Wednesday, November 20, 2013

နေပြည်တော်ကောင်စီနယ်မြေ ဝန်ထမ်းအိမ်ရာများ Cable TV ကို Digital စနစ်ဖြင့် ကြည့်ရှုရတော့မည်

နေပြည်တော် ကောင်စီနယ်မြေရှိ ကံ့ကော်အိမ်ရာ၊ ခရေအိမ်ရာ အကွက် ၁/၂/၃/၄/၅၊ အိမ်တော်၊ လွှတ်တော်၊ ပိတောက်အိမ်ရာ၊ အိုးအိမ်၊ ပြည်ထောင်စုဝန်ကြီးရုံးများ၊ ဘောဂသီရိကားဝင်း၊ ရေဆင်း၊ တပ်ကုန်း စသည်တို့တွင် အဆောက်အအုံ ၂၆၅၂ လုံးရှိရာ အဆိုပါနေရာများအတွက် CATV Point ၃၀၉၉၂ ခုကို ချိတ်ဆက်ထားကြောင်း သိရသည်။

ယခုအခါ အဆိုပါ CATV Network ကို Digital အဖြစ် ဒီဇင်ဘာ ၁ ရက်တွင် တိုးမြှင့်တော့မည်ဖြစ်သည်။ ဝန်ထမ်းများအနေဖြင့် ယခင်ထုတ်လွှင့်လျက်ရှိသည့် လိုင်းပေါင်း ၂၀ ခန့်ကို Digital အဖြစ် အခမဲ့ဆက်လက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး အခပေးလိုင်း ၁၈ လိုင်းကိုလည်း တစ်လလျှင် ငွေကျပ် ၂၀၀၀ ဖြင့် သုံးလတစ်ကြိမ် သက်တမ်းတိုး ကြည့်ရှုနိုင်မည် ဖြစ်သည်။

သို့သော်လည်း ဒီဇင်ဘာ ၁ရက်မှစတင်ကာ ယခုထုတ်လွှင့်လျက်ရှိသည့် CATV ရုပ်သံလိုင်းများကို လက်ရှိအနေအထားဖြင့် ကြည့်ရှုရနိုင်တော့မည်မဟုတ်ဘဲ Set Top Box ကို ကြားခံအဖြစ်သုံးပြီးမှသာ ရုပ်သံလိုင်းများကို ကြည့်ရှုနိုင်မည်ဖြစ်သည်။ Set Top Box တပ်ဆင်ရန်အတွက် စက်တန်ဖိုး ငွေကျပ် ၃၃၀၀၀ နှင့် Smart Card အတွက် ငွေကျပ် ၉၀၀၀ စုစုပေါင်း ၄၂၀၀၀ ကျသင့်မည်ဖြစ်သည်။

အဆိုပါ Set Top Box တပ်ဆင်ရန် ကုန်ကျစရိတ်ငွေ တလုံးတခဲ မတတ်နိုင်သူများအား နေပြည်တော် စည်ပင်ဘဏ်က အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြင့် ချေးပေးမည်ဖြစ်ပြီး လစဉ် ငွေ ၃၉၅၅ ကျပ်ကို တစ်နှစ်အကျေ ပြန်ဆပ်ရမည်ဖြစ်သည်။

နေပြည်တော်ကောင်စီနယ်မြေတွင် ယခုကဲ့သို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီက ထုတ် လွှင့်ရေးဆောင်ရွက်ရခြင်းသည် လက်ရှိထုတ်လွှင့်ရေးဆောင်ရွက်နေသည့် ဆက်သွယ်ရေးနှင့် MRTV တို့က ဆောင်ရွက်ရန်မဖြစ်နိုင်သဖြင့် ဆောင်ရွက်ရခြင်းသာဖြစ်ကြောင်း နေပြည်တော်စည်ပင်မှ သိရှိရသည်။

The Mirror Daily

No comments:

Post a Comment