Thursday, December 5, 2013

လက်ရှိအချိန်တွင် နိုင်ငံရေးနှင့်ဆက်နွှယ်ပြီး တရားရင်ဆိုင်နေရသူ ၂၅၀ ရှိ



Photo: လက်ရှိအချိန်တွင် နိုင်ငံရေးနှင့်ဆက်နွှယ်ပြီး တရားရင်ဆိုင်နေရသူ ၂၅၀ ရှိ
Thursday, December 5, 2013

အစိုးရသစ် တက်လာပြီးနောက် နိုင်ငံရေးနှင့် ဆက်နွှယ်သဖြင့် တရားရင်ဆိုင်နေရဆဲ လူပေါင်း ၂၅၀ ရှိပြီး ပြစ်ဒဏ်ခံနေရဆဲ ၂၆ ဦးအထိ ရှိနေကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီဝင် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ဦးရဲအောင်က The Daily Eleven ကို ပြောကြားသည်။

နိုင်ငံတော်သမ္မတက ယခုနှစ်အကုန်တွင် နိုင်ငံရေး အကျဉ်းသားအားလုံး အားလွှတ်ပေးမည်ဟု ပြောကြားထားသော်လည်း နိုင်ငံရေးနှင့် ဆက်နွှယ်သည့် ဥပဒေများဖြစ်သည့် ငြိမ်းစုစီ ဥပဒေဖြစ်သော ပုဒ်မ ၁၈၊ ၅၀၅ (ခ)တို့ဖြင့် လည်းကောင်း၊ အသင်းအဖွဲ့ ဥပဒေဆိုင်ရာ ပုဒ်မ ၆ ဖြင့် လည်းကောင်း တရားရင်ဆိုင်နေရသူများ များပြားနေခြင်းအပေါ် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သည့် ဦးလှရွှေက "နိုင်ငံရေး တင်းမာမှုတွေ လျော့သွားပြီလား၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုအနေနဲ့ အောက်ခြေအထိ ထိရောက်နေပြီလား ဆိုတဲ့မေးခွန်းကို ဖြေဆိုစေချင်ပါတယ်။ အဓိကကတော့ စစ်မှန်တဲ့ Democratic Reform ဖြစ်မှသာလျှင် နိုင်ငံရေးအကျဉ်းသားဆိုတာ ကုန်သွားမယ်လို့ ယုံ ကြည်တယ်"ဟု ပြောကြားသည်။

တရားစွဲဆိုခံနေရသူများထဲတွင် အလုပ်သမားများလည်း ပါဝင်သောကြောင့် အလုပ်သမား အရေးဆောင်ရွက်နေသူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဒေါ်မာမာဦးက အလုပ်သမားများ၏ ဘ၀အခြေအနေမှာ ဘာမှပြောင်းလဲမှု မရှိသည့်အပြင် အစိုးရအနေနှင့် အလုပ်ရှင်နှင့် အလုပ်သမားများကြား ဘက်လိုက်ညှိနှိုင်းမှုများ ရှိနေဆဲဖြစ်သောကြောင့် အလုပ်သမားများ၏ ဆန္ဒဖော်ထုတ်မှုများ ဆက်လက် ရှိနေမှာသာဖြစ်ကြောင်း ပြောကြားသည်။

တရားစွဲဆို ခံနေရသူများတွင် မြေယာ သိမ်းဆည်းခံနေရသည့် လယ်သမားများနှင့် မိမိအိုးအိမ်အား သိမ်းဆည်းခံနေရသောကြောင့် ဆန္ဒထုတ်ဖော်သူများလည်း ပါဝင်ကြောင်း ဦးရဲအောင်က ပြောကြားသည်။

အစိုးရအနေနှင့် ဖမ်းဆီးထားသူများ အားလွှတ်ပေးနေသော်လည်း ထပ်မံတရားစွဲဆိုနေမှုများ၊ ထပ်မံ ပြစ်ဒဏ်စီရင်နေမှုများနှင့် ပတ်သက်ပြီး နိုင်စစ်ကော်မတီဝင် ဦးရဲအောင်က "ကျွန်တော်တို့ နိုင်စစ်ကော်မတီကနေ နိုင်ငံရေး အကျဉ်းသားတွေကို စိစစ်ပြီး သမ္မတထံ တင်ပြတယ်။ သမ္မတက လွှတ်ပေးတယ်။နောက်ထပ် တက်ကြွလှုပ်ရှားသူတွေကို ဖမ်းပြီး ပြစ်ဒဏ် ထပ်ချတယ်ဆိုတော့ နိုင်စစ်ကော်မတီက အလုပ်ရှုပ်တာပေါ့ဗျာ။ အစိုးရအဖွဲ့ထဲမှာရော၊ ကျွန်တော်တို့ ကော်မတီနဲ့ အလုပ်လုပ်တဲ့ နေရာမှာရော ချောချောမွေ့မွေ့ အလုပ်မလုပ်ရဘဲ ထိပ်တိုက်တွေ့နေသလိုမျိုး ဖြစ်နေတာပေါ့နော်။ နှစ်ကုန်ရင် နိုင်ငံရေး အကျဉ်းသားအကုန်လုံး လွှတ်မယ်ဆိုတာကလည်း ဒီလိုထိပ်တိုက်တွေ့နေတဲ့ ကိစ္စတွေကို ဖြေရှင်းမှသာ နိုင်ငံရေး အကျဉ်းသားကုန်မှာ ဖြစ်တယ်။ အချုပ်နဲ့ တရားစွဲဆိုခံထားရတဲ့ လူတွေကလည်း မြန်မာနိုင်ငံ အနှံ့အပြားမှာ ရှိနေပါတယ်။ ပုဒ်မ ၁၈ နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ပြောချင်တာက ဒီပုဒ်မတွေနဲ့ ဆက်ဖမ်းနေမယ်ဆိုရင်တော့ နိုင်ငံရေး အကျဉ်းသားတွေကတော့ ရှိနေမှာပဲ ဖြစ်တယ်" ဟု ပြောကြားသည်။

သမ္မတ ဦးသိန်းစိန်အနေဖြင့် နိုင်ငံရေးအရ တင်းမာမှု လျော့ပါးစေရန်၊ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုများ ထိရောက်စေရန် ပြောကြားနေသော်လည်း လက်တွေ့ အကောင်အထည် ဖော်သည့်နေရာတွင် ရလဒ်များကို မတွေ့ရှိသည့်အပေါ် ဝေဖန်ပြောဆိုမှုများ အများအပြားရှိနေပြီး နိုင်ငံရေးအရ တည်ငြိမ်မှုမရှိသဖြင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုအနေဖြင့်လည်း မျှော်မှန်းသလောက် လာရောက်ခဲ့ခြင်း မရှိသေးပေ။

သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့အနေနှင့် ဖြေရှင်းစရာ ပြဿနာများအဖြစ် မြေယာပြဿနာများ၊ အလုပ်ရှင် အလုပ်သမား ပြဿနာများ၊ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပြဿနာများ၊ ငြိမ်းချမ်းရေး ဆွေးနွေးရေးနှင့် တိုင်းရင်းသား လက်နက်ကိုင်များ တောင်းဆိုနေသည့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများကိုလည်း ဖြေရှင်းနိုင်ခြင်း မရှိသဖြင့် အများပြည်သူအနေနှင့် နိုင်ငံရေး အကျဉ်းသားအားလုံး ကုန်ရမည်ဟု ပြောဆိုခဲ့သည့်အပေါ် သံသယဖြင့် စောင့်ကြည့်နေသည်ဟုလည်း နိုင်ငံရေး အကျဉ်းသားဟောင်းများက ဝေဖန်မှုများ ရှိနေသည်။      

Eleven Media Group 

ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆိုခံထားရသည့် ကိုရဲမင်းဦးအား ဗဟန်းတရားရုံး ရုံးချိန်းတွင် တွေ့ရစဉ်(ဓာတ်ပုံ-ဝေလင်းအောင်)
အစိုးရသစ် တက်လာပြီးနောက် နိုင်ငံရေးနှင့် ဆက်နွှယ်သဖြင့် တရားရင်ဆိုင်နေရဆဲ လူပေါင်း ၂၅၀ ရှိပြီး ပြစ်ဒဏ်ခံနေရဆဲ ၂၆ ဦးအထိ ရှိနေကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော် မတီဝင် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ဦးရဲအောင်က The Daily Eleven ကို ပြောကြားသည်။


နိုင်ငံတော်သမ္မတက ယခုနှစ်အကုန်တွင် နိုင်ငံရေး အကျဉ်းသားအားလုံး အားလွှတ်ပေးမည်ဟု ပြောကြား ထားသော်လည်း နိုင်ငံရေးနှင့် ဆက်နွှယ်သည့် ဥပဒေများဖြစ်သည့် ငြိမ်းစုစီ ဥပဒေဖြစ်သော ပုဒ်မ ၁၈၊ ၅၀၅ (ခ)တို့ဖြင့် လည်းကောင်း၊ အသင်းအဖွဲ့ ဥပဒေဆိုင်ရာ ပုဒ်မ ၆ ဖြင့် လည်းကောင်း တရားရင်ဆိုင်နေရသူများ များပြားနေခြင်းအပေါ် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သည့် ဦးလှရွှေက "နိုင်ငံရေး တင်းမာ မှုတွေ လျော့သွားပြီလား၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုအနေနဲ့ အောက်ခြေအထိ ထိရောက်နေပြီလား ဆိုတဲ့မေးခွန်းကို ဖြေဆိုစေချင်ပါတယ်။ အဓိကကတော့ စစ်မှန်တဲ့ Democratic Reform ဖြစ်မှ သာလျှင် နိုင်ငံရေးအကျဉ်းသားဆိုတာ ကုန်သွားမယ်လို့ ယုံ ကြည်တယ်"ဟု ပြောကြားသည်။

တရားစွဲဆိုခံနေရသူများထဲတွင် အလုပ်သမားများလည်း ပါဝင်သောကြောင့် အလုပ်သမား အရေးဆောင် ရွက်နေသူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဒေါ်မာမာဦးက အလုပ်သမားများ၏ ဘ၀အခြေအနေမှာ ဘာမှပြောင်းလဲမှု မရှိသည့်အပြင် အစိုးရအနေနှင့် အလုပ်ရှင်နှင့် အလုပ်သမားများကြား ဘက်လိုက်ညှိနှိုင်းမှုများ ရှိနေဆဲဖြစ်သောကြောင့် အလုပ်သမားများ၏ ဆန္ဒဖော်ထုတ်မှုများ ဆက်လက် ရှိနေမှာသာဖြစ်ကြောင်း ပြောကြားသည်။

တရားစွဲဆို ခံနေရသူများတွင် မြေယာ သိမ်းဆည်းခံနေရသည့် လယ်သမားများနှင့် မိမိအိုးအိမ်အား သိမ်းဆည်း ခံနေရသောကြောင့် ဆန္ဒထုတ်ဖော်သူများလည်း ပါဝင်ကြောင်း ဦးရဲအောင်က ပြောကြားသည်။

အစိုးရအနေနှင့် ဖမ်းဆီးထားသူများ အားလွှတ်ပေးနေသော်လည်း ထပ်မံတရားစွဲဆိုနေမှုများ၊ ထပ်မံ ပြစ်ဒဏ် စီရင်နေမှုများနှင့် ပတ်သက်ပြီး နိုင်စစ်ကော်မတီဝင် ဦးရဲအောင်က "ကျွန်တော်တို့ နိုင်စစ်ကော်မတီကနေ နိုင်ငံရေး အကျဉ်းသားတွေကို စိစစ်ပြီး သမ္မတထံ တင်ပြတယ်။ သမ္မတက လွှတ်ပေးတယ်။နောက်ထပ် တက်ကြွလှုပ်ရှားသူတွေကို ဖမ်းပြီး ပြစ်ဒဏ် ထပ်ချတယ် ဆိုတော့ နိုင်စစ်ကော်မတီက အလုပ်ရှုပ်တာပေါ့ဗျာ။ အစိုးရအဖွဲ့ထဲမှာရော၊ ကျွန်တော်တို့ ကော်မတီနဲ့ အလုပ်လုပ်တဲ့ နေရာမှာရော ချောချောမွေ့မွေ့ အလုပ်မလုပ်ရဘဲ ထိပ်တိုက်တွေ့နေ သလို မျိုး ဖြစ်နေတာပေါ့နော်။ နှစ်ကုန်ရင် နိုင်ငံရေး အကျဉ်းသားအကုန်လုံး လွှတ်မယ်ဆိုတာကလည်း ဒီလိုထိပ်တိုက်တွေ့နေတဲ့ ကိစ္စတွေကို ဖြေရှင်းမှသာ နိုင်ငံရေး အကျဉ်းသားကုန်မှာ ဖြစ်တယ်။ အချုပ်နဲ့ တရားစွဲဆိုခံထားရတဲ့ လူတွေကလည်း မြန်မာနိုင်ငံ အနှံ့အပြားမှာ ရှိနေပါတယ်။ ပုဒ်မ ၁၈ နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ပြောချင်တာက ဒီပုဒ်မတွေနဲ့ ဆက်ဖမ်းနေမယ်ဆိုရင်တော့ နိုင်ငံရေး အကျဉ်းသားတွေကတော့ ရှိနေမှာပဲ ဖြစ်တယ်" ဟု ပြောကြားသည်။

သမ္မတ ဦးသိန်းစိန်အနေဖြင့် နိုင်ငံရေးအရ တင်းမာမှု လျော့ပါးစေရန်၊ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုများ ထိရောက်စေရန် ပြောကြားနေသော်လည်း လက်တွေ့ အကောင်အထည် ဖော်သည့်နေရာတွင် ရလဒ်များကို မတွေ့ရှိသည့်အပေါ် ဝေဖန်ပြောဆိုမှုများ အများအပြားရှိနေပြီး နိုင်ငံရေးအရ တည်ငြိမ်မှုမရှိသဖြင့် နိုင်ငံ တကာမှ ရင်းနှီးမြှုပ်နှံမှုအနေဖြင့်လည်း မျှော်မှန်းသလောက် လာရောက်ခဲ့ခြင်း မရှိသေးပေ။

သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့အနေနှင့် ဖြေရှင်းစရာ ပြဿနာများ အဖြစ် မြေယာပြဿနာ များ၊ အလုပ်ရှင် အလုပ်သမား ပြဿနာများ၊ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပြဿနာများ၊ ငြိမ်းချမ်းရေး ဆွေးနွေးရေးနှင့် တိုင်းရင်းသား လက်နက်ကိုင်များ တောင်းဆိုနေ သည့် နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးမှုများကိုလည်း ဖြေရှင်းနိုင်ခြင်း မရှိသဖြင့် အများပြည်သူအနေနှင့် နိုင်ငံရေး အကျဉ်းသားအားလုံး ကုန်ရမည်ဟု ပြောဆိုခဲ့သည့်အပေါ် သံသယဖြင့် စောင့်ကြည့်နေ သည်ဟု လည်း နိုင်ငံရေး အကျဉ်းသားဟောင်းများက ဝေဖန်မှုများ ရှိနေသည်။

Eleven Media Group

ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆိုခံထားရသည့် ကိုရဲမင်းဦးအား ဗဟန်းတရားရုံး ရုံးချိန်းတွင် တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

No comments:

Post a Comment