Sunday, November 17, 2013

အရိုးအဆစ်ရောင်၊အကြောတက်ခြင်း

အကြော၊ အဆစ်နဲ့ ကာယကုဌာနမှာ လာပြလေ့ ရှိတဲ့လူနာရဲ့ ၅ ရာခိုင်နှုန်းမှာ အကြော တက်ခြင်းဟာ ဖြစ်ပွား တတ်ပါ တယ်။ အမျိုးသမီးတွေက အမျိုးသား တွေထက် ၁ဝ ဆပိုတယ်။ အကြော တက်တာဟာ လူတွေရဲ့ နေမှုထိုင်မှု ဘဝနဲ့ တိုက်ရိုက် ဆက်စပ်နေတယ်။

အကြောတက် ရောဂါ မှန်ကန်ကြောင်း သိရှိရန် အတွက် သွေးစစ်၊ဓာတ်မှန်ရိုက် စစ်ဆေးဖို့ မလိုဘူး။ သေချာ မေးမြန်း၊ စမ်းသပ်ရင်း နဲ့ ရောဂါ ဖော် ထုတ်နိုင်တယ်။

ဒါ့အပြင် အဆစ်တစ်ခုတည်း ကိုက်တယ်ဆိုတဲ့ ဂေါက်အဆစ်ရောင် ရောဂါနဲ့လည်း ခွဲခြားနိုင် တယ်။ ခြေမတစ်ချောင်းပဲ နာရင် အရိုးကျီးပေါင်း တက်နိုင်တယ်။ ဒူးနာလာတယ်။ အရိုးအဆစ် သုံးလေးခု နာပြီး ရောင်လာရင်တော့ လေးဖက်နာ ဖြစ်နိုင်တယ်။ အေအက်အို စစ်လို့များ နေရင် ဒါမှ မဟုတ် အဆစ် သုံးလေးခုနာပြီး လာပြရင် ပိုးလေးဖက်နာ ဖြစ်တယ်။ မကုသရင် နှလုံးကို ထိခိုက်နိုင် တယ်။

လက်ချောင်း၊ ခြေချောင်းနာပြီး ထောက်ရင် အဆစ် လေးငါးခုနဲ့ ဒူးနာ၊ တံတောင်ဆစ်နာ၊ လည်ပင်းနာ၊ နောက်ကျောနာ၊ လက်ပြန်နှစ်ခုကြား ထိုးတယ်လို့ ပြောရင် သွေးလေးဖက်နာ ဆိုတာ ကတော့ သေချာနေပါပြီ။ တစ်နေရာတည်း မဟုတ်ဘဲအဆစ်၊ အကြော၊ အသား စတဲ့ နေရာအနှံ့နာတာ ဆိုရင် လေးဖက်နာ မဟုတ်တော့တဲ့ အကြောတက် ရောဂါ ဖြစ် လာတော့တယ်။

အကြောတက် ရောဂါဆိုရင် ပခုံး၊ လက်မောင်း၊ လက်ပြင်ကြား ဇက်ကြောတက်၊ ခါးနာ စသဖြင့် နေရာအနှံ့ နာတယ်။ အစာစားရင် တစ်ဆို့ဆို့ဖြစ်ပြီး အစာစားပြီးစ ဆိုရင် ဝမ်းမသွားဘဲ မနေနိုင်ခြင်း၊ အိပ်မပျော်ခြင်း၊ ခါးနာ ခြင်း၊ စိတ်ဝင်စားမှု လျော့ခြင်း၊ မနက် စောစော အကြော တောင့် တင်းခြင်းတို့ ဖြစ်တယ်။

အကြောတက်တာဟာ စိတ်ရောဂါ တစ်ခုလို့ ပြောနိုင်တယ်။ ညအိပ်ရေး ပျက်တာ၊ နှစ်နှစ်ခြိုက်ခြိုက် မအိပ်နိုင် တဲ့အတွက် ကြွက်သားတွေ အနားမရဘဲ ကြာရှည် ကားမောင်း သို့မဟုတ် လမ်းလျှောက်ရင် မနက်အိပ်ရာထမှာ နာကျင် ခြင်း၊ နွမ်းလျခြင်းဖြစ်တယ်။

စိတ်ကို ပြေလျော့အောင် လေ့ကျင့်ခန်း လုပ်ရမယ်။ တရားထိုင်တာ အကောင်းဆုံးပဲ။ ဝင်လေသိ၊ ထွက်လေသိ၊ အမှတ်စိပ်စိပ်နဲ့ မှတ်ရင်း အိပ်ပျော် သွားတာမျိုး။ ဘယ်လိုမှ မအိပ်ရင် အိပ်ဆေး ဗေလီယန် သို့မဟုတ် အပရာဇို လင်းကို အိပ်မပျော်တဲ့ ညတိုင်း သောက် သုံးနိုင်တယ်။ စိတ်မငြိမ်ရင် ထရပ်တာ နှစ်လုံး၊ သုံးလုံးထည့် သောက်ရင် အိပ် ပျော်သွားပါတယ်။

အကြောလျော့စေတဲ့ ပရိုပန်နိုကေ နဲ့ နျူရိုဗိုင်အွန် အားဆေးသောက်နိုင်တဲ့ အပြင် ငါးကြီးဆီ၊ ပင်လယ်ငါးစား ပေးရမယ်။ အေရိုးဗစ်လေ့ကျင့်ခန်းလုပ်၊ လမ်းလျှောက်၊ ရွရွပြေးစသဖြင့် တစ်ပတ်မှာ အနည်းဆုံး သုံးရက် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်သင့်တယ်။ ကော်ဖီ၊ လက်ဖက်ရည်၊ ဘာလီ၊ အရက်လျှော့ရမယ်။ ပိုးလေးဖက်နာလို နှလုံးထိခြင်း၊ သွေးလေးဖက်နာလို အိပ်ရာထဲ လဲနေခြင်းတော့ မရှိဘဲ ဆေးမှန်မှန် သောက်၍ လေ့ကျင့်ခန်း လုပ် ခြင်း၊ နှိပ်နှယ်ပေးခြင်း၊ ရေနွေးနဲ့ ရေချိုး ခြင်းဖြင့် သက်သာစေတယ်။

မြ၀တီ

No comments:

Post a Comment