Wednesday, February 5, 2014

အိမ်ခန်းရရှိထားသည့် ပညာရေးဝန်ထမ်းများ အခြား နည်းဖြင့် အသုံးပြု ထားပါက အိမ်ခန်းပြန်သိမ်းပြီး ဝန်ထမ်းကို Black List စာရင်းသွင်းမည်

Photo: အိမ်ခန်းရရှိထားသည့် ပညာရေးဝန်ထမ်းများ အခြား နည်းဖြင့် အသုံးပြု ထားပါက အိမ်ခန်းပြန်သိမ်းပြီး ဝန်ထမ်းကို Black List စာရင်းသွင်းမည်
Wednesday, February 5, 2014

အိမ်ခန်းရရှိထားသော ပညာရေး ဝန်ထမ်းများအနေဖြင့် ရရှိထားသော အိမ်ခန်းများကို အခြားနည်းဖြင့်အသုံးပြု ထားကြောင်းတွေ့ရှိပါက အိမ်ခန်းများကို ပြန်လည်သိမ်းဆည်းကာ ၄င်းဝန်ထမ်းအား Black List စာရင်းသွင်းသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနတိုင်းဦးစီးမှူးဦးကျော် ကျော်လင်းကပြောသည်။

မန္တလေးမြို့တော်တွင် ကိုယ်ပိုင်အိမ် ရာမရှိသည့်ဝန်ထမ်းများကိုသာဦးစားပေး ပြီး ဝန်ထမ်းအိမ်ရာချထားပေးခြင်းဖြစ်ပြီး ယခင်ကရရှိထားသော
ပညာရေးဝန်ထမ်း တချို့သည် မြို့ပေါ်တွင် ကိုယ်ပိုင်အိမ်ရာ များကို ဝယ်ယူပြီးဖြစ်သော်လည်း မူလရရှိ ထားသည့်ဝန်ထမ်းတိုက်ခန်းကို ဆက်လက် နေထိုင်ပြီး ကိုယ်ပိုင်အိမ်ရာအားငှားရမ်း ထားရှိခြင်း၊ နေထိုင်ခွင့်ရအိုးအိမ်တိုက် ခန်းအား မိသားစုစာရင်းသွင်း၍ တစ်ဆင့် အငှားချထားမှုများရှိနေသောကြောင်း ၄င်းတို့အနေဖြင့်ယခု ကဲ့သို့ပြုလုပ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

''အဲ့ဒီလိုလုပ်ဆောင်နေတယ်ဆိုပြီး တိုင်ကြားတာအမှန်တကယ်ဆိုရင် တိုက်ခန်း ကိုပြန်သိမ်းပြီး အမှန်တကယ်လိုအပ် နေတဲ့ဝန်ထမ်းတွေ
ကို ပြန်လည်ချထားပေး မယ်။
ပြီးရင်အဲဒီဝန်ထမ်းကိုနာမည်ပျက်စာရင်းထဲထည့်ပြီး နောက်ဘယ်တော့မှ အခန်းချထားမပေးတော့ဘူး''လို့ တိုင်းဦးစီး မှူးကဆိုသည်။

ထိုသို့ဖြစ်ပွားနေကြောင်းလာရောက် တိုင်ကြားသူ လေး၊ ငါးဦးခန့်ရှိသော်လည်း တိတိကျကျ အချက်အလက်မပါဝင်သည့် အတွက် တိတိကျကျတိုင်ကြားနိုင်ရန် အတွက်ယခုကဲ့သို့ စာကပ်ပေးထားခြင်း
ဖြစ်ကြောင်း၊ ၄င်းတို့ ဌာနမှတာဝန်ရှိသူ များက စစ်ဆေးသော်လည်း
ပေါ်ပေါက်မှု မရှိသဖြင့် လျှောက်ထားသူဝန်ထမ်များ အနေဖြင့် အခက်အခဲများပေါ်ပေါက်လာ ပြီးအိမ်ခန်းခွဲတမ်း ထပ်မံချထားပေးနိုင်
ခြင်းမရှိကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး
ဦးစီးဌာန မှ မန္တလေးမြို့တွင် လာရောက်တာဝန် ထမ်းဆောင်သည့် ပညာရေးဝန်ကြီးဌာန အတွက် ဝန်ထမ်းနေတိုက်ခန်းခွဲတမ်း ၁၂၇ ခန်းခွဲဝေပေးထားပြီး ဌာနအားလုံး၏ ၂၁ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း သိရ သည်။

ထို့ကြောင့် အိမ်ခန်းရရှိသော ပညာရေး ဝန်ထမ်းများ၎င်းတို့၏ အိမ်ခန်းကို အခြား နည်းလမ်းဖြင့် အသုံးပြုပါက မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတိုင်းဒေသကြီး ဦးစီးမှူးရုံးဖုန်း ဝ၂-၆၁၁၇၁ သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။

The Union Daily
အိမ်ခန်းရရှိထားသော ပညာရေး ဝန်ထမ်းများအနေဖြင့် ရရှိထားသော အိမ်ခန်းများကို အခြား နည်းဖြင့် အသုံးပြုထားကြောင်းတွေ့ရှိပါက အိမ်ခန်းများကို ပြန်လည်သိမ်းဆည်းကာ ၄င်းဝန်ထမ်း အား Black List စာရင်းသွင်းသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဦးစီး မှူး ဦးကျော် ကျော်လင်းကပြောသည်။

မန္တလေးမြို့တော်တွင် ကိုယ်ပိုင်အိမ် ရာမရှိသည့်ဝန်ထမ်းများကိုသာဦးစားပေးပြီး ဝန်ထမ်း အိမ်ရာ ချထားပေးခြင်းဖြစ်ပြီး ယခင်ကရရှိထားသော ပညာရေးဝန်ထမ်း တချို့သည် မြို့ပေါ်တွင် ကိုယ်ပိုင်အိမ်ရာ များကို ဝယ်ယူပြီးဖြစ်သော်လည်း မူလရရှိ ထားသည့်ဝန်ထမ်းတိုက်ခန်းကို ဆက်လက် နေထိုင်ပြီး ကိုယ်ပိုင်အိမ်ရာအားငှားရမ်း ထားရှိခြင်း၊ နေထိုင်ခွင့်ရအိုးအိမ်တိုက် ခန်းအား မိသားစုစာရင်းသွင်း၍ တစ်ဆင့် အငှားချထားမှုများရှိနေသောကြောင်း ၄င်းတို့ အနေဖြင့်ယခု ကဲ့သို့ပြုလုပ်ရန် စီစဉ်ရခြ င်းဖြစ်ကြောင်း သိရ သည်။

''အဲ့ဒီလိုလုပ်ဆောင်နေတယ်ဆိုပြီး တိုင်ကြားတာအမှန်တကယ်ဆိုရင် တိုက်ခန်း ကိုပြန်သိမ်းပြီး အမှန်တကယ်လိုအပ် နေတဲ့ဝန်ထမ်းတွေကို ပြန်လည်ချထားပေး မယ်။ ပြီးရင် အဲဒီဝန်ထမ်းကိုနာမည်ပျက်စာရင်းထဲထည့်ပြီး နောက်ဘယ်တော့မှ အခန်းချထားမပေးတော့ ဘူး'' လို့ တိုင်းဦးစီး မှူးကဆိုသည်။

ထိုသို့ဖြစ်ပွားနေကြောင်းလာရောက် တိုင်ကြားသူ လေး၊ ငါးဦးခန့်ရှိသော်လည်း တိတိကျကျ အချက်အလက်မပါဝင်သည့် အတွက် တိတိကျကျတိုင်ကြားနိုင်ရန် အတွက်ယခုကဲ့သို့ စာကပ်ပေးထားခြင်းဖြစ်ကြောင်း၊ ၄င်းတို့ ဌာနမှတာဝန်ရှိသူ များက စစ်ဆေးသော် လည်း ပေါ်ပေါက်မှု မရှိသဖြင့် လျှောက်ထားသူဝန်ထမ်များ အနေဖြင့် အခက်အခဲများပေါ်ပေါက် လာ ပြီးအိမ်ခန်းခွဲတမ်း ထပ်မံချထားပေးနိုင်ခြင်းမရှိကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ မန္တလေးမြို့တွင် လာရောက်တာဝန် ထမ်းဆောင် သည့် ပညာရေးဝန်ကြီးဌာန အတွက် ဝန်ထမ်းနေတိုက်ခန်းခွဲတမ်း ၁၂၇ ခန်းခွဲဝေပေးထားပြီး ဌာနအားလုံး၏ ၂၁ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း သိရ သည်။

ထို့ကြောင့် အိမ်ခန်းရရှိသော ပညာရေး ဝန်ထမ်းများ၎င်းတို့၏ အိမ်ခန်းကို အခြား နည်းလမ်းဖြင့် အသုံးပြုပါက မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတိုင်းဒေသကြီး ဦးစီးမှူးရုံးဖုန်း ဝ၂-၆၁၁၇၁ သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။

The Union Daily

No comments:

Post a Comment