၁၀.၁၂.၂၀၁၃ရက်နေ့ ၁၀၀၀အချိန်တွင် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊
အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်ခိုးမှုများကျူးလွန်ထားကြောင်း သတင်းရရှိထားသူ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့မ
ရဲစခန်း(ပ)၁၀၆၇/၂၀၁၃၊ ပုဒ်မ ၃၇၉အမှုမှတရားခံသန်းနိုင်(ခ)အရှည်ကြီး (ဘ)ဦးတင်အုန်း၊ (၆၅)ရပ်ကွက်၊ ဒဂုံမြိုသစ်(တောင်ပိုင်း)မြို့နယ်နေသူအား စစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးရာ ၃၀.၁၀.၂၀၁၃ရက်နေ့ ၀၉၀၀အချိန်ခန့်တွင် သန်းနိုင်(ခ)အရှည်ကြီးသည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊(၆၅)ရပ်ကွက်၊ သရက်မြိုင်(၃)လမ်းပေါ်၌ ရပ်ထားသော JLM 125 အမျိုးအစား
ဆိုင်ကယ်အား ခိုးယူရောင်းချထားကြောင်းပေါ်ပေါက်သဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့မရဲစခန်း(ပ) ၁၀၈၈/၂၀၁၃ ၊ ပုဒ်မ ၃၇၉ဖြင့်လည်းကောင်း၊၂၀၁၃ခုနှစ်၊ အောက်တိုဘာ လအတွင်းတွင် သန်းနိုင်(ခ) အရှည်ကြီးနှင့် သက်ကို(စိစစ်ဆဲ)တို့ (၂)ဦးသည် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၆၅)ရပ်ကွက်၊ မင်းကွန်းလမ်းမပေါ်၌ ရပ်ထားသော FEILING 110အမျိုးအစားဆိုင်ကယ်အား ခိုးယူရောင်ချ ထားကြောင်း ပေါ်ပေါက်သဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့မရဲစခန်း(ပ)၁၀၈၉/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄ဖြင့်
လည်းကောင်း အမှုဖွင့်အရေးယူခဲ့ပါသည်။
ထို့အပြင် သန်းနိုင်(ခ)အရှည်ကြီးနှင့်သက်ကို(စိစစ်ဆဲ)တို့သည် ၂၀၁၃ခုနှစ်၊ စက်တင်ဘာလတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်မုခ်ဦးအနီး၌ရပ်ထားသော LUOJIA 110အမျိုးအစား ဆိုင်ကယ်အားလည်းကောင်း၊ အောက်တိုဘာလတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ကမ်းနားပတ်လမ်း၊ ကုလားဝဲတံတားအနီး၌ ရပ်ထားသော HI BO BO 110အမျိုးအစား ဆိုင်ကယ်အား လည်းကောင်း ၊ နိုဝင်ဘာလတွင် ကုလားဝဲတံတားအနီး၌ ရပ်ထားသော HONDA WAVE 110အမျိုးအစား ဆိုင်ကယ်အား လည်းကောင်း ခိုးယူရောင်းချထားကြောင်းစစ်ဆေးပေါ်ပေါက် သဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မ ရဲစခန်း(ပ) ၂၅၁/၂၀၁၃၊ပုဒ်မ ၃၇၉/၅၄ဖြင့်အမှုဖွင့်ပြီး သက်သေခံဆိုင်ကယ်များပြန်လည် သိမ်းဆည်းအရေးယူ ထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

No comments:
Post a Comment