Thursday, January 16, 2014

ဗိုလ်ဗထူးအိမ်ရာအနီး မြေကွက်များ လေးလအတွင်း နှစ်ဆ ခန့် ဈေးနှုန်းမြင့်တက်

Photo: ဗိုလ်ဗထူးအိမ်ရာအနီး မြေကွက်များ လေးလအတွင်း နှစ်ဆ ခန့် ဈေးနှုန်းမြင့်တက်
Thursday, January 16, 2014

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တည်ဆောက်လျက်ရှိသော ဗိုလ်ဗထူး အိမ်ရာအနီးရှိ မြေကွက် ဈေးနှုန်း များသည် လွန်ခဲ့သောလေးလက ဈေးနှုန်းထက် နှစ်ဆနီးပါးအထိ မြင့်တက် လာကြောင်း ရန်ကုန်မြို့အတွင်းရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ပြောကြားသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) ၄၈ ရပ်ကွက်တွင် အကောင်အထည် ဖော်နေသော ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်းရှိ တိုက်ခန်းများကို ယခုလအတွင်း ကြိုတင် ရောင်းချနေသောကြောင့် အိမ်ရာအနီး အနားရှိ မြေကွက်များ ဈေးနှုန်း မြင့်တက်လာခြင်း ဖြစ်ကြောင်း စိုင်းခွန်နောင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးရန်အောင်က ပြောကြားသည်။

“အရင်သိန်း ၆၀၀ လောက်ရှိတဲ့ မြေတစ်ကွက်ကို အခုသိန်း ၁၀၀၀ ကျော်လောက် ဖြစ်လာတယ်” ဟု ၎င်းက ပြောဆိုသည်။

ဗိုလ်ဗထူး အိမ်ရာအနီး မြေဈေး တက်သော်လည်း အခြားနေရာများတွင် ပုံမှန်အတိုင်းသာ ဖြစ်ကြောင်း အာရှမြေ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဒေါ်လီလီက ပြောကြားသည်။

လက်ရှိရန်ကုန်မြို့၏ အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် အရောင်းအဝယ် ဆက်လက် အေးလျက်ရှိပြီး ငှားရမ်းမှုများပါ ပြန်လည် လျော့နည်းနေကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။

The Voice Weekly
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တည်ဆောက်လျက်ရှိသော ဗိုလ်ဗထူး အိမ်ရာအနီး ရှိ မြေကွက် ဈေးနှုန်းများသည် လွန်ခဲ့သောလေးလက ဈေးနှုန်းထက် နှစ်ဆနီးပါး အထိ မြင့်တက် လာကြော င်း ရန်ကုန်မြို့အတွင်းရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ပြောကြားသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း) ၄၈ ရပ်ကွက်တွင် အကောင်အထည် ဖော်နေသော ဗိုလ်ဗထူး တန်ဖိုး မျှတ အိမ်ရာစီမံကိန်းရှိ တိုက်ခန်းများကို ယခုလအတွင်း ကြိုတင် ရောင်းချနေသောကြောင့် အိမ်ရာအနီး အနား ရှိ မြေကွက်များ ဈေးနှုန်း မြင့်တက်လာခြင်း ဖြစ်ကြောင်း စိုင်းခွန်နောင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း မှ မန်နေဂျာ ဦးရန်အောင်က ပြောကြားသည်။

“အရင်သိန်း ၆၀၀ လောက်ရှိတဲ့ မြေတစ်ကွက်ကို အခုသိန်း ၁၀၀၀ ကျော်လောက် ဖြစ်လာ တယ်” ဟု ၎င်းက ပြောဆိုသည်။

ဗိုလ်ဗထူး အိမ်ရာအနီး မြေဈေး တက်သော်လည်း အခြားနေရာများတွင် ပုံမှန်အတိုင်းသာ ဖြစ်ကြောင်း အာရှမြေ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဒေါ်လီလီက ပြောကြား သည်။

လက်ရှိရန်ကုန်မြို့၏ အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် အရောင်းအဝယ် ဆက်လက် အေးလျက်ရှိပြီး ငှားရမ်းမှု များပါ ပြန်လည် လျော့နည်းနေကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရ သည်။

The Voice Weekly

No comments:

Post a Comment