Thursday, December 19, 2013

မလေးထိန်းသိမ်းရေး စခန်းများမှ မြန်မာ ၁၄၆ ဦး ပြည်တော်ပြန်ဝင်

Photo: မလေးထိန်းသိမ်းရေး စခန်းများမှ မြန်မာ ၁၄၆ ဦး ပြည်တော်ပြန်ဝင်
Thursday, December 19, 2013

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်းများ၌ ရောက်ရှိနေကြသော မြန်မာလူမျိုးများကို ပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း စင်းလုံးငှားခရီး စဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးလျက်ရှိရာ ရှစ်ကြိမ်မြောက် အခမဲ့ခရီးစဉ်ဖြစ်သော ဒီဇင်ဘာ ၁၈ ရက် ခရီးစဉ်တွင် မြန်မာနိုင်ငံသား ၁၄၆ ဦး ရန်ကုန် သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။

" အမျိုးသားက ၁၃၅ ဦး၊အမျိုးသမီးက ၁၁ ဦး၊စုစုပေါင်း ၁၄၆ ဦး။ စနေနေ့ (ဒီဇင်ဘာ ၂၁ ရက်)မှာ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းနဲ့ ဂျိုရှူးထိန်းသိမ်းရေးစခန်းက ၁၅ ဦး ထပ်လာဖို့ ရှိတယ်။ အခုပါလာတဲ့သူတွေက ထိန်းသိမ်းရေးစခန်းတွေမှာ လပိုင်းလောက်နေခဲ့ ရတဲ့သူအများစုပဲ " ဟု သီတဂူ အထောက် အကူပြုအဖွဲ့မှ ဒေါက်တာမြတ်သူက ပြောသည်။

ပြည်တော်ပြန် ၀င်လာသည့်မြန်မာ ၁၄၆ ဦးမှာ ထိန်းသိမ်းရေးစခန်း ခုနစ်ခုမှ ခေါ်ဆောင်လာခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ ပြန်လာသည့် မြန်မာများအတွက် သီတဂူအထောက်အကူပြုအဖွဲ့မှ တစ်ဦးလျှင် ကျပ်နှစ်သောင်းနှုန်းလှူဒါန်းခဲ့ကြောင်း သိရသည်။

" အစ်မက ထားဝယ်ဘက်ကနေ မလေးရှားကို ကူးသွားတာ။ အောက်တိုဘာ ၁၇ ရက်မှာ အဖမ်းခံရတယ်။ နိုဝင်ဘာ ၂၇ ရက်မှာထိန်းသိမ်းရေးစခန်းကို ရောက်တယ်။ ဟိုမှာ မြန်မာအမျိုးသမီးတွေ အများကြီးကျန်သေးတယ်။ အရမ်းငိုခဲ့ရတယ် " ဟု ရခိုင်ပြည်နယ် မာန်အောင်မြို့သို့ ပြန်မည့် မမေသန်းက ပြောသည်။

သီတဂူဆရာတော်ဦးဆောင်သော သီတဂူအထောက်အကူပြုအဖွဲ့ (မလေးရှား) နှင့် ကမ္ဘောဇဘဏ်လီ မိတက်၏ ပူးပေါင်းလှူဒါန်းမှု အစီအစဉ်ဖြင့် မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိ
သောမြန်မာနိုင်ငံသားများကို အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်း (အခမဲ့ စင်းလုံးငှား ခရီးစဉ်) ဖြင့် ပြန်လည်ပို့ဆောင်ပေးလျက်ရှိရာ ရှစ်ကြိမ်မြောက်ခဲ့ပြီဖြစ်ပြီး မြန်မာလူမျိုး ၁၂၀၀ ကျော်ခန့်ကို ပို့ ဆောင် ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အခမဲ့စင်းလုံးငှားခရီးစဉ်များ အဖြစ် ၂၀၁၃ ခုနှစ်အတွင်း ဇွန် ၂၉ ရက်၊ ဇူလိုင် ၅ ရက်နှင့် ၁၆ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ အောက်တိုဘာ ၈ ရက် နှင့်၂၄ ရက်၊ နိုဝင်ဘာ ၂၁ ရက်နှင့် ဒီဇင်ဘာ ၁၈ ရက်တို့တွင် မလေးရောက်မြန်မာများကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေး ခဲ့သည်။

နန္ဒ၊ 
စံတော်ချိန် နေ့စဉ်သတင်းစာ
မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်းများ၌ ရောက်ရှိနေကြသော မြန်မာလူမျိုးများကို ပြည်ပြည်ဆိုင် ရာ မြန်မာ့လေကြောင်း စင်းလုံးငှားခရီး စဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးလျက်ရှိရာ ရှစ် ကြိမ်မြောက် အခမဲ့ခရီးစဉ်ဖြစ်သော ဒီဇင်ဘာ ၁၈ ရက် ခရီးစဉ်တွင် မြန်မာနိုင်ငံသား ၁၄၆ ဦး ရန်ကုန် သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။

" အမျိုးသားက ၁၃၅ ဦး၊အမျိုးသမီးက ၁၁ ဦး၊စုစုပေါင်း ၁၄၆ ဦး။ စနေနေ့ (ဒီဇင်ဘာ ၂၁ ရက်)မှာ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းနဲ့ ဂျိုရှူးထိန်းသိမ်းရေးစခန်းက ၁၅ ဦး ထပ်လာဖို့ ရှိတယ်။ အခုပါလာတဲ့သူတွေက ထိန်းသိမ်းရေးစခန်းတွေမှာ လပိုင်းလောက်နေခဲ့ ရတဲ့သူအများစုပဲ " ဟု သီတဂူ အထောက် အကူပြုအဖွဲ့မှ ဒေါက်တာမြတ်သူက ပြောသည်။

ပြည်တော်ပြန် ၀င်လာသည့်မြန်မာ ၁၄၆ ဦးမှာ ထိန်းသိမ်းရေးစခန်း ခုနစ်ခုမှ ခေါ်ဆောင်လာ ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ပြန်လာသည့် မြန်မာများအတွက် သီတဂူအထောက်အကူပြုအဖွဲ့မှ တစ်ဦး လျှင် ကျပ်နှစ်သောင်းနှုန်းလှူဒါန်းခဲ့ကြောင်း သိရသည်။

" အစ်မက ထားဝယ်ဘက်ကနေ မလေးရှားကို ကူးသွားတာ။ အောက်တိုဘာ ၁၇ ရက်မှာ အဖမ်းခံရ တယ်။ နိုဝင်ဘာ ၂၇ ရက်မှာထိန်းသိမ်းရေးစခန်းကို ရောက်တယ်။ ဟိုမှာ မြန်မာအမျိုးသမီးတွေ အများကြီး ကျန်သေးတယ်။ အရမ်းငိုခဲ့ရတယ် " ဟု ရခိုင်ပြည်နယ် မာန်အောင်မြို့သို့ ပြန်မည့် မမေသန်းက ပြောသည်။

သီတဂူဆရာတော်ဦးဆောင်သော သီတဂူအထောက်အကူပြုအဖွဲ့ (မလေးရှား) နှင့် ကမ္ဘောဇဘဏ်လီ မိတက် ၏ ပူးပေါင်းလှူဒါန်းမှု အစီအစဉ်ဖြင့် မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ရောက် ရှိ သော မြန်မာနိုင်ငံသားများကို အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်း (အခမဲ့ စင်းလုံးငှား ခရီးစဉ်) ဖြင့် ပြန်လည် ပို့ဆောင်ပေးလျက်ရှိရာ ရှစ်ကြိမ်မြောက်ခဲ့ပြီဖြစ်ပြီး မြန်မာလူမျိုး ၁၂၀၀ ကျော်ခန့်ကို ပို့ ဆောင် ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အခမဲ့စင်းလုံးငှားခရီးစဉ်များ အဖြစ် ၂၀၁၃ ခုနှစ်အတွင်း ဇွန် ၂၉ ရက်၊ ဇူလိုင် ၅ ရက်နှင့် ၁၆ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ အောက်တိုဘာ ၈ ရက် နှင့်၂၄ ရက်၊ နိုဝင်ဘာ ၂၁ ရက်နှင့် ဒီဇင်ဘာ ၁၈ ရက်တို့တွင် မလေးရောက်မြန်မာများကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေး ခဲ့သည်။

နန္ဒ၊ 
စံတော်ချိန် နေ့စဉ်သတင်းစာ

No comments:

Post a Comment