Friday, January 3, 2014

တိုင်းပြည်၏ လိုအပ်ချက်ကြောင့် လေးပွင့်ဆိုင်ဆွေးနွေး သွားရန် တောင်းဆို ခဲ့ရခြင်းဟု ဒေါ်အောင်ဆန်း စုကြည်ပြော

ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင်တွေ့ဆုံရန် တောင်းဆိုခြင်းသည် မိမိ၏မျှော်လင့်ချက် အရ တောင်းဆိုခြင်းမဟုတ်ဘဲ တိုင်း ပြည်အတွက် လိုအပ်ချက်အရ တောင်း ဆိုခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။ ဇန်နဝါရီ၂ရက်က အင်း လျားလမ်းရှိ လွှတ်တော် ရုံးခွဲတွင် ပြုလုပ်သည့် တရားဥပဒေစိုးမိုး မှုရှိရေးဆွေးနွေးပွဲအပြီး သတင်း ထောက်များ၏ မေးမြန်းချက် ကို ယင်းကဲ့သို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ''လေးပွင့်ဆိုင်ဆွေး နွေးပွဲ ကို မျှော်လင့်တာမဟုတ် ဘူး။ တိုင်းပြည်အတွက် လိုအပ် တယ်လို့ထင်တာ။ အန်တီ့မျှော် လင့်ချက် အရတောင်းတာ။ မဟုတ် ဘူး တိုင်းပြည် အတွက် လိုအပ်တယ် ထင်လို့တောင်းတာ'' ဟုပြောသည်။

ယင်းကဆက်လက်၍ဖွဲ့ စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက် ၍တတ်နိုင်သမျှ ပြည်သူလူထု၏ မျက်နှာ ကိုသာကြည့်ကြောင်း၊ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်၍ အဖွဲ့အစည်းအသီးသီးကလည်း လုပ်ဆောင်နေကြကြောင်း၊ ယခု အချိန်တွင် ဖွဲ့စည်းပုံ ပြင်ဆင် ရေး နှင့်ပတ်သက် ၍လွှတ်တော်မှဖွဲ့ စည်းထားသော ကော်မတီကိုသာ အကြံပြုနိုင်မည်ဖြစ်ကြောင်း၊ ဖွဲ့ စည်းပုံပြင်ဆင်ရာတွင် ပြည်သူများ အနေဖြင့်လည်း တွေ့ဆုံမှုများလုပ် ပေးမှ ပါဝင်နိုင်မည်ဖြစ်ကြောင်း ပြောသည်။

နန်းသီတာဝင်း
Yangon Media Group


သတင်းထောက်များ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားနေသည့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်။ ဓာတ်ပုံ- ရဲနောင်(ဖယ်ခုံ)/ရန်ကုန်တိုင်းမ်

No comments:

Post a Comment