Friday, December 20, 2013

အလိုမတူဘဲ အဓမ္မကျင့်သည်ဆိုကာ တရားဝင်ယောက်ျားကို အမှုဖွင့်

ခိုးရာလိုက်ပြေးခဲ့ပြီး တရားဝင်လက်မှတ်ထိုးခဲ့သည့် ယောက်ျားဖြစ်သူကို အလိုမတူဘဲ အဓမ္မပြုကျင့် သည်ဟု ဆိုကာ အရေးယူပေးရန် တိုင်ကြားမှုတစ်ခုကို ကမာရွတ်ရဲစခန်းက ဒီဇင်ဘာ ၁၈ တွင် အဓမ္မပြု ကျင့်မှုဖြင့် အမှုဖွင့်ဆောင်ရွက်နေသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်တွင် ဒီဇင်ဘာ ၃ ရက်နံနက်က သူမ၏ ၂၃ နှစ်အရွယ် ရည်စားဖြစ်သူက အသုတ်မြို့အထွက် လျှပ်စစ်ဓာတ်အာပေးစက်ရုံရှေ့တွင် စကားပြောစရာရှိ၍ ချိန်းဆိုသဖြင့် သွားရောက် ခဲ့ရာမှ ချောင်းသာ သို့ ရောက်ရှိခဲ့ပြီး တည်းခိုခန်းတစ်ခုတွင် တစ်ရက်တည်းခိုခဲ့ကြသည်ဟု တရားလို အမျိုးသမီးက ရဲအား ထွက်ဆိုထားသည်။

ဒီဇင်ဘာ ၅ ရက်တွင် ဗိုလ်တထောင်တရားရုံး၌ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးပြီး ယောက်ျားလေး ဘက်မှ မိခင်ရောက်ရှိလာကာ မင်္ဂလာမဆောင်ခင် နေထိုင်ရန် ကမာရွတ် (၄)ရပ်ကွက်၊ သင်္ဘောကျင်း တွင် တိုက်ခန်းငှားပေးသဖြင့် ဆက်လက်နေထိုင်ခဲ့ကြသေးသည်ဟုဆိုသည်။

သို့သော် အမျိုးသားက အရက်မူးပြီး တစ်ဖက်မိဘများ သဘောမတူသည်ကို မကျေနပ်ကြောင်းပြော ဆိုကာ အရက်ပုလင်းနှင့် ရိုက်ခဲ့ကြောင်းနှင့် အခန်းတံခါးသော့ပိတ်ထားပြီးအပြင်သို့ အော်ဟစ်အကူ အညီတောင်း ပါက ဓားဖြင့်ထိုးသတ်မည်ဟု ခြိမ်းခြောက်ခံထားရသည်ဟုလည်း တရားလိုအမျိုးသမီးက တိုင်တန်း ထားသည်။

ဒီဇင်ဘာ ၈ ရက်မှ ၁၄ ရက်အထိ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခြင်းခံခဲ့ရပြီး ဒီဇင်ဘာ ၁၅ ရက်က အမျိုးသားအိပ်ပျော်နေစဉ် ထွက်ပြေးခဲ့ရသည်ဟု သူမက ဆိုထားသည်။

ထို့နောက် ဒလမြို့နယ်နေ အဒေါ်ဖြစ်သူထံ သွားရောက်တိုင်ပင်ပြီးနောက် လင်ယောက်ျားဖြစ်သူအား သားမယားပြုကျင့်မှုဖြင့် အရေးယူပေးရန် တိုင်တန်းထားမှု ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment