Thursday, December 5, 2013

ကမ္ဘာ့ထိပ်တန်း တွေးခေါ်သူများစာရင်းတွင် မြန်မာနိုင်ငံသား ထပ်မံရွေးချယ်ခံရ

အမေရိကန်အခြေစိုက် Foreign Policy မဂ္ဂဇင်းပါ ၂၀၁၃ခုနှစ် ကမ္ဘာ့ထိပ်တန်းတွေးခေါ်သူများ စာရင်းတွင် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းရေးဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦး ရွေးချယ်ခြင်း ခံခဲ့ရကြောင်း ယင်း အဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဒေါက်တာသန့်မြင့်ဦးသည် ရန်ကုန်မြို့ပြစီမံကိန်းရေးဆွဲခြင်းနှင့် မြို့ပြအမွေအနှစ်များထိန်းသိမ်းစောင့်ေ ရှာက်ခြင်းနှင့်ပတ်သက်ပြီး အများပြည်သူ အာရုံစိုက်မှုရရန် ကြိုးပမ်းခဲ့မှုကြောင့် ယင်းသို့ရွေးချယ်ခံ ခဲ့ရခြင်းဖြစ် သည်။

“ဒီလိုထည့်သွင်းခံရတာဟာ ပြီးခဲ့တ့နှစ်အတွင်း ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့မှာရှိတဲ့ တစ်ဦး တစ်ယောက် တိုင်းရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုခံရတာဖြစ်သလို ရန်ကုန်မြို့ပြစီမံခန့်ခွဲမှုရဲ့ အရေးပါမှု ကိုလည်း ထုတ်ဖော်ပြလိုက်တာပဲဖြစ်ပါတယ်”ဟု ဒေါက်တာသန့်မြင့်ဦးကဆိုသည်။

ဒေါက်တာ သန့်မြင့်ဦးသည် စာရေးဆရာ တစ်ဦးလည်းဖြစ်ပြီး The River of Lost Footsteps နှင့် Where China Meets India: Burma and the New Crossroads of Asia စသည့် စာအုပ်များကို ရေးသား ခဲ့သူဖြစ် သည်။ထို့အပြင် နယူးယောက်တိုင်းသတင်းစာ၊ ၀ါရှင်တန်ပို့စ်သတင်း၊ Internation Herald Tribune နှင့် Los Angeles Times သတင်းစားများတွင်လည်း ဆောင်းပါးများရေးသားနေသည်။

Foreign Policy မဂ္ဂဇင်းမှာ ကမ္ဘာ့ထိပ်တန်းတွေးခေါ်သူများစာရင်းကို ၂၀၀၅ ခုနှစ်မှ စတင်ပြုစု ထုတ်ပြန်ပေး ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်ကလည်း သမ္မတဦးသိန်းစိန်နှင့် အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည် တို့ ပူးတွဲရရှိခဲ့သေးသည်။

ယခုနှစ်တွင် ရွေးချယ်ခြင်းခံခဲ့ရသည့် ကမ္ဘာ့ထိပ်တန်းတွေးခေါ်သူများ စာရင်းတွင် မြန်မာနိုင်ငံ သား ဒေါက်တာ သန့်မြင့်ဦးအပြင် ရုရှသမ္မတ ဗလာဒီမာပူတင်၊ ပုပ်ရဟန်မင်းကြီး ဖရန်စစ်၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် Amazzon.com တည်ထောင်သူ ဂျက်ဖ် ဘီဇော့စ်တို့လည်းပါဝင်သည်။

Mizzima

No comments:

Post a Comment