Thursday, January 16, 2014

ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ် နေအိမ် ဖောက်ခွဲရေးပစ္စည်းဖြင့် တိုက်ခိုက်ခံရ

Photo: ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ် နေအိမ် ဖောက်ခွဲရေးပစ္စည်းဖြင့် တိုက်ခိုက်ခံရ
Thursday, January 16, 2014

ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ် နေအိမ် ဖောက်ခွဲရေး ပစ္စည်းဖြင့် တိုက်ခိုက် ခံရခြင်းကြောင့် ခေါင်မိုး ပျက်စီးသွားပြီး၊ ပြတင်းပေါက် မှန်များ ကွဲသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းတွင် ဖော်ပြထားသည်။

ဒီမိုကရက်တစ်ခေါင်းဆောင် အဘီဆစ်၏ နေအိမ်တွင်းသို့ အင်္ဂါနေ့ ညသန်းခေါင်ယံ အချိန်တွင် ဖောက်ခွဲရေး ပစ္စည်းဖြင့် ပစ်သွင်း တိုက်ခိုက်ခဲ့သော်လည်း တစ်စုံတစ်ဦးမျှ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။
ထို့အပြင် တိုက်ခိုက်မှု ဖြစ်ပွားချိန် တွင် ဝန်ကြီးချုပ်ဟောင်း အဘီဆစ်နှင့် မိသားစု မှာ နေအိမ်တွင် ရှိမနေခဲ့ပေ။

တိုက်ခိုက်မှုနှင့် ပတ်သက်၍ သံသယရှိသူ လေးဦးကို ထိန်းသိမ်း လိုက်သော်လည်း သက်သေခိုင်လုံမှု မရှိသဖြင့် ပြန်လွှတ် ပေးလိုက်ကြောင်း ဘန်နမ်ရဲတပ်ဖွဲ့ အကြီးအကဲ ပိုကို သာဝပ်ကီယတ်က ပြောကြားသည်။

“ပေါက်ကွဲမှုကြောင့် အိမ်ခေါင်မိုး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ပါတယ်။ ဒါက ဗုံးမဟုတ်ပါဘူး။ မီးရှူးမီးပန်း အကြီးစားတစ်ခု ဖြစ်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု အဘီဆစ် နေအိမ်အနီးရှိ ရဲစခန်းမှ အရာရှိ တစ်ဦးက ပြောကြားသည်။

ထိုင်းအစိုးရအဖွဲ့ ဖြုတ်ချရေး ဆန္ဒပြသမားများ ဘန်ကောက် မြို့တော်အတွင်း စခန်းချ ဆန္ဒပြနေစဉ် ယခုကဲ့သို့သော ဝန်ကြီးချုပ်ဟောင်း နေအိမ်ကို တိုက်ခိုက်မှု ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ဆန္ဒပြပွဲများတွင် အဘီဆစ်နှင့် အခြားသော ဒီမိုကရက်တစ် ခေါင်းဆောင်များက ပူးပေါင်း ပါဝင်လျက်ရှိပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲ ဝင်ရန် ငြင်းဆန်လျက် ရှိသည်။

ဘန်ကောက်မြို့အခြေစိုက် ထိုင်း လူလတ်တန်းစားများ၊ တော်ဝင် ဝါဒီများနှင့် လက်ရှိ ဝန်ကြီးချုပ် ယင်းလပ်၏အကို သက်ဆင် အပေါ် ထောက်ခံသည့် ကျေးလက်နေ ထိုင်းအခြေခံ လူတန်းစားများကြား ရှစ်နှစ်ကျော်ကြာ ပဋိပက္ခများ ဖြစ်ပွားလျက်ရှိပြီး လက်ရှိ မတည်ငြိမ်မှုများမှာ နောက်ဆုံး ပေါ်ထွက်လာသော မတည်ငြိမ်မှုများ ဖြစ်သည်။

အဘီဆစ် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင် ဘန်ကောက် မြို့လည်၌ နှစ်လကြာ အခြေပြု ဆန္ဒပြနေသော ဘက်ဆင်ထောက်ခံရေး ဆန္ဒပြသမားများကို ရှင်းလင်းရန် စစ်သားများ စေလွှတ်ခဲ့သဖြင့် လူပေါင်း ၉၀ ကျော် သေဆုံးခဲ့သည်။

လက်ရှိဖြစ်ပွားနေသော ဆန္ဒပြမှု များ၏ ခေါင်းဆောင် ဆူတက်မှာ ယင်းကာလအတွင်း ဝန်ကြီးချုပ် အဘီဆစ်၏ လက်ထောက်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ဆန္ဒပြသမားများအား အင်အားသုံး ဖြေရှင်းမှုကို ကြီးကြပ်ခဲ့သူ ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း အဘီဆစ်မှာ ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ထိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး လက်ရှိတွင် ထိုင်းနိုင်ငံ၏ အင်အားအကြီးမားဆုံး အတိုက်အခံပါတီ ဖြစ်သော ဒီမိုကရက်တစ်ပါတီကို ဦးဆောင်နေသူ ဖြစ်သည်။

The Voice Weekly
ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ် နေအိမ် ဖောက်ခွဲရေး ပစ္စည်းဖြင့် တိုက်ခိုက် ခံရခြင်းကြော င့် ခေါင်မိုး ပျက်စီးသွားပြီး၊ ပြတင်းပေါက် မှန်များ ကွဲသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းတွင် ဖော်ပြထားသည်။
ဒီမိုကရက်တစ်ခေါင်းဆောင် အဘီဆစ်၏ နေအိမ်တွင်းသို့ အင်္ဂါနေ့ ညသန်းခေါင်ယံ အချိန် တွင် ဖောက်ခွဲရေး ပစ္စည်းဖြင့် ပစ်သွင်း တိုက်ခိုက်ခဲ့သော်လည်း တစ်စုံတစ်ဦးမျှ ထိခိုက် ဒဏ်ရာ မရရှိခဲ့ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။ ထို့အပြင် တိုက်ခိုက် မှု ဖြစ်ပွားချိန် တွင် ဝန်ကြီးချုပ်ဟောင်း အဘီဆစ်နှင့် မိသားစု မှာ နေအိမ်တွင် ရှိမနေခဲ့ပေ။

တိုက်ခိုက်မှုနှင့် ပတ်သက်၍ သံသယရှိသူ လေးဦးကို ထိန်းသိမ်း လိုက်သော်လည်း သက်သေ ခိုင်လုံမှု မရှိသဖြင့် ပြန်လွှတ် ပေးလိုက်ကြောင်း ဘန်နမ်ရဲတပ်ဖွဲ့ အကြီးအကဲ ပိုကို သာဝပ်ကီယတ် က ပြောကြားသည်။

“ပေါက်ကွဲမှုကြောင့် အိမ်ခေါင်မိုး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ပါတယ်။ ဒါက ဗုံးမဟုတ်ပါဘူး။ မီးရှူး မီးပန်း အကြီးစားတစ်ခု ဖြစ်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု အဘီဆစ် နေအိမ် အနီးရှိ ရဲစခန်းမှ အရာရှိ တစ်ဦးက ပြောကြားသည်။

ထိုင်းအစိုးရအဖွဲ့ ဖြုတ်ချရေး ဆန္ဒပြသမားများ ဘန်ကောက် မြို့တော်အတွင်း စခန်းချ ဆန္ဒပြနေစဉ် ယခုကဲ့သို့သော ဝန်ကြီးချုပ်ဟောင်း နေအိမ်ကို တိုက်ခိုက်မှု ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ဆန္ဒပြပွဲများတွင် အဘီဆစ်နှင့် အခြားသော ဒီမိုကရက်တစ် ခေါင်းဆောင်များက ပူးပေါင်းပါဝင်လျက်ရှိပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကျင်းပရန်စီစဉ်ထားသည့် ရွေးကောက် ပွဲ ဝင်ရန် ငြင်းဆန်လျက် ရှိသည်။

ဘန်ကောက်မြို့အခြေစိုက် ထိုင်းလူလတ်တန်းစားများ၊ တော်ဝင် ဝါဒီများနှင့် လက်ရှိ ဝန်ကြီး ချုပ် ယင်းလပ်၏အကို သက်ဆင် အပေါ် ထောက်ခံသည့် ကျေးလက်နေ ထိုင်းအခြေခံ လူတန်းစားများကြား ရှစ်နှစ်ကျော်ကြာ ပဋိပက္ခများ ဖြစ်ပွားလျက်ရှိပြီး လက်ရှိ မတည်ငြိမ်မှု များမှာ နောက်ဆုံး ပေါ်ထွက်လာသော မတည်ငြိမ်မှုများ ဖြစ်သည်။

အဘီဆစ် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင် ဘန်ကောက် မြို့လည်၌ နှစ်လကြာ အခြေပြု ဆန္ဒပြနေသော ဘက်ဆင်ထောက်ခံရေး ဆန္ဒပြသမားများကို ရှင်းလင်း ရန် စစ်သားများ စေလွှတ်ခဲ့သဖြင့် လူပေါင်း ၉၀ ကျော် သေဆုံးခဲ့သည်။

လက်ရှိဖြစ်ပွားနေသော ဆန္ဒပြမှု များ၏ ခေါင်းဆောင် ဆူတက်မှာ ယင်းကာလအတွင်း ဝန်ကြီးချုပ် အဘီဆစ်၏ လက်ထောက်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ဆန္ဒပြသမားများအား အင်အားသုံး ဖြေရှင်းမှုကို ကြီးကြပ်ခဲ့သူ ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း အဘီဆစ်မှာ ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ထိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး လက်ရှိတွင် ထိုင်းနိုင်ငံ၏ အင်အားအကြီးမားဆုံး အတိုက်အခံပါတီ ဖြစ်သော ဒီမိုကရက်တစ်ပါတီကို ဦးဆောင်နေသူ ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment