Sunday, December 15, 2013

တောင်ကြီး လက်လုပ်အသံမြည်ဗုံး တရားခံမိပြီ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြို့မရပ်ကွက်ရှိနေအိမ်တစ်လုံး၌ လက်လုပ် ဗုံးပေါက် ကွဲမှု ဖြစ် စဉ်နှင့် ပတ်သက်၍ နောက်ဆုံးထပ်မံ စစ်ဆေးတွေ့ရှိချက်အရ လက်လက်ဗုံးတရားခံ စစ်ဆေး ရာ၌ တောင်ကြီးမြို့ ၊ကံသာရပ်၊ဂျိုးဖြူလမ်းတွင်နေထိုင်သူ ဦးရရှစ်ခန်း(ခ)ဦးရဲလွင်၊ (၅၃)နှစ်၊ (ဘ)ဦးရဲမြင့်က ပြုလုပ်ပေးခဲ့သည်ဟု စစ်ဆေးတွေ့ရှိရကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

လွန်ခဲ့သော တန်ဆောင်တိုင်ပြီးဖို့ (၂)ရက်အလိုခန့်က လက်ဖက်ရည်ဆိုင်တွင် ဦးဟာဂျီယူစွတ် (ခ) ဦးမြင့်သိန်းနှင့် ဦးရရှစ်ခန်း(ခ)ဦးရဲလွင်တို့တွေ့ဆုံခဲ့စဉ်က ငါးမိုင်းခွဲရန်အတွက် ဦးမြင့်သိန်းက ပြုလုပ် ခိုင်းခဲ့ကြောင်း၊ ငါးမိုင်းခွဲရန်အတွက် ၄င်းမှာရှိသည့် မြင်းသီလ(ခ)ဆေးဒန်း၊ပိုတက်(ယမ်းပြုလုပ်သော အရာ)၊ သံပိုက်လုံးအရှည် ထိပ်ပိတ်နောက်ပိတ်၊ သံပိုက်ကပ်ကော်နှင့်ပြုလုပ် ပေးခဲ့ကြောင်း ဦးရဲလွင်က ထွက်ဆိုခဲ့သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကျော်နိုင်ကပြောသည်။

ဦးရဲလွင်သည် အာရှတီဗွီပြုပြင်ရေးလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီးရပ်ကွက်ထဲတွင် တန်ဆောင်တိုင်မီးထွန်း ပွဲတော်အတွက် ယမ်းစပ်ကူရင်းက လက်လုပ်ဗုံးကို လုပ်တတ်လာသူဖြစ်ကြောင်း၎င်းနှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းမှသိရသည်။
လက်လုပ်ဗုံးတွင် ဘောစေ့နှင့်ခဲများပါဝင်ပါက နံရံတွင် စင်ထားမည်ဖြစ်ရာ ဘောစေ့ရာများတွေ့ရှိ ရမည် ဖြစ်သော်လည်း ယခုပေါက်ကွဲခဲ့သော လက်လုပ်ဗုံးတွင် ခဲနှင့်ဘောစေ့များဖြင့်ပြုလုပ်ထား သည်ကို မတွေ့ရှိ ရကြောင်း၊ အသံမြည်ရန်သက်သက်သာပြုလုပ်ထားကြောင်း ရန်ကုန် CID မှုခင်း တပ်ဖွဲ့မှဆင်း၍ စစ်ဆေးတွေ့ရှိချက်အရသိရှိရသည်။

ရှမ်းပြည်နယ် အမဲလိုင်စင်ရထားသော ဦးဟာဂျီယူစွတ်(ခ)ဦးမြင့်အောင်သည် ဆီဆိုင်၊လဲချား၊ဘန်းယဉ် ဘက်သို့ အမဲဝယ်ထွက်ရန်သွားမည့်အခါ ၄င်းဒေသများ ရှိချောင်းများတွင်ငါးမိုင်းခွဲရန်အတွက် ယူဆောင်သွားရန် နေအိမ်တွင်ကော်ဖြင့်ပိတ်ထားသည့် သံပိုက်အားဖွင့်မရ၍ ခြေတစ်ဖက်ဖြင့် နင်း၍ တစ်ဖက်က တူနှင့်သံပြားဖြင့်ရိုက်ဖွင့်ခဲ့သောကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ခြေချင်းဝတ်တစ်ဖက်ပြတ် သွားခဲ့ကြောင်း သိရှိရသည်။

လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ပြုလုပ်ပေးသူ ဦးရရှစ်ခန်း(ခ)ဦးရဲလွင်အား တောင်ကြီး မြို့မရဲစခန်းမှ ဒုရဲမှူး စခန်းမှူး ဥာဏ်လှိုင်ဦးက (ပ)နံပါတ် ၃၁၃/၂၀၁၃ ပေါက်ကွဲစေတတ်သော အရာ ၀တ္ထုများ အက်ဥပဒေပုဒ်မ- ၅ အရအမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်(မြစ်မခ)

1 comment:

  1. နောက်ထပ်တွေ့တဲ့ (၃)လုံးလဲငါးဖမ်းဖို့ဘဲထင်တယ်။

    ReplyDelete