Monday, December 16, 2013

မြန်မာ့ဖွံ့ဖြိုးရေး ဆက်လက် ထောက်ပံ့သွားမည်ဟု ဂျပန်ဝန်ကြီးချုပ်ပြော

မြန်မာနိုင်ငံ၏ဖွံ့ဖြိုးရေးနှင့် အခြေခံအဆောက်အအုံများ စတင်တည်ဆောက်ခြင်းဆိုင်ရာ လုပ်ငန်းများကို ဆက်လက် ထောက်ပံ့သွားမည်ဟု တိုကျိုမြို့တွင် ဒီဇင်ဘာ ၁၅ ရက်၌ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ ဆုံပြီး နောက် ၀န်ကြီးချုပ်ရှင်ဇိုအာဘေးက ပြောကြားလိုက်သည်။

“မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေနဲ့ အခြေခံအဆောက်အအုံတွေ စတင်တည်ဆောက်ရေး တို့ အတွက် ပုဂ္ဂလိကနဲ့ ပြည်သူပိုင်ကဏ္ဍ နှစ်ရပ်စလုံးကို ကျွန်တော်တို့က ဆက်လက် ထောက်ပံ့သွားမှာ ပါ”ဟု မစ္စတာအာဘေးက ပြောသည်။

ဂျပန်နိုင်ငံတွင် ကျင်းပနေသော နှစ် ၄၀ မြောက် ဂျပန်-အာဆီယံ ဆက်ဆံရေး အထိမ်းအမှတ် ထိပ်သီး အစည်းအဝေးပွဲသို့ သမ္မတဦးသိန်းစိန် တက်ရောက်နေစဉ်အတွင်း ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအတွင်းရှိစက် မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန် အမေရိကန်ဒေါ်လာ သန်း ၆၁၀ အကူ အညီ ပေးခဲ့သည်။

ထို့အတူ သမ္မတဦးသိန်းစိန်နှင့် ၀န်ကြီးချုပ်အာဘေးတို့သည် မြန်မာနိုင်ငံတွင် ဂျပန်၏ ရင်းနှီးမြှုပ်နှံမှု အ ရှိန်မြှင့်တင်ရေးအတွက် သဘောတူညီမှုတစ်ရပ်ကိုလည်း သီးသန့်တွေ့ဆုံစဉ်အတွင်း သဘောတူညီခဲ့ ကြသည်။

ဂျပန်မှ မြန်မာနိုင်ငံသို့ ပေးအပ်ခဲ့သော ကန်ဒေါ်လာသန်း ၆၁၀ မှာ အာဆီယံဒေသတစ်ခုလုံးသို့ အ ထောက် အပံ့နှင့် ချေးငွေအဖြစ် ပေးအပ်မည့် ကန်ဒေါ်လာ ၂၀ ဘီလီယံ၏ တစ်စိတ်တစ်ဒေသဖြစ်သည်။ ယင်းကို ဂျပန်နိုင်ငံတွင် ပြုလုပ်နေသော ဂျပန်-အာဆီယံ ခေါင်းဆောင်များ ထိပ်သီးစည်းဝေးပွဲ အတွင်း ပေး အပ်ရန် ကတိပြုခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံမှ ယခုကဲ့သို့ အာဆီယံဒေသအား အကူအညီပေးနေခြင်းမှာ ဒေသတွင်း အင်အားကြီး ထွားလာ သော တရုတ်၏ လွှမ်းမိုးမှုကို ဟန့်တားရန် အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့် ရန် ဆောင်ရွက်ခဲ့ ခြင်း ဖြစ်သည်။

ယခင်လအတွင်း တရုတ်နိုင်ငံမှ လေကြောင်းကာကွယ်ရေးဇုန် ကြေညာခဲ့ပြီးနောက် ဒေသတွင်း တင်းမာ မှုများ မြင့်တက်လာသည့်အချိန်တွင် အာဆီယံဒေသအတွင်း လွတ်လပ်စွာ ပျံသန်းခွင့်နှင့် လေကြောင်း လုံခြုံရေး ကိစ္စရပ်များ အရေးကြီးသည်ကို ယင်းထိပ်သီးဆွေးနွေးပွဲအတွင်း သဘောတူခဲ့ကြသည်။

ကိုးကား - The Wall Street Journal

The Voice

No comments:

Post a Comment