Monday, November 25, 2013

မန်စီးတီး Vs စပါး ပွဲအပြီး မှတ်တမ်း (သို့) အဆင့် ၁ မှ ၄ အတွင်းဝင်ခဲ့သည့် အသင်းများ

Photo: မန်စီးတီး Vs စပါး ပွဲအပြီး မှတ်တမ်း (သို့) အဆင့် ၁ မှ ၄ အတွင်းဝင်ခဲ့သည့် အသင်းများ 
Monday, November 25, 2013

တနင်္ဂနွေညရဲ့  ပထမဦးဆုံးပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ စပါးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။ အသင်းကြီးများ ဖြစ်တာနှင့်အညီ အကြိတ်အနယ်ပွဲစဉ်တစ်ခုအဖြစ် ခန့်မှန်းရပေမည့်လည်း ပွဲအပြီးမှာ မန်စီးတီးအသင်းက (၆) ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားပါသည်။ မန်စီးတီးအတွက် အနိုင်ဂိုးသွင်းခဲ့တဲ့သူတွေကတော့ ပထမဦးဆုံး မန်စီးတီးမှ နဗက် က ပွဲချိန် (၁) မိနစ်အတွင်းမှာ ဗွေဆော်ဦးဂိုး နှင့် ပွဲချိန် (၉၀) တို့မှာ အပိတ်ဂိုးသွင်းနိုင်ခဲ့တဲ့ ကစား သမားတစ်ဦးဖြစ်ခဲ့ပြီး၊ ထိုနေ့ပွဲအတွက် အကောင်းဆုံး ကစားသမားဆုရခဲ့တဲ့ မန်စီးတီးအသင်း၏ တိုက်စစ်မှုး အကွိရိုကလည်း ပွဲချိန် (၄၁) မိနစ် နှင့် (၅၀) မိနစ်တို့မှာ အနိုင်ဂိုး (၂) ဂိုး နှင့် ပွဲချိန် (၅၅) မိနစ်မှာ တိုက်စစ်မှုး နက်ဂရီဒိုမှလည်း အနိုင်ဂိုးတစ်ဂိုး အသီးသီး သွင်းယူခဲ့ကြပါသည်။ ကျန်တဲ့ ဂိုးတစ်ဂိုးကတော့ စပါးအသင်းမှ Own goal ပေးလိုက်ရခြင်းဖြစ်ပါသည်။ မန်စီးတီးအသင်း၏ ယခုရာသီ ရလဒ်မတည်ငြိမ်မှုများနှင့် အသင်းကြီးများနှင့် တွေ့ဆုံတိုင်းမှာလည်း အကောင်းဆုံးပုံစံဖြင့် ရလဒ်ကောင်းများကို မြင်တွေ့ရတာမို့ ပရီးမီးယာလိ၈်၏ ထူးခြားတဲ့ အသင်းတစ်သင်းဖြစ်လာခဲ့ရပါသည်။ ယခုပွဲအနိုင်ရလဒ်ကြောင့် မန်စီးတီးအသင်းသည် အဆင့် (၉)နေရာမှ အဆင့် (၄) နေရာအတွင်းကို ရောက်ရှိလာခဲ့ပါသည်။ 

ယခုတစ်ပတ်မှာ အဆင့် (၁) မှ (၄) အတွင်း ၀င်နိုင်ခဲ့တဲ့ အသင်းများအဖြစ် အာဆင်နယ်၊ လီဗာပူး၊ ချယ်လ်ဆီး နှင့် မန်စီးတီးအသင်းတို့ ဖြစ်ခဲ့ပါသည်။ ထူးခြားချက်အနေဖြင့် မန်စီးတီးအသင်းက အဆင့် (၉)နေရာမှ အဆင့် (၄)နေရာသို့ တက်လာနိုင်ခဲ့ပြီး၊ ဆောက်သင်တန် အသင်းကတော့ အဆင့် (၄) မှ အဆင့် (၅) သို့ ဆင်းပေးခဲ့ရပါသည်။ မန်ချက်စတာ ယူနိုက်တက်အသင်းသည် တနင်္ဂနွေပွဲစဉ်တွင် အနိုင်ရခဲ့မည် ဆိုပါက အဆင့် (၄) နေရာကို ၀င်နိုင်သော်လည်း၊ ပွဲပြီးခါနီး မိနစ် (၉၀) မှာ ချေပဂိုး ပြန်လည် သွင်းယူခံလိုက်ရတာကြောင့် အဆင့် (၆) နေရာမှာဘဲ ရပ်တည်ခဲ့ရပါသည်။ 


မိုးတိမ် (တမာမြေ) 
http://www.football-cafe.com/
တနင်္ဂနွေညရဲ့  ပထမဦးဆုံးပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ စပါးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။ အသင်းကြီးများ ဖြစ်တာနှင့်အညီ အကြိတ်အနယ်ပွဲစဉ်တစ်ခုအဖြစ် ခန့်မှန်းရပေမည့်လည်း ပွဲအပြီးမှာ မန်စီးတီးအသင်းက (၆) ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားပါသည်။ မန်စီးတီးအတွက် အနိုင်ဂိုးသွင်းခဲ့တဲ့သူတွေ ကတော့ ပထမဦးဆုံး မန်စီးတီးမှ နဗက် က ပွဲချိန် (၁) မိနစ်အတွင်းမှာ ဗွေဆော်ဦးဂိုး နှင့် ပွဲချိန် (၉၀) တို့မှာ အပိတ်ဂိုးသွင်းနိုင်ခဲ့တဲ့ ကစား သမားတစ်ဦးဖြစ်ခဲ့ပြီး၊ ထိုနေ့ပွဲအတွက် အကောင်းဆုံး ကစားသမားဆုရခဲ့တဲ့ မန်စီးတီးအသင်း၏ တိုက်စစ်မှုး အကွိရိုကလည်း ပွဲချိန် (၄၁) မိနစ် နှင့် (၅၀) မိနစ်တို့မှာ အနိုင်ဂိုး (၂) ဂိုး နှင့် ပွဲချိန် (၅၅) မိနစ်မှာ တိုက်စစ်မှုး နက်ဂရီဒိုမှလည်း အနိုင်ဂိုးတစ်ဂိုး အသီးသီး သွင်းယူခဲ့ကြပါသည်။ ကျန်တဲ့ ဂိုးတစ်ဂိုးကတော့ စပါးအသင်းမှ Own goal ပေးလိုက်ရခြင်းဖြစ်ပါသည်။ မန်စီးတီးအသင်း၏ ယခုရာသီ ရလဒ်မတည်ငြိမ်မှုများနှင့် အသင်းကြီးများနှင့် တွေ့ဆုံတိုင်းမှာလည်း အကောင်းဆုံးပုံစံဖြင့် ရလဒ်ကောင်း များကို မြင်တွေ့ရတာမို့ ပရီးမီးယာလိ၈်၏ ထူးခြားတဲ့ အသင်းတစ်သင်းဖြစ်လာခဲ့ရပါသည်။ ယခုပွဲအနိုင် ရလဒ်ကြောင့် မန်စီးတီးအသင်းသည် အဆင့် (၉)နေရာမှ အဆင့် (၄) နေရာ အတွင်းကို ရောက်ရှိ လာခဲ့ပါသည်။ 
ယခုတစ်ပတ်မှာ အဆင့် (၁) မှ (၄) အတွင်း ၀င်နိုင်ခဲ့တဲ့ အသင်းများအဖြစ် အာဆင်နယ်၊ လီဗာပူး၊ ချယ်လ်ဆီး နှင့် မန်စီးတီးအသင်းတို့ ဖြစ်ခဲ့ပါသည်။ ထူးခြားချက်အနေဖြင့် မန်စီးတီးအသင်းက အဆင့် (၉)နေရာမှ အဆင့် (၄)နေရာသို့ တက်လာနိုင်ခဲ့ပြီး၊ ဆောက်သင်တန် အသင်းကတော့ အဆင့် (၄) မှ အဆင့် (၅) သို့ ဆင်းပေးခဲ့ရပါသည်။ မန်ချက်စတာ ယူနိုက်တက်အသင်းသည် တနင်္ဂနွေပွဲစဉ်တွင် အနိုင်ရခဲ့မည် ဆိုပါက အဆင့် (၄) နေရာကို ၀င်နိုင်သော်လည်း၊ ပွဲပြီးခါနီး မိနစ် (၉၀) မှာ ချေပဂိုး ပြန်လည် သွင်းယူခံလိုက်ရတာကြောင့် အဆင့် (၆) နေရာမှာဘဲ ရပ်တည်ခဲ့ရပါသည်။ 
မိုးတိမ် (တမာမြေ)

No comments:

Post a Comment