Wednesday, December 18, 2013

ဒလမြို့ နှစ်လုံးထီဒိုင် အမျိုးသမီးကို ထောင်ဒဏ်သုံးနှစ်၊ခြောက်လ ချမှတ်

နှစ်လုံးထီးဒိုင်ကိုင်နေသော အမျိုးသမီးတစ်ဦးကို ပြစ်မှုထင်ရှားကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဒလမြို့နယ် တရားရုံးက အလုပ်နှင့်ထောင်ဒဏ် သုံးနှစ်ခြောက်လကျခံစေရန် ဒီဇင်ဘာ ၁၁ ရက်က အမိန့်ချမှတ်လိုက် သည်။

အမှုမှာ ရာဇသင်္ကြန်ရပ်ကွက်။ သခင်ဖိုးလှကြီးလမ်း၊ အမှတ် (၅/၅၀၂)နေအိမ်တွင် တရားမ၀င် နှစ်လုံး ဒိုင် လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ဝင်များသည် လွန်ခဲ့သည့် မေလ ၂၁ ရက်က မဌေးဌေးဝင်း ၁၉ နှစ်ဆိုသူကို သက်သေခံလောင်းကစား စာရွက်စာတမ်းများ အပြင် လောင်းကြေး ငွေ ကျပ် ၄၂,၂၃၀ တို့ဖြင့် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဒလမြို့နယ်ရဲစခန်းက (ပ) ၂၃၂/၁၃ လောင်းကစားပုဒ်မ ၁၅(ခ)ဖြင့် တရားစွဲ တင်ပို့ထားခြင်းခံ ရသော အမှုဖြစ်သည်။

ထိုအမှုကို မြို့နယ်တရားသူကြီး ဒေါ်အေးအေးမြင့်က ပြစ်မှုကြီးအမှတ် ၁၂၂၂/၂၀၁၃ လောင်းကစားပုဒ်မ ၁၅(ခ)ဖြင့် လက်ခံစစ်ဆေးပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် အလုပ်နှင့် ထောင်ဒဏ် သုံးနှစ်၊ ခြောက်လ ပြစ်ဒဏ်ချက်မှတ်ခဲ့သည်။

Mizzima

No comments:

Post a Comment