Monday, December 9, 2013

မန္တလေးဆီးဂိမ်းကို ဒေသခံများ စိတ်ဝင်စားမှုနည်း

မန္တလေးမြို့တွင် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲကို မြို့လူထုမှ စိတ်ဝင်စားမှု နည်းပါးလျက်ရှိ သည်ဟု ဒေသခံ တို့က ပြောသည်။
“အမျိုးသမီးပွဲဆိုတော့ ကြည့်ဖို့စိတ်သိပ်မပါဘူး၊ အဖော်ကောင်းရင်တော့ နေပြည်တော်ပိတ်ပွဲ သွားကြည့် ချင်တယ်”ဟု မန္တလေးမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ အသက် ၂၅ နှစ်အရွယ် လက်ထောက် အင်ဂျင်နီယာ တစ်ဦးဖြစ်သူ ကိုရဲမင်းအောင်က ပြောသည်။

မန္တလေးမြို့တွင် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲသည် အမျိုးသမီးဘောလုံးပြိုင်ပွဲစဉ် တစ်ခုတည်းကြောင့် လည်းကောင်း၊ ပြိုင်ပွဲအတွက် လှုံ့ဆော်မှုများ အားနည်းခြင်းတို့ကြောင့်လည်းကောင်း၊ မြို့လူထုမှာ ပြိုင်ပွဲကို သွားရောက်ကြည့်ရှုရန် စိတ်အားထက်သန်မှု လျော့နည်းနေကြသည်။

“မန္တလေးမှာ လုပ်မှန်းတောင်မသိဘူး။ နေပြည်တော်မှာ ပြိုင်မယ်ဆိုတာပဲ သိတယ်။ မန္တလေးမှာ ကျင်းပ မယ်သာဆိုတယ် ကြော်ငြာအင်အားကလဲ ကောင်းလိုက်တာ ဆီးဂိမ်းကို ကြိုဆိုပါ၏ ဆိုတာလောက်ပဲ တွေ့ ရတယ်” ပုဂ္ဂလိက စာသင်ကျောင်းတစ်ကျောင်းမှ မူလတန်းပြဆရာမတစ်ဦးဖြစ်သူ မန္တလေးမြို့ခံ မမေစံပယ် က ပြောသည်။

နှစ်ပေါင်း ၄၄ နှစ်ကြာမှ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခွင့်ရရှိသော ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မန္တလေးမြို့၌ အမျိုးသမီးဘောလုံးပြိုင်ပွဲ ကျင်းပမည်ဖြစ်ပြီး လာအို၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မြန်မာတို့ ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။

ထိုနိုင်ငံများမှ အမျိုးသမီးဘောလုံး အားကစားသမားများ ဒီဇင်ဘာ ၈ ရက်တွင် မန္တလေးမြို့သို့ ရောက်ရှိ ကြမည်ဖြစ်ပြီး ရွှေဖြူဟိုတယ်နှင့် ဂရိတ်ဝေါဟိုတယ်တို့တွင် တည်းခိုမည်ဖြစ်သည်။ ပြိုင်ပွဲသို့ လာရောက် ကြမည့် အထူးဧည့်သည်များ၊ ဒိုင်လူကြီးများ၊ မီဒီယာများနှင့် လေ့လာစောင့်ကြည့်သူများအတွက် ဟို တယ်လေးလုံးနှင့် အရန်ဟိုတယ် ၁၀ လုံးတို့ကို ပြင်ဆင်ထားရှိသည်ဟု မန္တလေးတိုင်း ဟိုတယ်နှင့် ခရီး သွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမျိုးမြင့်က ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment