Thursday, January 16, 2014

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ပုဂံမှာ တွေ့ဆုံမယ်

Photo: အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ပုဂံမှာ တွေ့ဆုံမယ် 
Thursday, January 16, 2014

အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ ဥက္ကဌ ဖြစ်လာတဲ့ မြန်မာနိုင်ငံက ဒီလာမယ့် သောကြာနေ့ကစပြီး အာဆီယံအသင်းဝင် နိုင်ငံခြားဝန်ကြီးများ အလွှတ်သဘော တွေ့ဆုံပွဲကို ပုဂံမြို့မှာ လက်ခံကျင်းပ ပြုလုပ်ဖို့ရှိပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အာဆီယံအစည်းအဝေးကျင်းပဖို့ အဆင်သင့်ဖြစ်နေပြီလို့ မြန်မာအစိုးရက ပြောဆိုလိုက်ပါတယ်။

နိုင်ငံခြားကိုယ်စားလှယ်တွေကို သယ်ယူပို့ဆောင်ရာမှာ အဆင်ပြေအောင် BMW နဲ့ limousines ဇိမ်ခံကားတွေလည်း စီးပွားရှင်တွေက လျူဒါန်းထားတဲ့အတွက် သယ်ယူပို့ဆောင်ရေးမှာလည်း အသင့်ဖြစ်နေပြီလို့ သိရပါတယ်။

အာဆီယံအသင်းဟာ ကမ္ဘာ့နိုင်ငံရေးမှာ ထွန်းတောက်လာတဲ့ ကြယ်တပွင့်ဖြစ်နေပြီး မြန်မာနိုင်ငံက ဥက္ကဌအဖြစ် ဆောင်ရွက်စဉ်အတွင်း ပိုပြီး ထွန်းတောက်လာအောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း မြန်မာအစိုးရက ပြောပါတယ်။

လာအိုနဲ့ ကမ္ဘောဒီးယားလို နိုင်ငံတွေက အာဆီယံ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့တုန်းက အဲဒီနိုင်ငံအပေါ် မျော်လင့်ချက်တွေ သိပ်မထားခဲ့တဲ့အတွက် အဲဒီနိုင်ငံတွေက ထင်တာထက်တောင် လုပ်နိုင်စွမ်းရှိခဲ့တယ်ဆိုပြီး သုံးသပ်ခဲ့ကြပေမယ့် မြန်မာနိုင်ငံအပေါ်မှာတော့ မျော်လင့်ချက် ကြီးကြီးမားမား ထားကြတဲ့အတွက် မျော်လင့်ထားသလို လုပ်ပြနိုင်ဖို့ လိုအပ်နိုင်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ သြစတြေးလျက စီးပွားရေးပညာရှင် ဒေါက်တာ Sean Turnell က ပြောပါတယ်။

ဒီနှစ်အတွင်း လာအိုနိုင်ငံက အာဆီယံ ဥက္ကဌအဖြစ် ဆောင်ရွက်ရမှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံက ရယူလိုက်တာကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းနဲ့ ကမ္ဘာကို ပြန်ပြီး အဆက်အသွယ်လုပ်ခြင်ကြောင်း ပြသလိုက်သလို ဖြစ်တယ်လို့ အရှေ့တောင်အာရှအရေး ကျွမ်းကျင်သူ Carl Thayer ကလည်း သုံးသပ်ထားပါတယ်။

မြန်မာနိုင်ငံက ဥက္ကဌအဖြစ် ဆောင်ရွက်တုန်း တရုတ်နဲ့ အာဆီယံနိုင်ငံအကြား ဖြစ်နေတဲ့ ပင်လယ်ပြင် ပိုင်ဆိုင်မှု ပြဿနာကို ဦးဆောင်ဆွေးနွေးရမှာ ဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံကို တောက်လျောက် ထောက်ပံ့ကူညီခဲ့တဲ့ မိတ်ဖက်နိုင်ငံ ဖြစ်တဲ့အတွက် ဒီလို ဆွေးနွေးမှုအတွင်း မြန်မာအနေနဲ့ တရုတ်ဖက်ကို ဘက်မလိုက်အောင် အနီးကပ် စောင့်ကြည့်တာတွေ ခံရနိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အာဆီယံအစည်းအဝေးသာမက အရှေ့အာရှ ညီလာခံကိုပါ လက်ခံ ကျင်းပရမှာဖြစ်ပြီး အဲဒီညီလာခံကို တရုတ်၊ ရုရှားနဲ့ အမေရိကန်နိုင်ငံက ထိပ်သီးခေါင်းဆောင်တွေပါ တက်ရောက်လေ့ရှိပါတယ်။

ABC Radio Australia
အရှေ့တောင်အာရှ ​နိုင်ငံများအသင်း ​အာဆီယံ ​ဥက္ကဌ ​ဖြစ်လာတဲ့ ​မြန်မာနိုင်ငံက ​ဒီလာမယ့် ​သောကြာနေ့ ကစပြီး ​အာဆီယံအသင်းဝင် ​နိုင်ငံခြားဝန်ကြီးများ ​အလွှတ်သဘော ​တွေ့ဆုံပွဲကို ​ပုဂံမြို့မှာ ​လက်ခံကျင်း ပ ​ပြုလုပ်ဖို့ရှိပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ​အာဆီယံအစည်းအဝေးကျင်းပဖို့ ​အဆင်သင့်ဖြစ်နေပြီလို့ ​မြန်မာ အစိုးရက ​ပြောဆို လိုက် ပါတယ်။

နိုင်ငံခြားကိုယ်စားလှယ်တွေကို ​သယ်ယူပို့ဆောင်ရာမှာ ​အဆင်ပြေအောင် ​BMW ​နဲ့ ​limousines ​ဇိမ်ခံကားတွေလည်း ​စီးပွားရှင်တွေက ​လျူဒါန်းထားတဲ့အတွက် ​သယ်ယူ ပို့ဆောင်ရေး မှာလည်း ​အသင့်ဖြစ်နေပြီလို့ ​သိရပါတယ်။

အာဆီယံအသင်းဟာ ​ကမ္ဘာ့နိုင်ငံရေးမှာ ​ထွန်းတောက်လာတဲ့ ​ကြယ်တပွင့်ဖြစ်နေပြီး ​မြန်မာနိုင်ငံ က ​ဥက္ကဌအဖြစ် ​ဆောင်ရွက်စဉ်အတွင်း ​ပိုပြီး ​ထွန်းတောက်လာအောင် ​လုပ်ဆောင်နိုင်လိမ့်မယ်လို့ ​ယုံကြည်ကြောင်းလည်း ​မြန်မာအစိုးရက ​ပြောပါတယ်။

လာအိုနဲ့ ​ကမ္ဘောဒီးယားလို ​နိုင်ငံတွေက ​အာဆီယံ ​ဥက္ကဌအဖြစ် ​ဆောင်ရွက်ခဲ့တုန်းက ​အဲဒီနိုင်ငံ အပေါ် ​မျော်လင့်ချက်တွေ ​သိပ်မထားခဲ့တဲ့အတွက် ​အဲဒီနိုင်ငံတွေက ​ထင်တာ ထက်တောင် ​လုပ်နိုင်စွမ်း ရှိခဲ့တယ်ဆိုပြီး ​သုံးသပ်ခဲ့ကြပေမယ့် ​မြန်မာနိုင်ငံအပေါ် မှာတော့ ​မျော်လင့်ချက် ​ကြီးကြီးမားမား ​ထားကြတဲ့ အတွက် ​မျော်လင့်ထားသလို ​လုပ်ပြနိုင်ဖို့ ​လိုအပ်နိုင်တယ်လို့ ​မြန်မာ့အရေး ​ကျွမ်းကျင်သူ ​သြစတြေးလျက ​စီးပွားရေးပညာရှင် ​ဒေါက်တာ ​Sean ​Turnell ​က ​ပြောပါတယ်။

ဒီနှစ်အတွင်း ​လာအိုနိုင်ငံက ​အာဆီယံ ​ဥက္ကဌအဖြစ် ​ဆောင်ရွက်ရမှာ ​ဖြစ်ပေမယ့် ​မြန်မာနိုင်ငံက ​ရယူလိုက် တာကို ​ကြည့်ခြင်းအားဖြင့် ​မြန်မာနိုင်ငံအနေနဲ့ ​ဒေသတွင်းနဲ့ ​ကမ္ဘာကို ​ပြန်ပြီး ​အဆက် အသွယ် လုပ်ခြင်ကြောင်း ​ပြသလိုက်သလို ​ဖြစ်တယ်လို့ ​အရှေ့တောင် အာရှအရေး ​ကျွမ်းကျင်သူ ​Carl ​Thayer ​ကလည်း ​သုံးသပ်ထားပါတယ်။

မြန်မာနိုင်ငံက ​ဥက္ကဌအဖြစ် ​ဆောင်ရွက်တုန်း ​တရုတ်နဲ့ ​အာဆီယံနိုင်ငံအကြား ​ဖြစ်နေတဲ့ ​ပင်လယ်ပြင် ​ပိုင်ဆိုင်မှု ​ပြဿနာကို ​ဦးဆောင်ဆွေးနွေးရမှာ ​ဖြစ်တယ်လို့လည်း ​သုံးသပ်ကြ ပါတယ်။

တရုတ်နိုင်ငံက ​မြန်မာနိုင်ငံကို ​တောက်လျောက် ​ထောက်ပံ့ကူညီခဲ့တဲ့ ​မိတ်ဖက်နိုင်ငံ ​ဖြစ်တဲ့အတွက် ​ဒီလို ​ဆွေးနွေးမှုအတွင်း ​မြန်မာအနေနဲ့ ​တရုတ်ဖက်ကို ​ဘက်မလိုက်အောင် ​အနီးကပ် ​စောင့်ကြည့်တာတွေ ​ခံရနိုင်တယ်လို့လည်း ​သုံးသပ်နေကြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ​အာဆီယံအစည်းအဝေးသာမက ​အရှေ့အာရှ ​ညီလာခံကိုပါ ​လက်ခံ ​ကျင်းပရမှာဖြစ်ပြီး ​အဲဒီညီလာခံကို ​တရုတ်၊ ​ရုရှားနဲ့ ​အမေရိကန်နိုင်ငံက ​ထိပ်သီးခေါင်းဆော င်တွေ ပါ ​တက်ရောက်လေ့ ရှိပါတယ်။

ABC Radio Australia

No comments:

Post a Comment