Thursday, January 16, 2014

ပေါက်တော ဆင်​တက်​​မော်​ မွတ်ဆလင် ဒုက္ခသည်​စခန်း မီး​လောင်

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော် မူဆလင် ဒုက္ခသည် စခန်းတွင် ယနေ့နံနက် က မီးလောင်း မူဖြစ်ပွားရာ အနည်းဆုံးအဆောင် ၃၀ ကျော်မီးထဲပါသွားသည်ဟုသတင်း ရရှိသည်။
မီးလောင်မူ ဖြစ်ပွားခဲ့ခြင်းကို ၎င်းမီးလောင်ရာသို့ စစ်ဆေးရန် ရောက်နေသူ ရဲအရာရှိ တစ်ဦးက ယခုလို အတည်ပြု ပြောကြားသည်။

“ မီးစလောင်တာက နံနက် တစ်နာရီခန့်မှာ အဆောင်အမှတ် ၈၇ က စလောင်တယ်။ အဲဒီ အဆောင် က ဘင်္ဂလီလူမျိုး ဟန်​နီဘာ အသက်​ ၅၀ နှစ်​ နေတဲ့ အဆောင်ဖြစ်တယ်။ မီးက ၁ နာရီ မိနစ် ၅၀ မှာမီးက ငြိမ်းသွားတယ်” ဟု ၎င်းရဲအရာရှိက ပြောသည်။

မီးလောင်မူကြောင့် ရှစ်​ခန်းတွဲ ​အ​ဆောင်​ ၃၁ လုံး၊ မီးဖိုဆောင် ၆  ခု၊ စာသင်​​ကျောင်းဆောင် ၂ ခု အပါ အ၀င် စုစု​ပေါင်း အဆောက်အဦး ၃၉ လုံး မီး​လောင်ပျက်စီးသွားခဲ့သည်ဟု သူက ဆို သည်။

မီးလောင်ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းအရင်းကို စတင်စစ်ဆေးနေကြောင်း သိရသည်။

ယခုအခါ မီးလောင်မူ ဖြစ်ပွားရာ ဆင်တက်မော် ဒုက္ခသည်​စခန်းသို့  ရခိုင်​ပြည်​နယ်​ အစိုးရ အဖွဲ့ဝင်​၀န်​ကြီးနှစ်​ဦး အပါအ၀င်​ မီးသတ်​တပ်​ဖွဲ့ဝင်​များ၊ စစ်​တပ်​နှင့်​ ရဲတာဝန်ရှိသူ အများအပြား ​ရောက်​ရှိ​နေ​ကြောင်း ဆင်တက်မော် ဒေသခံများက ပြောသည်။

ပေါက်တောမြို့နယ် အတွင်းရှိ မွတ်ဆလင် ဒုက္ခသည် စခန်းမီးလောင်မူမှာ ယခုတစ်ကြိမ်သည် ပထမဆုံး မဟုတ်ဘဲ လွန်ခဲ့သောနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ကလည်း ငှက်ချောင်း မွတ်ဆလင် စခန်းမီးလောင် မူကြောင့် အဆောင် (၃၄) ဆောင်မီးထဲပါသွားခဲ့သည်။

နိရဉ္စရာ

No comments:

Post a Comment