Wednesday, December 11, 2013

အမျိုးသားမီတာ ၁၀၀၀ လေးယောက်တွဲ ကယက်လှေလှော်ပြိုင်ပွဲတွင် ထိုင်းအမျိုးသား အသင်း ရွှေ တံဆိပ်ဆု ရရှိ




(၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်၏ ကနူး/ ကယက် လှေပြိုင်ပွဲကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်က နေပြည်တော်ရှိ ငလိုက်ဆည်တွင် ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားမီတာ ၁၀၀၀ လေးယောက်တွဲ ကယက် လှေလှော်ပြိုင်ပွဲတွင် ထိုင်းအမျိုးသားအသင်းမှာ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် ထိုင်းအမျိုးသားအသင်းမှာ ၃ မိနစ် ၁၃ ဒသမ ၈၇၆ စက္ကန့်ဖြင့် ရွှေတံဆိပ်ဆုကို လည်းကောင်း၊ အင်ဒိုနီးရှားအသင်းမှာ ၃ မိနစ် ၁၈ ဒသမ ၄၇၈ စက္ကန့်ဖြင့် ငွေတံဆိပ်ဆုကို လည်းကောင်း၊ မြန်မာအသင်းမှာ ၃ မိနစ် ၁၉ ဒသမ ၁၉၈ စက္ကန့်ဖြင့် ကြေးတံဆိပ်ဆုကိုလည်းကောင်း ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲပထမနေ့တွင် ရွှေတံဆိပ်ဆုလေးခုအတွက် အမျိုးအစားလေးမျိုး ထည့်သွင်းကျင်းပခဲ့သော်လည်း ထိုင်းအသင်းမှာ အမျိုးအစား တစ်မျိုးတည်း၌သာ ဆုတံဆိပ် ရယူနိုင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အင်ဒိုနီးရှားအသင်းမှာမူ ယင်းအမျိုးအစားလေးမျိုး၌ ငွေတံဆိပ်သုံးခု ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

Eleven

No comments:

Post a Comment