Thursday, February 6, 2014

သိမ်းထားသည့်မြေများအနက် မြေဧက ၁၅၀၀၀၀ ကျော် စွန့်လွှတ်ရန် ကာကွယ်ရေးဦးစီးချုပ်က အတည်ပြုပြီးဖြစ်ကာ တပ်မတော်တွင် မြေသိမ်းလုပ်ငန်းစဉ်များ မရှိတော့ကြောင်း ကာကွယ်ရေးဒုတိယ၀န်ကြီး ပြောကြား

သိမ်းထားသည့်မြေများအနက် မြေဧက ၁၅၀၀၀၀ ကျော် စွန့်လွှတ်ရန် ကာကွယ်ရေးဦးစီးချုပ်က အတည်ပြုပြီးဖြစ်ကာ တပ်မတော်တွင် မြေသိမ်းလုပ်ငန်းစဉ်များ မရှိတော့ကြောင်း ကာကွယ်ရေးဒုတိယ၀န်ကြီး ပြောကြား

ဖေဖော်ဝါရီ ၆ ရက် ၂၀၁၄

သိမ်းထားသည့် လယ်မြေများအနက်မှ မြေဧက ၁၅၄၁၁၆ ဒသမ ၄၈၆ ဧကအား ပြန်လည်စွန့်လွှတ်ရန်အတွက် တပ်မတော် အကြီးအကဲထံမှ အတည်ပြုပြီးဖြစ်ကာ တပ်မတော်တွင် မြေသိမ်းလုပ်ငန်းစဉ်များ မရှိတော့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောကြားသည်။

ဖေဖော်ဝါရီ ၅ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းရာတွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တိုင်းဒေသကြီးအလိုက် ဘယ်လောက်စွန့်လွှတ်သွားမယ်ဆိုတာ မကြာခင် သတင်းစာများမှာ ထည့်သွင်းဖော်ပြသွားမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ တပ်မတော်အနေနဲ့ ‘မြေသိမ်းလုပ်ငန်းစဉ်’ မရှိတော့ဘဲ ‘မြေပြန်လည်စွန့်လွှတ်သည့် လုပ်ငန်းစဉ်’ သာရှိပါကြောင်း ဖြေကြားလို . . . . .
ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က “လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်မှ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သော အစီရင်ခံစာ အပိုင်း(၁) (၂) (၃)ပါ ကိစ္စနှင့် ပတ်သက်၍ မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ချက်အရ တပ်မတော်အနေနဲ့ အားလုံးပြန်လည်စွန့်လွှတ်သည့် မြေဧက ၁၀၀၄၁ ဒသမ ၈၉၊ တစ်စိတ်တစ်ဒေသ ပြန်လည်စွန့်လွှတ် မြေဧက ၂၆၅၁၂ဒသမ ၂၉ ရှိခဲ့ပြီး ယခုလည်း စိစစ်ပြီးမြေဧက ၁၅၄၁၁၆ ဒသမ ၄၈၆ အား ပြန်လည်စွန့်လွှတ်ပေးရန်အတွက် တပ်မတော်အကြီးအကဲထံမှ အတည်ပြုပြီးဖြစ်ပါတယ်။ ယခင်စွန့်လွှတ်ခဲ့ပြီးသော မြေဧက ၅၄၂၅၅ ဒသမ ၀၀၃ ဧကနှင့်ပေါင်းပါက တပ်မတော်မှ စွန့်လွှတ်မည့် မြေစုစုပေါင်းမှာ ၂၀၈၃၇၁ ဒသမ ၅ ဧကခန့် ရှိသွားမယ်ဖြစ်ပါတယ်။ ယခုထပ်မံစွန့်လွှတ်မယ့် မြေဧက ၁၅၄၁၁၆ ဒသမ ၄၈၆ ဧကအတွက်လည်း တိုင်းဒေသကြီးအလိုက် ဘယ်လောက်စွန့်လွှတ်သွားမယ်ဆိုတာ မကြာခင် သတင်းစာများမှာ ထည့်သွင်းဖော်ပြသွားမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ တပ်မတော်အနေနဲ့ ‘မြေသိမ်းလုပ်ငန်းစဉ်’ မရှိတော့ဘဲ ‘မြေပြန်လည်စွန့်လွှတ်သည့် လုပ်ငန်းစဉ်’ သာရှိပါကြောင်း ဖြေကြားလိုပါတယ်” ဟု ပြောကြားသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုး ဆွေးနွေးခဲ့သည့် မြေကိစ္စများကြောင့် တပ်မတော်အား ပြည်သူများ ချစ်ကြည်လေးစားမှု ကျဆင်းလာခြင်းသည် အလွန်နှမြောစရာကောင်းကြောင်း ဆွေးနွေးချက်နှင့် ပတ်သက်၍ ကာကွယ်ရေး ဒုတိယ၀န်ကြီးက တပ်မတော်အနေနှင့် မြေယာနှင့်ပတ်သက်၍ ပြည်သူလူထုအား အခမဲ့စေခိုင်းမှု မရှိသလို အခကြေးငွေ အပြည့်အ၀မပေးဘဲ ခိုင်းစေမှုလည်း မရှိကြောင်း၊ ဥပဒေအရလည်း ခွင့်ပြုမထားကြောင်း၊ မြေကိစ္စကို တပ်မတော်အနေနဲ့ လေးလေးနက်နက် ကိုင်တွယ်ဖြေရှင်းနေသည့်အတွက် တစ်စုံတစ်ခုသော အချိန်အတိုင်းအတာ ရောက်ပါက ပြေလည်သွားမည်ဟု ယူဆကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

တပ်ပိုင်မြေတွင် ကျူးကျော်သည်ဟုဆိုကာ ဖေဖော်ဝါရီ ၄ ရက်က ရွာလုံးကျွတ် ဖယ်ရှားခံရသည့် သမီးကလေးကျေးရွာမှ မိသားစုတစ်စုကို တွေ့ရစဉ်

Credit to..Eleven Media Group
သိမ်းထားသည့် လယ်မြေများအနက်မှ မြေဧက ၁၅၄၁၁၆ ဒသမ ၄၈၆ ဧကအား ပြန်လည် စွန့်လွှတ်ရန်အတွက် တပ်မတော် အကြီးအကဲထံမှ အတည်ပြုပြီးဖြစ်ကာ တပ်မတော်တွင် မြေသိမ်း လုပ်ငန်း စဉ်များ မရှိတော့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့် က ပြော ကြားသည်။

ဖေဖော်ဝါရီ ၅ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် များက ပြန်လည်ရှင်းလင်းရာတွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ယခု ကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တိုင်းဒေသကြီးအလိုက် ဘယ်လောက်စွန့်လွှတ်သွားမယ်ဆိုတာ မကြာခင် သတင်းစာများမှာ ထည့်သွင်းဖော်ပြသွားမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ တပ်မတော်အနေနဲ့ ‘မြေသိမ်းလုပ်ငန်းစဉ်’ မရှိတော့ဘဲ ‘မြေပြန်လည်စွန့်လွှတ်သည့် လုပ်ငန်းစဉ်’ သာရှိပါကြောင်း ဖြေကြားလို . . . . .
ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က “လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်မှ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့သော အစီရင်ခံစာ အပိုင်း(၁) (၂) (၃)ပါ ကိစ္စနှင့် ပတ်သက်၍ မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ချက်အရ တပ်မတော်အနေနဲ့ အားလုံးပြန်လည် စွန့်လွှတ်သည့် မြေဧက ၁၀၀၄၁ ဒသမ ၈၉၊ တစ်စိတ်တစ်ဒေသ ပြန်လည်စွန့်လွှတ် မြေဧက ၂၆၅၁၂ဒသမ ၂၉ ရှိခဲ့ပြီး ယခုလည်း စိစစ်ပြီးမြေဧက ၁၅၄၁၁၆ ဒသမ ၄၈၆ အား ပြန်လည်စွန့်လွှတ်ပေးရန်အတွက် တပ်မတော်အကြီးအကဲထံမှ အတည်ပြုပြီးဖြစ်ပါတယ်။ ယခင်စွန့်လွှတ်ခဲ့ပြီးသော မြေဧက ၅၄၂၅၅ ဒသမ ၀၀၃ ဧကနှင့်ပေါင်းပါက တပ်မတော်မှ စွန့်လွှတ်မည့် မြေစုစုပေါင်းမှာ ၂၀၈၃၇၁ ဒသမ ၅ ဧကခန့် ရှိသွားမယ်ဖြစ်ပါတယ်။ ယခုထပ်မံစွန့်လွှတ်မယ့် မြေဧက ၁၅၄၁၁၆ ဒသမ ၄၈၆ ဧကအတွက်လည်း တိုင်းဒေသကြီးအလိုက် ဘယ်လောက်စွန့်လွှတ်သွားမယ်ဆိုတာ မကြာခင် သတင်းစာများမှာ ထည့်သွင်းဖော်ပြသွားမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ တပ်မတော်အနေနဲ့ ‘မြေသိမ်းလုပ်ငန်းစဉ်’ မရှိတော့ဘဲ ‘မြေပြန်လည်စွန့်လွှတ်သည့် လုပ်ငန်းစဉ်’ သာရှိပါကြောင်း ဖြေကြားလိုပါတယ်” ဟု ပြောကြား သည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုး ဆွေးနွေးခဲ့သည့် မြေကိစ္စများကြောင့် တပ်မတော်အား ပြည်သူများ ချစ်ကြည်လေးစားမှု ကျဆင်းလာခြင်းသည် အလွန်နှမြော စရာကောင်းကြောင်း ဆွေးနွေးချက်နှင့် ပတ်သက်၍ ကာကွယ်ရေး ဒုတိယ၀န်ကြီးက တပ်မတော် အနေနှင့် မြေယာနှင့်ပတ်သက်၍ ပြည်သူလူထုအား အခမဲ့စေခိုင်းမှု မရှိသလို အခကြေးငွေ အပြည့်အ၀မပေးဘဲ ခိုင်းစေမှုလည်း မရှိကြောင်း၊ ဥပဒေအရလည်း ခွင့်ပြုမထားကြောင်း၊ မြေကိစ္စကို တပ်မတော်အနေနဲ့ လေးလေးနက်နက် ကိုင်တွယ်ဖြေရှင်းနေသည့်အတွက် တစ်စုံတစ်ခုသော အချိန်အတိုင်းအတာ ရောက်ပါက ပြေလည်သွားမည်ဟု ယူဆကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

တပ်ပိုင်မြေတွင် ကျူးကျော်သည်ဟုဆိုကာ ဖေဖော်ဝါရီ ၄ ရက်က ရွာလုံးကျွတ် ဖယ်ရှားခံရသည့် သမီးကလေးကျေးရွာမှ မိသားစုတစ်စုကို တွေ့ရစဉ်

Credit to..Eleven Media Group

No comments:

Post a Comment