Wednesday, February 19, 2014

ပျဉ်းမနားအချုပ်ထောင်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်မှုတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ ရမည်းသင်းထောင်သို့ အပို့ခံရသော ကိုဇော်လတ်အပါအ၀င် ၀ဲကြီးကျေးရွာသား ၂၁ ဦးအားရုံးထုတ်

ပျဉ်းမနားအချုပ်ထောင်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်မှုတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ ရမည်း သင်းထောင်သို့ အပို့ခံရသော ကိုဇော်လတ်အပါအ၀င် ၀ဲကြီးကျေးရွာသား ၂၁ ဦးအား ဖေဖော်ဝါရီ ၁၈ ရက် တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားရုံးသို့ ရုံးထုတ်ခဲ့ကြောင်း သိရသည်။


ပုဗ္ဗသီရိမြို့နယ် ၀ဲကြီးကျေးရွာရှိ ကိုဇော်လတ်အပါဝင် ကျေးရွာသားများအား ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၈ ရက် ကျည်တောင်ကန်ရဲစခန်းမှ (ပ) အမှတ် ၆၆/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၃/၂၉၄/၁၁၄ ပုဒ်မ တို့ဖြင့် ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။

ဝဲကြီးကျေးရွာသား ကိုဇော်လတ်က “ကျွန်တော်တို့ကို အခုရမည်းသင်းထောင်ကို ပို့လိုက်တယ်။ ပျဉ်းမနား အချုပ်ထဲမှာ ဖြစ်တဲ့ဟာက မောင်နိုင်ဆိုတဲ့ လူကနေ စဖြစ်တာ။ မူးယစ်ဆေးကိစ္စကြောင့် ဖြစ်တယ်။ အဲဒီဆေးကြောင်တဲ့လူကို လူမြင်ကွင်းမှာ ရဲတွေရိုက်တာကို ကျန်တဲ့အချုပ်သားတွေက လူသားချင်း စာနာထောက်ထားပါလို့ ၀ိုင်းအော်တာ။ အဲဒါနဲ့ အချုပ်သားတွေက ဆူကြတယ်။ ကျွန်တော်တို့ ၀ဲကြီး သားတွေက မပါဘူး။ အခန်းထဲမှာရှိတဲ့ သူတွေကို မလုပ်ကြနဲ့လို့ ပြောလည်းမရဘူး။ ကျွန်တော်တို့ အခန်း ထဲမှာက ၅၇ ယောက်ရှိတယ်။ ကျွန်တော်ဆက်ပြောရင် ကျွန်တော့်ကို သူတို့ဝိုင်းရိုက်မှာကြောက်လို့ မပြောတော့ ဘူး။ ကျွန်တော်တို့ကို ဇန်န၀ါရီ ၄ ရက်က နိုင်ငံတော်သီချင်းဆိုတာကိုလည်း ၀ဲကြီးသားတွေ ပါတယ်လို့ ပြောတယ်။ အမှန်ကမပါဘူး။ အဲဒီနေ့က ဖြစ်ပွားမှုမှာ သေနတ်မှန်တာက နှစ်ယောက်ရှိတယ်။ ဒဏ်ရာရတာက ဆယ်ယောက်ကျော်တယ်” ဟု ပြောကြားသည်။

ကိုဇော်လတ်အပါအ၀င် ၀ဲကြီးကျေးရွာသား ၂၁ ဦးအား ယခင်အမှုဖွင့်စဉ်က အမှုသုံးမှုဖြင့် ဖွင့်ဆိုထားသော် လည်း ယခုအခါတွင် အမှုအမှတ် (ပ)၉၁၄/၁၃ ပြစ်မှုပုဒ်မ ၃၃၃/၃၄၂/၂၉၄/၅၀၆ တို့ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားရုံးမှ သိရသည်။

“ပျဉ်းမနားအချုပ်ထဲမှာ စဖြစ်တော့ ကျွန်မက အိပ်နေတာ။ သေနတ်သံကြားတော့မှ နိုးတယ်။ သေနတ်သံ ကို အရင်ကလည်း တစ်ခါမှ မကြားဘူးဘူး။ အရမ်းလန့်သွားတယ်။ အဲ့ဒီနေ့က အချုပ်ထောင်ထဲမှာ မီးရှို့ တယ် လို့ စွပ်စွဲတဲ့ ၁၂ ယောက်ထဲမှာ ကျွန်မပါတယ်လို့ ထည့်ထားတယ်။ အမှန်တကယ်တော့ ကျွန်မ မပါဘူး။ အဲဒီနေ့က ကျွန်မလည်း ရဲတွေရဲ့အရိုက် ခံခဲ့ရတယ်။ သေနတ်မှန်တာက သူတို့ကပြောတော့ တစ်ယောက်ထဲလို့ပြောတယ်။ အမှန်တော့ နှစ်ယောက်မှန်တယ်။ တစ်ယောက်က ပုခုံးကိုမှန်တယ်။ နောက်တစ်ယောက်က ဘယ်ဘက်ပါးရိုးကို မှန်တယ်” ဟု ၀ဲကြီးကျေးရွာမှ အချုပ်ကျသူ ဒေါ်ဝင်းကြည်က ပြောကြားသည်။

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့မရဲစခန်း အချုပ်ထောင်တွင် ဆူပူမီးရှို့မှု၌ ပါဝင်သည်ဟု ယူဆ ရသော အချုပ်သား ၁၈၆ ဦးအား ဖေဖော်ဝါရီ ၁၅ ရက်တွင် ရမည်းသင်းထောင်သို့ ပို့ဆောင်ခဲ့ပြီး အမှုရင် ဆိုင်နေရသော အချုပ်သားများအား သက်ဆိုင်ရာမြို့နယ် တရားရုံးများတွင် အမှုစစ်ဆေးရန် ရမည်း သင်းထောင်မှ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားရုံးသို့ ပထမဦးဆုံးအကြိမ်အဖြစ် ကိုဇော်လတ် အပါအ၀င် ၀ဲကြီးကျေးရွာသား ၂၁ ဦးအား ရုံးထုတ်ခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment