Thursday, January 16, 2014

အစိုးရ မဟုတ်သော ပရဟိတ လူမှုအဖွဲ့အစည်းများက ဆီးရီးယား ပြည်သူများအတွက် အမေရိကန် ဒေါ်လာ သန်း ၄ဝဝ လှူဒါန်းရန် ကတိပြု

Photo: အစိုးရ မဟုတ်သော ပရဟိတ လူမှုအဖွဲ့အစည်းများက ဆီးရီးယား ပြည်သူများအတွက် အမေရိကန် ဒေါ်လာ သန်း ၄ဝဝ လှူဒါန်းရန် ကတိပြု
Thursday, January 16, 2014

အစိုးရမဟုတ်သော ပရဟိတ လူမှုအဖွဲ့ အစည်းများဆိုင်ရာ အစည်းအဝေး တစ်ရပ်ကို ဇန်နဝါရီ ၁၄ ရက်က ကူ ဝိတ်နိုင်ငံ၌ ကျင်းပခဲ့ရာ ၎င်း အစည်းအဝေးသို့ တက်ရောက်လာသော အဖွဲ့အစည်းများက ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေသော ဆီးရီးယား ပြည်သူများအတွက် အမေရိကန် ဒေါ်လာ သန်း ၄ဝဝ (ယူရို ၂၉၂ သန်း) ပေး အပ်ရန် ကတိပြုခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သဘာပတိအဖြစ် ဆောင်ရွက်သွား မည်ဖြစ်သော ဒုတိယ အကြိမ်မြောက် ဆီးရီးယားနိုင်ငံဆိုင်ရာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု အကူ အညီပေးရေးဆိုင်ရာ ဝန်ကြီးများအဆင့် ညီလာခံမကျင်းပမီ ၁ ရက်အလိုတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ ကုလသ မ ဂ္ဂအနေဖြင့် ဆီးရီးယား လူမျိုးများအတွက် ရည်မှန်း၍ ဆီးရီးယားနိုင်ငံ အတွင်းနှင့် အိမ်နီးချင်း နိုင်ငံများတွင် ခိုလှုံ လျက်ရှိသည့် ဆီးရီးယားပြည်သူ ၁၃ ဒသမ ၄ သန်း ကျော်အတွက် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၆ ဒသမ ၅ ဘီ လီယံ အထိ တိုးမြင့်လာစေရန် ရည်ရွယ်ထားကြောင်း သိရသည်။

ဒုတိယ အကြိမ်မြောက် ဆီးရီးယားနိုင်ငံဆိုင်ရာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု အကူအညီပေး ရေးဆိုင်ရာ ညီလာခံကို ဇန်နဝါရီ ၁၅ ရက်တွင် ကျင်းပခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ အပါအ ဝင် နိုင်ငံတကာ အဖွဲ့အစည်း ၁၄ ခုနှင့် နိုင်ငံပေါင်း ၆၉ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရ သည်။

မြ၀တီ
အစိုးရမဟုတ်သော ပရဟိတ လူမှုအဖွဲ့ အစည်းများဆိုင်ရာ အစည်းအဝေး တစ်ရပ်ကို ဇန်နဝါရီ ၁၄ ရက်က ကူ ဝိတ်နိုင်ငံ၌ ကျင်းပခဲ့ရာ ၎င်း အစည်းအဝေးသို့ တက်ရောက် လာသော အဖွဲ့အစည်းများက ပြည် တွင်းစစ်ကြောင့် ဒုက္ခရောက်နေသော ဆီးရီးယား ပြည်သူများ အတွက် အမေရိ ကန် ဒေါ်လာ သန်း ၄ဝဝ (ယူရို ၂၉၂ သန်း) ပေး အပ်ရန် ကတိပြု ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သဘာပတိအဖြစ် ဆောင်ရွက် သွားမည်ဖြစ်သော ဒုတိယအကြိမ်မြောက် ဆီးရီးယားနိုင်ငံဆိုင်ရာ နိုင်ငံတကာလူသားချင်း စာနာထောက် ထားမှု အကူ အညီပေးရေးဆိုင်ရာ ဝန်ကြီးများအဆင့် ညီလာခံမကျင်းပမီ ၁ ရက်အလိုတွင် ကျင်းပခဲ့ခြင်းဖြစ် သည်။ ကုလသ မ ဂ္ဂအနေဖြင့် ဆီးရီးယား လူမျိုးများအတွက် ရည်မှန်း၍ ဆီးရီးယားနိုင်ငံ အတွင်းနှင့် အိမ်နီးချင်း နိုင်ငံများတွင် ခိုလှုံ လျက်ရှိသည့် ဆီးရီးယားပြည်သူ ၁၃ ဒသမ ၄ သန်း ကျော်အတွက် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၆ ဒသမ ၅ ဘီ လီယံ အထိ တိုးမြင့်လာစေရန် ရည်ရွယ် ထားကြောင်း သိရသည်။

ဒုတိယ အကြိမ်မြောက် ဆီးရီးယားနိုင်ငံဆိုင်ရာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု အကူအညီပေး ရေးဆိုင်ရာ ညီလာခံကို ဇန်နဝါရီ ၁၅ ရက်တွင် ကျင်းပခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ အပါအ ဝင် နိုင်ငံတကာ အဖွဲ့အစည်း ၁၄ ခုနှင့် နိုင်ငံပေါင်း ၆၉ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရ သည်။

မြ၀တီ

No comments:

Post a Comment