Tuesday, December 17, 2013

ကျောက်ဆည်၌ ထော်လာဂျီနှင့် ရထားတိုက်မိ လူနှစ်ဦး သေဆုံး

မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့ တောင်ဘက် တောတွင်းကျေးရွာ အနီးတွင် ထော်လာဂျီမှ ရထားလမ်း ဖြတ်ကူးစဉ် ရထား တိုက်မိ၍ ထော်လာဂျီယာဉ် ပေါ်ပါ သုံးဦးအနက် နှစ်ဦး မှာ နေရာ တွင် သေဆုံးသွားကြောင်း သတင်း ရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၇ နာရီခွဲခန့်က ရန်ကုန်-မန္တလေး အမှတ်(၃) အဆန်ရထား ခေါင်းတွဲ အမှတ် DF-1359 ရထားမောင်း ဦးထွန်းထွန်းအောင် မောင်းနှင် လာသော ရထား သည် မိုင်တိုင် အမှတ် (၃၃၅/၈)နှင့်(၃၃၅/၉) အကြားသို့ ရောက်ရှိစဉ် အနောက်မှ အရှေ့သို့ တောတွင်းရွာအနီး ရထားလမ်းကို ဖြတ်ကူးသော ထော်လာဂျီ အစိမ်းရောင် ယာဉ်အမှတ် ၉ဌ/.... ကို ရထားဖြင့် တိုက်မိရာ ယဉ်မောင်းမင်းမျိုး ၄၈ နှစ် တောင်တော်ရွာ ဦးခေါင်းကွဲဝဲ၊ ယာ နံရိုးကျိုးဖြင့် နေရာတွင် သေဆုံး၊ လှိုင်မင်း ၂ဝ နှစ် တောင်တော်ရွာ ဦးခေါင်းကွဲ ဝဲပေါင် ကျိုးဖြင့် အခင်း ဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက် နေလင်းအောင် ၂၃ နှစ် တောင်တော်ရွာ ယာနဖူး ပွန်းပဲ့ပေါက်ပြဲ၊ မေးစေ့အောက် ဖူးရောင် ဒဏ်ရာရရှိ၍ ကျောက်ဆည် ဆေးရုံသို့ တင်ပို့ ကုသလျက်ရှိသည်။

ဖြစ်စဉ်ကို အမှုစစ် ဒုတိယ ရဲအုပ်အောင်မျိုးကျော်က ယာဉ် (ပ)၈၂/၂ဝ၁၃၊ ပုဒ်မ-၃ဝ၄(က)/၃၃၈ အရ အရေးယူ ဆောင်ရွက်လျက် ရှိသည်။

All News

No comments:

Post a Comment