Wednesday, December 11, 2013

ဆီးဂိမ်း သတင်းယူမည့် အားကစားဓာတ်ပုံ ဆရာများကို Canon က ကင်မရာများ အခမဲ့ ငှားမည်

Photo: ဆီးဂိမ်း သတင်းယူမည့် အားကစားဓာတ်ပုံ ဆရာများကို Canon က ကင်မရာများ အခမဲ့ ငှားမည်
Wednesday, 11 December 2013

နေပြည်တော် ဆီးဂိမ်း သတင်းယူမည့် ပြည်တွင်း၊ ပြည်ပ အားကစား ဓာတ်ပုံ ဆရာများကို Canon ကုမ္ပဏီမှ ကင်မရာနှင့် မှန်ဘီလူး အမျိုးမျိုးကို MPC တွင် ဒီဇင်ဘာ ၁၁ ရက်နေ့၌ စတင်၍ အခမဲ့ ငှားရမ်း ပေးမည် ဖြစ်ကြောင်း Canon Service ဌာန တာဝန်ခံ ဦးကျော်ကိုကိုမြင့် က ပြောကြားခဲ့သည်။

''ဒီကို လာမယ့် နိုင်ငံခြားသား မီဒီယာတွေ များတယ်လေ၊ သူတို့က ပစ္စည်း အပြည့်အစုံ သယ်လာဖို့ ခက် တယ်။ ဒီမှာ Canon နဲ့ သက်ဆိုင်တဲ့ ဝန်ဆောင် မှုတွေကို မီဒီယာ အားလုံးကို အခမဲ့ လုပ်ဆောင်ပေး မယ်'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အားကစား ဓာတ်ပုံ ဆရာများကို EOS Professional Camera မျိုးစုံနှင့် အဝေးကို ဆွဲရိုက်နိုင်သော မှန်ဘီ လူး (Tele Lens) အကျယ်ချဲ့နိုင်သော မှန်ဘီလူး (Wide Lens) များ စသည့် ပစ္စည်းများကိုလည်း Canon ကုမ္ပဏီမှ အခမဲ့ ဝန်ဆောင်မှု ပေးသွားမည် ဖြစ်သည်။

ယင်းအပြင် Canon ကင်မရာ အသေးစား ပြဿနာများ ကိုလည်း (MPC) ၏ Journalist Wor- king Room တွင် ဒီဇင်ဘာ ၁ဝ ရက်နေ့မှ စတင်ကာ တစ်ရက်အတွင်း ပြင်ဆင်ပေးသွားမည် ဖြစ်ပြီး ပြင်ဆင် နေစဉ်တွင် အခြားဘော်ဒီ တစ်လုံးကို အစားထိုး ငှားရမ်းသွားမည် ဖြစ်ကြောင်း၊ ငှားရမ်းခဲ့သော Canon ပစ္စည်းတစ်ခု ပျက်စီး ဆုံးရှုံး ခဲ့လျှင် တန်ဖိုးအတိုင်း ပေးလျော်ရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။

မြ၀တီ

No comments:

Post a Comment