အိန္ဒိယနိုင်ငံ၊
ဒေလီရဲတပ်ဖွဲ့သည် ဒိန်းမတ်နိုင်ငံသူတစ်ဦး အုပ်စုဖွဲ့ အဓမ္မ
ကျင့်ကြံခံရသည့် ကိစ္စနှင့် ပတ်သက်၍ မသင်္ကာသူ (၂)ဦးကို စတင်ဖမ်းဆီးလိုက်ပြီ
ဖြစ်သည်။
အသက်(၅၁)နှစ်အရွယ်ရှိ
ကမ္ဘာလှည့် ခရီးသည်အမျိုးသမီးသည် နယူးဒေလီဘူတာကြီးအနီး လမ်းပျော က်နေ စဉ်
ဂိုဏ်းဖွဲ့ မုဒိမ်းကျင့်သူ တစ်အုပ်နှင့် တိုးခဲ့ခြင်း ဖြစ်သည်။ အင်္ဂါနေ့က
ဖြစ်စဉ် တွင် အမျိုးသမီးသည် (၅)နာရီကြာမျှ ဆိုးရွားသည့် ငရဲခန်းနှင့်
တွေ့ကြုံခဲ့ရကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အုပ်စုဖွဲ့
မုဒိမ်းမှု များနှင့် ပတ်သက်၍ နာမည်ဆိုး ထွက်နေသည့် အိန္ဒိယ နိုင်ငံအနေဖြင့်
နောက်ထပ်တစ်ကြိမ် အပုပ် သတင်း ပေါ်လာခြင်း ဖြစ်သည်။ အသက်(၂၅)နှစ်ရှိ မာဟန်ဒါနှင့် ၎င်း၏အဖော် မိုဟာမက်တာဟာတို့ကို ဗုဒ္ဓဟူးနေ့ညတွင် ရဲများက ဖမ်းဆီးရမိခဲ့သည်။
ရဲတပ်ဖွဲ့သည်
၎င်းတို့ထံမှ အမျိုးသမီးကြီး အသုံးပြုခဲ့သည့် iPod၊ Nokiaဖုန်းနှင့် ရူပီးငွေ
(၁၂၀၀)တို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
မိုဟာမက် တာဟာ ထံတွင် နောက်ထပ် ရူပီးငွေ (၁၀၀၀) ကိုလည်း တွေ့ရှိခဲ့သည်။
"အဖမ်းခံရတဲ့
နှစ်ယောက်လုံးက အိမ်ခြေရာမဲ့တွေပါ။ ပြီးတော့ ဒေသတွင်း ဓားပြဂိုဏ်း တစ်ခုက
အဖွဲ့ဝင်တွေ လည်း ဖြစ်တယ်။ အရင်တုန်းက မူးယစ်ဆေးဝါးမှု၊ ခါးပိုက်နှိုက်မှု၊
ခိုးမှုတွေနဲ့လည်း အဖမ်းခံ ရဖူးတယ်။ လက်ရှိမှာတော့ သူတို့နဲ့ ဆက်နွယ်ပြီး
ဒီအမှုမှာ ပါဝင်နေသူတွေကို စုံစမ်းနေဆဲပါ"ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက
ပြောကြားသွားသည်။
Planet Myanmar Network
No comments:
Post a Comment