Thursday, December 12, 2013

ပြန်လွတ်လာသည့် မိကျောင်းကန်အရေး ဆန္ဒပြသူနှစ်ဦး ဆက်လက် တိုက်ပွဲဝင်မည်ဟု ကတိပြု


သင်္ကန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေနေရာ ပြန်လည်ရရှိရေးအတွက် ဆန္ဒဖော်ထုတ် ရာမှ အဖမ်းခံခဲ့ရသူ ခေါင်းဆောင်နှစ်ဦးသည် ဒီဇင်ဘာ ၁၁ ရက်က သမ္မတ လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် ပြန် လည်လွတ်မြောက်လာပြီး မြေများပြန်မရမချင်း ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ကတိပြုလိုက် သည်။

“ကျွန်တော်တို့ ဒီမြေကို မရမချင်း တိုက်ပွဲဝင်သွားမယ်။ ကျွန်တော်တို့ ပြန်လွတ်မြောက်လာတော့ ကျွန် တော်တို့ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုတယ်”ဟု ပြန်လည်လွတ်မြောက်လာသူတစ်ဦးဖြစ် သည့် ဦးစိန်သန်းက ထောင်မှလွတ်သည်နှင့် မိကျောင်းကန် ဆန္ဒဖော်ထုတ်သူများထံ သွားရောက်ကာ အသံချဲ့စက်ဖြင့် ပြောကြားခဲ့သည်။

မိကျောင်းကန် ဆန္ဒဖော်ထုတ်သူ ဦးစိန်သန်းနှင့် ဦးကျော်လွင်တို့သည် ခွင့်ပြုချက်မရဘဲ ဆန္ဒဖော်ထုတ်မှု ဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်က အရေးယူခံရပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးလ ကျခံရသော် လည်း ၁၆ ရက်အကြာတွင် ပြန်လည် လွတ်မြောက်လာသည်။

မိကျောင်းကန် အပိုင်း(၁)တွင် မြေပိုင်သူ ဦးစိန်သန်းက “ဒီလူတွေရဲ့ မတရားဖိနှိပ်ခံရမှုတွေကို ဆက် လက် တိုက်ပွဲဝင်နေတယ်ဆိုရင် ပြည်သူတွေနဲ့အတူ လက်တွဲပြီး အသေခံတိုက်ပွဲဝင်ဖို့ ကတိပေးထား တယ်။ နိုင်ငံတော်သမ္မတနှင့် လွှတ်တော်ကို ပြောချင်တာက ပြည်သူတွေကို မတရားပုဒ်မတွေနဲ့ ဖမ်းဆီး ချုပ်နှောင်လို့ ကျန်နေခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပါ”ဟု ပြောသည်။

ပြန်လည်လွတ်မြောက်သည့် မြေပိုင်ရှင်တစ်ဦးဖြစ်သူ ဦးကျော်လွင်ကလည်း မိကျောင်းကန် အပိုင်း (၁)ရှိ မြစာရံ အေးစေတီတော်အား စစ်တပ်မှ သိမ်းဆည်းထားခြင်းအတွက် များစွာစိတ်မကောင်းဖြစ်မိ သည် ဟု ပြောကြားသည်။

လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းရေးကော် မရှင် အဖွဲ့ဝင်၊ တောင်ဥက္ကလာပမြို့နယ် ၊ ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက “ဒီကိစ္စကို မြေယာကော်မရှင်က ဘယ်လို လုပ် ဖြေရှင်းပေး လို့ရမှာလဲ။ ဒီကိစ္စဖြေရှင်းပေးရမှာ အစိုးရဖြစ်တယ်။ သူတို့လိုချင်တာ အစိုးရကပဲ ပေးနိုင် တယ်”ဟု ပြော သည်။

ဆန္ဒဖော်ထုတ်သူ မနေနွယ်သန်းက “ဆုံးရှုံးနစ်နာသွားတဲ့မြေကိုပဲ ပြန်လိုချင်တယ်။ ဆုံးရှုံး နစ်နာမှုကို ဆောင်ရွက်မှုမရှိဘူး။ တာဝန်ယူတဲ့သူမရှိဘူးဆိုရင် ဘိုးဘွားပိုင်မြေဆိုတာ ၀န်ခံလိုက်တဲ့ သဘောပဲ” ပြောသည်။

မိကျောင်းကန် ၁၊ ၂၊ ၃ ရပ်ကွက်ရှိ မြေများကို ယခင် နိုင်ငံတော်ငြိပ်ဝပ်ပိပြားမှု တည်ဆောက်ရေး အစိုးရ လက်ထက် ၁၉၉၁ ခုနှစ်က သိမ်းယူခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment