကူးမှု အပြင် အဓိက သရုပ်ဆောင်တစ်ယောက် အနေနဲ့ ဇာတ်ကားတွေ ရိုက်ကူး ဖို့နဲ့ ပတ်သက်ပြီး “သမီးကို ရုပ်ရှင်ကားကြီးတစ်ကား နဲ့ဗီဒီယိုကား တစ်ကားကို ကမ်းလှမ်းတာကို မိသားစုတွေ အကုန်လုံးတိုင်ပင်ပြီးတော့ ငြင်းခဲ့ပါတယ်။ မဖြစ်သင့်သေးတာရော၊ ပရိသတ်တွေ လက်မခံသေးမှာ စိုးတဲ့အတွက် ရော ပညာရေးဘက်မှာ အားလျော့သွားမှာစိုးတဲ့ အတွက်ကြောင့်ပါ။ ပေးလာတဲ့ ဇာတ်လမ်းပေါ် မှာရော မူတည်ပြီး ပရိသတ်ဘက်က အမြင်ရော၊ သမီး စိတ်ပါဝင်စားတဲ့ အပေါ် မူတည်ပါတယ်။ သမီးလုပ်နိုင်တဲ့ ဇာတ်လမ်း မျိုးတွေဆိုကျောင်းမပြီးခင် ရိုက်နိုင်ပါတယ်” လို့ ပြောပါ တယ်။
မေမွန်မောင်
Popular Journal

2 comments:

  1. ညီမလေးယွန်းဒါရိုက်တာဝိုင်းနဲ့ရိုက်ရင်သတိ

    ထားနော်ရှောင်သင့်တဲ့ကားဆိုရှောင်နော

    ညီမလေးယွန်းဖြူစင်တဲ့ဘဝကိုအရောင်မဆိုး

    ပါနဲ့နောအမေစုကိုအတုယူပါ

    ReplyDelete
  2. ညီမလေးယွန်းအတွက်

    ခရစ်စမတ်စကားလက်ဆောင်

    ယွန်းထာဝရအောင်မြင်ပါစေ ပျော်ရွှင်ပါစေ

    ကျန်းမာပါစေ ကိုယ်လိုချင်တဲ့အရာကို့စိတ်

    တသားတဲဖြစ်ပါစေ ဘုရားရှင်ကောင်းကြီး

    ပေးပါစေ
    အမြဲစံပြတဲ့ညီမလေးဖြစ်ပါစေ

    ReplyDelete