Wednesday, January 29, 2014

မဆုံးနိုင်သော မူးယစ်ဆေးဝါးသံသရာ



ဒီမိုကရေစီအစိုးရ တက်လာပြီးနောက် ထောင်သွင်းအကျဉ်းချခံရသူများကို လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးနေရာမှာ အမှန် တကယ်ပြစ်ဒဏ်လျော့ပေါ့သင့်သူတွေရှိသလို အပြစ်ဒဏ်က တကယ်မလွတ်သင့်တဲ့သူ တွေလည်းရှိခဲ့ပါတယ်။ လူသတ်မှု၊ မုဒိန်းမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေနဲ့ ပြစ်ဒဏ်ခံနေသူတွေကို အပြစ်ကနေ လွတ်ငြိမ်းခွင့်မပေးသင့်ပါဘူး။ လူသတ်သမား ဟာ ထောင်အပြင်လောကရောက်တာနဲ့ လူသတ်ဖို့ပဲ သူ့မှာ ရည်ရွယ်ချက်ရှိသလို မူးယစ်ဆေးဝါးသမားကလည်း မူးယစ်ဆေးဝါးပဲပြန်လုပ်မှာပါ။ နိုင်ငံတော်အစိုးရ အနေနဲ့ တိုင်းရင်းသားတွေကို ဦးစားပေးတယ်ဆိုပေမယ့် UWSA တပ်ဖွဲ့ က မူးယစ်ဆေးဝါးခေါင်းဆောင် တွေကိုတော့ ပြန်လည်လွှတ်မပေးသင့်ပါဘူး။


နယ်မြေမှာအခြေချ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်ပြီး ငွေကြေးတွေအဆမတန် ချမ်းသာနေတဲ့ သူတွေကို ပြန်လွှတ်ပေး လိုက်တဲ့အခါမှာ သူတို့တွေ မူးယစ်ဆေးဝါးပဲပြန်လုပ်တာပါပဲ။ ခေါင်းဆောင်တွေက တော့ ဘယ်လိုဘယ် ဘ၀ပဲရောက်ေ ရာက် ငွေကြေး ချမ်းသာပြီးရင်းချမ်းသာရင်းပါပဲ။ မူးယစ်ဆေးဝါးတွေကို အမြစ်ပြတ်အောင်မလုပ်နိုင် သရွေ့ တော့ UWSA တပ်ဖွဲ့တွေအဖို့ သုံးမကုန်စားမကုန် ဖြုန်းမကုန်နိုင်အောင် ဖြစ်နေမှာပါပဲ။ ဆင်းရဲသည်ထက်ဆင်းရဲနေမှာ ကတော့ ရှမ်းပြည်နယ် မှာ ရှိကြတဲ့ ရိုးသားတဲ့တိုင်းရင်းသားတွေ ပဲဖြစ်ပါတယ်။

တပ်တွေရဲ့လက်နက်ကိုင်အနိုင်ကျင့်ခြိမ်းခြောက်မှုအမျိုးမျိုးကြောင့်  သူတို့ရဲ့ လယ်ယာမြေတွေမှာ ဘိန်းတွေစိုက်ပျိုး ပေးရ တယ်။ စိုက်ပျိုးလို့ရတဲ့ဘိန်းတွေကိုလဲ သူတို့UWSA ကိုပဲပြန်ရောင်းပေးရတယ်။ UWSA တပ်တွေနဲ့ ဆက်စပ် ပတ်သက် နေတဲ့ လူထုအတွက်တော့ သူတို့ဟာ ကျွန်လိုပဲ ခိုင်းတာလုပ်၊ပေးတာ ယူဘ၀နဲ့ပဲ နေထိုင်နေကြရပါတယ်။ ရှမ်းပြည်နယ်မှာ UWSA တပ်ဖွဲ့နဲ့ ၀လူမျိုးတွေရဲ့ အနိုင်ကျင့်မှုတွေ ကြောင့် ရှမ်းလူမျိုးတွေဟာ ကချင်ပြည်နယ် ဒါမှ မဟုတ်ရန်ုကုန်တိုင်းစတဲ့ဒေသတွေမှာ သွားရောက်နေထိုင်သူ တွေများပြားလာနေပါတယ်။

UWSA ၀တပ်တွေဟာ ငွေရဖို့ဆိုရင် လူသတ်ဖို့ ၀န်မလေးတဲ့သူတွေဖြစ်တာမို့လို့ တိတ်တဆိတ် အသတ်ခံရတဲ့ သူတွေ လည်း ရှိနေပါတယ်။ ရှမ်းပြည်နယ်မှာလူသတ်မှုဖြစ်ပွားပြီး တရားခံမဖမ်းမိတဲ့ဖြစ်စဉ် မှန်သမျှဟာ UWSA တပ်တွေရဲ့ လက်ချက်ပါပဲ။ အကြောက်တရားနဲ့လွှမ်းမိုးထားတဲ့အတွက် UWSA တပ်ဖွဲ့ ၀င်တွေရဲ့ မူးယစ်ဆေးဝါးထုတ်လုပ် ရောင်း ၀ယ်မှု တွေကို ဘယ်သူ ကမှ အမုန်းခံပြီးအစိုးရကိုသတင်းပေးမယ့် သူမရှိပါဘူး။ ဒီလိုနဲ့ပဲ UWSA ၀တပ်ဖွဲ့တွေအနေနဲ့ မဆုံးနိုင်တဲ့ မူးယစ်ဆေးဝါး သံသရာမှာ မျှောပါစီးဆင်း နေတော့မှာ ဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။

စိုင်းမောင်လေး

No comments:

Post a Comment