Monday, December 16, 2013

ကျန်းမာရေး အာမခံ ၂ဝ၁၅ ခုနှစ်တွင် စတင် ဆောင်ရွက်မည်

မြန်မာနိုင်ငံတွင် မြန်မာ့အာမခံ လုပ်ငန်း အမျိုးအစား ၄၆ မျိုး ရှိသော်လည်း ကျန်းမာရေး အာမခံ လုပ်ငန်း မပါဝင် သေးသောကြောင့် လာမည့် ၂ဝ၁၅ ခုနှစ်တွင် စတင်အကောင် အထည်ဖော် ဆောင်ရွက် သွား မည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ကျန်းမာရေး အာမခံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
''ကျန်းမာရေး အာမခံကို ၂ဝ၁၅ ခုနှစ်မတိုင်မီ အကောင်အထည်ဖော်နိုင်ဖို့ ရည်မှန်းထားပါတယ်။ အခုလော   လော ဆယ် ဝန်ကြီးဌာနအနေနဲ့ အာမခံပေးနိုင်တာ မြွေအန္တရာယ်အာမခံတစ်မျိုးတည်းပဲ ပေးနိုင်သေး တယ်'' ဟု ဒုတိယ ဝန်ကြီးက ယခုလ ၉ ရက်က ကျင်းပခဲ့သော ကျန်းမာရေးအာမခံ ဆွေးနွေး ပွဲ၌ ပြောကြားခဲ့သည်။

ယင်းကျန်းမာရေး အာမခံ ပေါ်ပေါက်လာစေရန် အတွက် ကျန်းမာရေး ဝန်ကြီးဌာန(ဆေးရုံ၊ ဆေးခန်းများ)နှင့် ပုဂ္ဂလိကအာမခံကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန် ဆွေးနွေးမှု များ ကနဦး စမ်းသပ်မှု များ ပြုလုပ်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျန်းမာရေး အာမခံများ ပေးနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သိုက်ရာဇာ
မြ၀တီ

No comments:

Post a Comment