ကမ္ဘာ့ရွှေနှင့် ငွေကြေးဈေး အတက်အကျခန့်မှန်းနည်းစနစ် သင်တန်းတက်ပါက အရောင်းအဝယ်နှင့် ပတ် သက်သော ဆုံးဖြတ်ချက် မှန်မှန်ကန်ကန်ချနိုင်မည်ဖြစ်ကြောင်း လန်ဒန် မှငွေကြေးဈေးကွက် ခန့်မှန်း ပညာရှင် ဦးအောင်သိန်းထွန်း ကပြောသည်။
ထိုသင်တန်းတွင် ဒီဇိုင်းဆွဲထား ပေးသည်မှာ အပြည်ပြည်ဆိုင်ရာ Financial မားကက်တွင် ဈေးကွက် များဘယ်ကိုသွားမည်ဆိုသည်ကို ခန့်မှန်းပြီးသုံးလို့ရကြောင်း၊ သင်ကြားမည့် စနစ်များမှာ စနစ်တကျ လေ့ လာထားသော ဘာသာရပ်များ ဖြစ်ပြီး ထိုစနစ်များကို ပြည်ပက သာကျင့်သုံးကြောင်း၊ ပြည်ပတွင် ရှိသော ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီနှင့် ပတ်သက်သော အဖွဲ့အစည်း များက လည်း ၄င်းစနစ်ကိုသုံးပြီး ယင်းနည်း စနစ် များကို ပြည်တွင်းတွင်သုံးခြင်း အားဖြင့် ဘက်မှန်သည့်နေရာတွင် နေနိုင်ပြီး အခြားသူများ၏ မှန်းဆချက် များကို အားကိုးစရာမလိုဘဲ ကိုယ်တိုင် ဝင်ရောက်ခန့်မှန်းကြည့် ၍ရကြောင်း ၄င်းကပြောသည်။
''ကျွန်တော်တို့လုပ်နေတာက ကမ္ဘာ့ Financial မားကက်တစ်ခု ထဲမှာတင်မဟုတ်ပါဘူး။ ကျွန်တော် တို့ သုံးထားတဲ့ နည်းစနစ်တွေက မြန်မာ့ရွှေ၊ ငွေကြေးပေါ့။ ကမ္ဘာ့ ဈေးကွက်စနစ် တကျ ပက်ပလိတ် လုပ်ထားတဲ့ဈေးကွက်တွေ အကုန်လုံးကို ကျွန်တော်တို့ကခန့်မှန်းနိုင် ပါ တယ်။ နောက် စတော့မားကက် ကြီးပေါ်လာရင် စတော့ဈေးကွက် တွေ၊စတော့ရှယ်ယာတွေ တစ်ရက် ရက်မှာ အတက်အကျတွေအများ ကြီးဖြစ်နေတော့မယ်။ ဖြစ်ရင်ဘယ် ရှယ်ယာတွေက ဝယ်သင့်လဲ၊ ဘယ် ရှယ်ယာတွေက ရောင်းသင့်လဲဆို တာကိုဘယ်သူ့ဆီမှ အားကိုးစရာ မလိုဘဲနဲ့ ကိုယ့်ဘာသာဆုံးဖြတ် ချက်ချနိုင်တဲ့အဆင့်၊ အဲဒါမျိုးကို ကျွန်တော်တို့ ဆွဲတင်ချင် ပါတယ်''ဟု ¤င်းကပြောသည်။ သင်တန်း သင်ကြားရသော အဓိကရည်ရွယ် ချက်မှာ ရွှေ၊ ငွေ ဆိုသောနေရာတွင် မြန်မာနိုင်ငံရွှေဈေးကွက်မဟုတ် သော အပြည်ပြည်ဆိုင်ရာတွင် ထုတ် သော နည်းစနစ်များကို ပြည်တွင်းရှိ ပြည်သူများကိုချပြပြီး နောင်တစ် ချိန်တွင် Financial မားကက် ကျယ် ကျယ်ပြန့်ပြန့်ဖြစ်လာသော အချိန် တွင် အများစုမှာအရောင်းအဝယ် နှင့် ပတ်သက်သော ဆုံးဖြတ်ချက် များ မှန်မှန်ကန်ကန်ချနိုင်ရန် ရည်ရွယ်ကြောင်း၊ ၄င်းဘာသာရပ် သည် မြန်မာပြည် တွင် မရှိသေးသောဘာ သာရပ်ဖြစ်သည့်အတွက် ပြည်သူများ စနစ်မှန်မှန် ရစေချင်ကြောင်း ၄င်းကပြောသည်။
The Union Daily
No comments:
Post a Comment