Wednesday, February 12, 2014

'မင်္ဂလာပွဲမှာ အဆင်မပြေမှာကိုစိုးရိမ်နေလို့ စိတ်ပင်ပန်းနေတယ်' သက်မွန်မြင့်


ယခုလ ၁၄ ရက် မွန်းလွဲ၃ နာရီတွင် ရန်ကုန်မြို့ ပြည်သူ့ ရင်ပြင်၌ကျင်းပမည့် မင်္ဂလာပွဲ အတွက် ကြိုတင်ပြင်ဆင်မှုတွေ နှင့်ပတ်သက်ပြီး သရုပ်ဆောင် သက်မွန်မြင့်က ယခုကဲ့သို့ ပြော သည်။

''မင်္ဂလာပွဲ စီစဉ်နေတဲ့ အတွက် အရမ်းကိုပင်ပန်းခဲ့ပါ တယ်။ တစ်သက်လုံး ဒီလောက် မပိန်ဖူးပါဘူး။ ကိုယ်ကပွဲတွေ ကိုလဲ မစီစဉ်ဘူးတဲ့အခါကျတော့ အဆင်မပြေမှာ စိုးရိမ်မှုတွေတော့ ရှိတာပေါ့။ ဒါတောင် ပွဲကြီးကို မလုပ်ရသေးဘူး။ ပြီးခဲ့တဲ့ပွဲမှာ တုန်းကဆိုရင် ဆရာ ဆရာမတွေ၊ မိဘတွေ၊
မိတ်ဆွေအပေါင်းအသင်း လူနည်းစုကိုပဲ ဖိတ်ထားတာ ဒီပွဲမှာတင် အခက်အခဲတွေက အများကြီးရှိခဲ့တယ်။ အချိန်တွေအများကြီးနဲ့ ကြိုကြို တင်တင် စီစဉ်ထားတာ မရှိတဲ့အတွက် အဆင်မပြေတာတွေရှိတော့ စိတ်တွေ အရမ်း ပင်ပန်းနေခဲ့တယ်။ ဒါပေမယ့် ၁၄ရက်နေ့ပွဲ ကျရင်တော့ ပျော်ပျော် ရွှင်ရွှင်နဲ့ဖြတ်သန်း နိုင်မယ်လို့ ထင်ပါတယ်။ ကိုယ်ချစ်တဲ့သူနဲ့ လက်တွဲ ရတာ ပျော်စရာကောင်း ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေနဲ့ လက်တွဲနိုင်ဖို့ကတော့ အရေးကြီးပါတယ်''ဟု ပြောသည်။

လတ်တလောတွင် မင်္ဂလာပွဲအတွက်လုပ်နေတာကြောင့် အရမ်းပင်ပန်းကြောင်း၊ ချစ်တဲ့သူနဲ့လက်တွဲရတာ အရမ်းပျော်ရွှင်ဖို့ကောင်းကြောင်း၊ အနုပညာအလုပ်တွေကို ခေတ္တနားထားကြောင်း ဆက်လက်ပြောကြား ခဲ့သည်။

The Union Daily

No comments:

Post a Comment