Sunday, December 22, 2013

မကြာမီကာလအတွင်း နိုင်ငံရေးအကျဉ်းသားအချို့ အပါအ၀င် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသူများ ပြန်လည်လွတ်မြောက်လာဖွယ်ရှိ

DSC 0089mmk
ဒီဇင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့သော လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ အစည်းအဝေး အပြီး ကော်မတီဝင်များအား တွေ့ရစဉ်
မကြာမီ ကာလအတွင်း နိုင်ငံရေးအကျဉ်းသားအချို့ အပါအ၀င် နှစ်ရှည်ထောင်ဒဏ် ကျခံနေရ သူများ ပြန် လည်လွတ်မြောက်လာဖွယ်ရှိကြောင်း လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီဝင် များ၏ ပြောကြားချက်အရ သိရသည်။
ဒီဇင်ဘာ ၂၁ ရက်က Myanmar Peace Centre တွင် ပြုလုပ်သည့် လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ၏ အပတ်စဉ်အစည်းအဝေးအပြီးတွင် ကော်မတီဝင်များက ထို့သို့ ပြောကြား ခဲ့ခြင်း ဖြစ် သည်။
 

" ဒီနေ့ကျွန်တော်တို့ ဆွေးနွေးကြတဲ့အထဲမှာလည်း ဒီပုဂ္ဂိုလ်တွေ ထောက်လှမ်းရေး၊ အကောက်ခွန်တင် မကဘဲ ထောင်ထဲမှာနှစ်ကြာနေတဲ့သူတွေ နှစ်ရှည်နေတဲ့သူတွေကို  လူသားချင်းစာနာမှု ရှုထောင့်ကနေ လွှတ်ပေးဖို့ ဒါဟာကျွန်တော်တို့ကော်မတီနဲ့တော့ မဆိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကော်မတီ အနေနဲ့ သူတို့ကို လွှတ်ပေးဖို့ကိစ္စကို ဆွေးနွေးထားတာရှိပါတယ်။ ဒါပေမယ့် သူတို့တွေလည်း လာမယ့် လွတ်ငြိမ်းချမ်းသာခွင့်တွေထဲမှာ ပါဝင်လာနိုင်ပါတယ် " ဟု ကော်မတီဝင်တစ်ဦးဖြစ်သည့် ဦးကိုကိုကြီးက ဆိုသည်။
ထို့ပြင် လက်ကျန်နိုင်ငံရေး အကျဉ်းသားများစိစစ်ရေးကော်မတီအနေဖြင့် အဆိုပါပုဂ္ဂိုလ်များအား အခြားသောခေါင်းစဉ်ဖြင့် လွှတ်ပေးပါက ကန့်ကွက်စရာမရှိသော်လည်း နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ရန်မှာမူ မဖြစ်နိုင်ကြောင်း ဦးကိုကိုကြီးက ဆက်လက်ပြောကြားသည်။
လက်ကျန်နိုင်ငံရေး အကျဉ်းသားများစိစစ်ရေးကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် က " ဘာပဲဖြစ်ဖြစ်ပေါ့။ လွှတ်သင့်လွှတ်ထိုက်တဲ့ လူတွေလွတ် ကြမှာပေါ့။ နိုင်ငံရေး အကျဉ်းသားလည်း လွတ် မယ်။ နိုင်ငံသားအကျဉ်းသားတွေလည်း မတိမ်းမယိမ်းလွတ်ကြမှာပေါ့။ မိသားစုအတွက်တော့ ဘာပြောပြောပြန်လည်ပေါင်းစည်းနိုင်တဲ့အတွက်ကို ၂၀၁၄ မှာတော်တော်များများ ရကြမှာပေါ့။ ဒီ အတွက်ကို သမ္မတကြီးကို ကျေးဇူးတင်ရမှာပေါ့။ သမ္မတကြီးကို တင်ပြပေးတဲ့ ဒီလက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်း ကိုလည်း ကျေးဇူးတင်ရမှာပေါ့။ ဒီအခြေ အနေမျိုးရောက်ဖို့ဆိုတာ တော်တော်ခြေလှမ်းလှမ်းခဲ့ကြရတာကို။ နောက်တစ်ကြိမ်မှာလည်း ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းတွေကို ပိုပြီးတော့ လုပ်နိုင်ဖို့အတွက် အားလုံးက၀ိုင်းကြိုးစားရမှာပေါ့ " ဟု ဆိုသည်။
လက်ကျန်နိုင်ငံရေး အကျဉ်းသားများစိစစ်ရေးကော်မတီ၏စိစစ်မှုဖြင့် လွတ်မြောက် သွားသော နိုင်ငံရေး အကျဉ်းသား ၃၀၀ ကျော်ရှိပြီး ကော်မတီအဖွဲ့ဝင်နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် AAPP တို့မှ စုစည်းထားသည့် စာရင်းများအရ နိုင်ငံရေးနှင့်ဆက်နွှယ်၍ လတ်တလောအမှု ရင်ဆိုင်နေရသူ ၂၀၀ ကျော်ရှိကာ ယခင်အစိုးရလက်ထက်နှင့် လက်ရှိအစိုးရ လက်ထက် နှစ်ခုပေါင်းထောင်ကျနေသူ ၄၄ ဦးရှိကြောင်း သိရသည်။    

Eleven

No comments:

Post a Comment