Wednesday, December 18, 2013

ပြိုင်ကားမောင်းသူတစ်ဦးက ရပ်ထားသည့် ကားကို ဖျက်ဆီးဟုဆိုကာ အမှုဖွင့်

ပြိုင်ကားမောင်းနှင်သူတစ်ဦးက နေအိမ်ရှေ့တွင် ညအိပ်ရပ်နားထားသည့် ကားတစ်စီးအား ဖျက်ဆီးခဲ့မှု တစ်ခု ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းတွင် ဒီဇင်ဘာ ၁၆ ရက် နံနက်က ဖြစ်ပွားခဲ့သည့်အတွက် အမှုဖွင့် တိုင်တန်းထားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဗဟန်းမြို့နယ်၊ ဆရာစံ ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် ၈၁(က)တွင် နေ ထိုင် သူ၏ နေအိမ်ရှေ့တွင် နံနက် ၃ နာရီအချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နေအိမ်ရှေ့တွင် တပ်ဆင်ထားသည့် သံလိပ်တံခါးအား ထိခိုက်သံကြားသဖြင့် ထွက်ကြည့်ရာတွင် အိမ် ရှေ့လမ်းမပေါ်တွင် ယာဉ်အမှတ်မသိ RX 8 အမျိုးအစား၊ ငွေရောင်အနု (ပြိုင်ကား)တစ်စီးရပ်ထားပြီး ၎င်းပြိုင်ကားပေါ်မှ အမျိုးသားတစ်ဦး ဆင်းလာသည်ကို တွေ့ရှိခဲ့သည်ဟုလည်း ဦးသက်လွင်က ရဲတိုင် ရာတွင် ထွက်ဆိုထားသည်။

ထို့ပြင် ပြိုင်ကားပေါ်မှ ဆင်းလာသည့် အမျိုးသားက အိမ်ရှေ့တွင် ရပ်နားထားသည့် ၎င်းပိုင် ဖဲလေဒီ နီဆန်း အမျိုးအစား အဖြူရောင်ပြိုင်ကား လေကာမှန်အားခဲဖြင့် ပစ်ပေါက်နေသည်ကိုပါတွေ့ရှိခဲ့သည် ဟုလည်း ဆို ထားသည်။

ထို့ကြောင့် “ဟေ့ဘာလုပ်တာလဲ” ဟု မေးစဉ် အဆိုပါလူမှာ ပြိုင်ကားပေါ်တက်ရောက်ပြီး မောင်းနှင် ထွက်ပြေး သွားခဲ့ခြင်းဖြစ်သည်။

၎င်း၏ ပြိုင်ကားအား စစ်ဆေးရာတွင် ၀ဲဘက်အပေါ်တံခါးပေါင် ပိန်ချိုင့်သွားပြီး ရှေ့လေကာမှန် အက် သွားခဲ့သည့်အပြင် ယာဉ်ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ခန့်မှန်းမရလောက်အောင် ပျက်စီးသွားခဲ့သည်ဟု လည်း တရားလိုက ထွက်ဆိုထားသည်။

ယင်းတိုင်တန်းမှုကြောင့် ကျပ်သိန်း ၃၄၅ တန်ဖိုးရှိ ဖဲလေဒီနီဆန်းအဖြူရောင်ပြိုင်ကားအား ဖျက်ဆီးခဲ့ သည့် ပြိုင်ကားမောင်းနှင်သူတစ်ဦးကို အရေးယူနိုင်ရန် ဗဟန်းရဲစခန်းက (ပ)၄၇၅/ ၂၀၁၃ဖြင့် အမှုဖွင့် စုံစမ်းလျက် ရှိသည်။

Mizzima

No comments:

Post a Comment