Thursday, February 20, 2014

အစာရေစာပြတ်၍ ဒုက္ခသည်စခန်းတွင် လူများသေဆုံး

သုံးနှစ်နီးပါးခန့် ပြည်တွင်းစစ်ဖြစ်ပွားနေသော ဆီရီးယားနိုင်ငံ ဒမတ်စကတ် မြို့တော်တောင်ပိုင်းရှိ ယာ မက်ခ်ပါလက်စတိုင်း ဒုက္ခသည်စခန်းမှ လူသုံးဦး သေဆုံးခဲ့ကြောင်းနှင့် ဂိုတာဆင်ခြေဖုံးတွင်လည်း ဖေဖော်ဝါရီ ၁၇ နှင့် ၁၈ ရက်က လေးဦးသေဆုံးခဲ့သည်ဟု ဆေးဘက်ဆိုင်ရာမှ သတင်းထုတ်ပြန်ခဲ့ ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

စစ်တပ်က ခုနစ်လတာ သိမ်းဆည်းမှုအောက်တွင်ရှိနေသော အဆိုပါ ကယ်ဆယ်ရေးစခန်းတွင် ပါလက် စတိုင်းလူမျိုးနှင့် ဆီးရီးယားလူမျိုးပေါင်း ၁၅ဝ,ဝဝဝ ခန့် ခိုလှုံလျက်ရှိသည်။ ဒမတ်စကတ် မြို့တော်တွင် လည်း လူခုနှစ်ဦးမှာ အစာရေစာပြတ်တောက်ခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု မရရှိခြင်းတို့ကြောင့် သေဆုံးခဲ့ရကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့မှ ဖေဖော်ဝါရီ ၁၈ရက်က ပြောကြားသည်။

Mizzima - News in Burmese

No comments:

Post a Comment