Wednesday, February 5, 2014

ပုဒ်မ ၅၉(စ)နှင့် ၅၉(ဃ) ပြင်ပေးရန် ဆန္ဒဖော်ထုတ်မည်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံတော်သမ္မတနှင့် ဒု-သမ္မတများ၏ အရည်အချင်း သတ်မှတ် ချက်များတွင် ပါဝင်သော ပုဒ်မ ၅၉ (စ)နှင့် ၅၉ (ဃ)ကို ပြင်ပေးရန်အတွက် ရန်ကုန်မြို့ အလုံမြို့ နယ်တွင် ဖေဖော်ဝါရီ ၆ ရက်၌ ဆန္ဒဖော်ထုတ်သွားမည်ဟု ဆန္ဒဖော်ထုတ်ရာတွင်ဦးဆောင်သူ Generation youth အဖွဲ့ဝင် ကိုမင်းနေထူးက မဇ္ဈိမကို ပြောသည်။

ဆန္ဒဖော်ထုတ်မှုကို ဖေဖော်ဝါရီ ၆ ရက် နေ့လယ်သုံးနာရီတွင် အောက်ကြည့်မြင်တိုင်လမ်းမှစတင်ကာ အလုံမြို့နယ် တစ်မြို့နယ်လုံးသို့ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်မည်ဖြစ်ပြီး ဆန္ဒဖော်ထုတ်ရန် ဇန်န၀ါ ရီ ၃၀ ရက်က အလုံမြို့နယ်ရဲစခန်းတွင် စာတင်ခဲ့ပြီး ခွင့်ပြုမိန့်ကျပြီဖြစ်သည်။

ကိုမင်းနေထူးက “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်သူလူထုဆန္ဒမပါဘဲ ရေးဆွဲထားတဲ့အတွက် ပယ်ဖျက်ပေးဖို့ အလုံမြို့နယ်ပြည်သူတွေက တောင်းဆိုသွားမှာပါ၊ ပြည်သူလူထုအားလုံးကိုယ်စား ခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေကို ပြင်ဆင်ပေးဖို့ အကြံပြုထားတာကို လက်ရှိအစိုးရက ပြင်ဆင်ပေးဖို့ တောင်းဆို လိုပါတယ်”ဟု ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉(စ)နှင့် ပုဒ်မ၅၉(ဃ)ကို ပြင် ဆင်ပေးရန်၊ ပြည်သူလူထုတင်မြှောက်သော အစိုးရတစ်ရပ်ပေါ်ပေါက်ရေး၊ ပြည်သူ့ ဆန္ဒနှင့် အညီ ရေးဆွဲ သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းပေးရန်၊ အလုံမြို့နယ်အတွင်းရှိ ပြည်သူ ၂၀၀ က တောင်း ဆိုသွား မည်ဟု ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment