Wednesday, February 5, 2014

ရဲတစ်ဦး ရိက္ခာထောက်ပံ့ငွေ တစ်နေ့ တစ်ထောင်ကျပ်နှုန်ုးပေးရန် လွှတ်တော်သို့ တင်ပြ

၂၄ နာရီ တာဝန်ထမ်းဆောင်ရ သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အ တွက် ရိက္ခာထောက်ပံ့ငွေအဖြစ် ၂ဝ၁၄-၂ဝ၁၅ ခုဘဏ္ဍာရေးနှစ်တွင် တစ်နေ့လျှင် ကျပ် ၁ဝဝဝ နှုန်းဖြင့် ၂ဝ၁၄ ခုနှစ် ဧပြီ၁ရက်နေ့မှစ၍ တိုး မြှင့်ခံစားခွင့်ပေးရန် တင်ပြထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် က ပြောသည်။

၂ဝ၁၁-၂ဝ၁၂ ခု ဘဏ္ဍာရေးနှစ် တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး တစ်ရက်လျှင် ကျပ် ၅ဝဝနှုန်း၊ ၂ဝ၁၃-၂ဝ၁၄ ခုဘဏ္ဍာ ရေးနှစ်တွင် ကျပ် ၈ဝဝ နှုန်းဖြင့် ခံစား လျက်ရှိရာမှ ကျပ် ၂ဝဝ ထပ်မံတိုး၍ ခွင့်ပြုရန် တင်ပြခြင်းဖြစ်သည်။

ယခုလ ၄ ရက်က ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် နဝမ ပုံမှန်အစည်းအဝေးတွင် ဦးခင်မောင်ညို (ပေါက်မဲ ဆန္ဒနယ်)(ကိုယ်စား)ဦးခင် မောင်ဌေး၊ထီးလင်း မဲဆန္ဒနယ်၏ မြန်မာ နိုင်ငံရဲ တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များအား တပ်မတော်နှင့် တပ်မတော်သားများ နည်းတူ လစာနှင့် ခံစားခွင့်များ တိုးမြှင့် ပေးရန်အစီအစဉ် ရှိ၊ မရှိနှင့်စပ် လျဉ်း သည့် မေးခွန်းမေးမြန်းခဲ့သည်။

ထိုမေးမြန်းမှုနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ”ကျန်းမာရေးဆိုင်ရာ ထောက်ပံ့မှုများအနေဖြင့် ရဲတပ်ရင်းများ မှာရှိတဲ့တပ်ဖွဲ့ ဝင်/စာရေးဝန်ထမ်းများနဲ့ အတူနေမိသားစု ဝင်များအတွက် ကျန်း မာရေးဆိုင်ရာ ဆေးဖိုးရန်ပုံငွေ ကျပ် သန်း ၄၈ဝ ဒသမ ၉ဝ၇ (ဆေးရုံတက်ကု သမှုအပါအဝင်)ကို ခွဲဝေပေးလျက်ရှိပါ တယ်။ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့တစ်ခုလုံး အတွက် ထောက် ပံ့ပေးနိုင်ရေး ဆောင်ရွက်ထား ရှိပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ရဲ တပ်ဖွဲ့ဝင် အင်အားတစ်သိန်းခန့်ရှိသည်။

Myawady News

No comments:

Post a Comment