၈.၂.၂၀၁၄ရက်နေ့ ၂၂၀၀အချိန် ဗဟန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည်
ရန်ကုန်ဆေးရုံကြီးတွင် အမျိုးသား တစ်ဦးဓါးထိုးခံရကာ သေဆုံးရောက်ရှိ
နေကြောင်း သတင်းအရသွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ဗဟန်းမြို့နယ်၊
ဆရာစံမြောက်/အရှေ့ရပ်ကွက်နေ ကိုဆန်းမင်းသူဖြစ်ပြီး ၀ဲရင်အုံ
တွင်ထိုးသွင်းဒဏ်ရာ(၁)ချက်၊ မေးစေ့ဝဲဘက်ပွန်းစုတ်ဒဏ်ရာ
(၁)ချက်တို့ရရှိထားသည်ကိုတွေ့ရှိရပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ဗဟန်းမြို့နယ်၊ စက်မှု(၁)လမ်းတွင်အမျိုးသားတစ်ဦးနှင့်စကားများရန်ဖြစ်စဉ် အဆိုပါအမျိုးသားမှ ဓါးဖြင့်ထိုး သွားခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ဗဟန်းမြို့မရဲစခန်း (ပ)၆၃/၂၀၁၄၊ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ် ခဲ့ပါသည်။
စုံစမ်းဖော်ထုတ်ချက်များအရ အဆိုပါပြစ်မှုအားကျူးလွန်သူများမှာ ညီဇင်ဦး (ခ)ညီဇင်(ခ)သူရလင်းနှင့် အဖိုးကြီး(ခ)အောင်ကျော်သူတို့ဖြစ်ကြောင်းပေါ်ပေါက်သဖြင့် ညီဇင်ဦး(ခ)ညီဇင်(ခ)သူရလင်းအား ဖမ်းဆီး ရမိစစ်ဆေး လျက်ရှိပါသည်။
အမှုမှကျန်ပြစ်မှုကျူးလွန်သူ အဖိုးကြီး(ခ)အောင်ကျော်သူ၊(၄၂)နှစ်၊(ဘ)ဦးမောင်မောင်လွင်၊ ၁၂/ရကတ(နိုင်)၀၆၂၇၅၈၊ အခန်း(၄၀၁)၊ တိုက်အမှတ်(၃၀)၊ စီ(၁၄)လမ်း၊ယုဇနဥယျာဉ်မြို့တော်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေသူမှာ အခင်းဖြစ်ပွားပြီးနောက်ထွက်ပြေးတိမ်းရှောင်နေခဲ့၍ အမြန်ဆုံး ဖမ်းဆီး ရမိနိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် ၎င်းနှင့် ပတ်သက်၍ အောက်ဖေါ်ပြပါ ဖုန်းနံပါတ် များသို့ ဆက်သွယ်ကူညီ သတင်းပေးနိုင် ပါရန် မေတ္တာ ရပ်ခံအပ်ပါသည်-
၀၁-၂၃၀၀၇၄၇ (ကွပ်ကဲမှုခန်းမ) ၊
၀၉-၅၂၄၀၁၁၂ (ရဲမှူး-ဦးစီး) ၊
၀၉-၈၆၀၂၃၆၃(ရဲမှူး-မှုခင်း)၊
၀၁-၃၇၆၁၆၆(အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊
၀၁-၅၄၅၅၉၅(ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး)၊
၀၁-၅၅၄၆၃၀(ဗဟန်းမြို့မရဲစခန်း)။
Yangon Police
No comments:
Post a Comment