Sunday, February 9, 2014

စကော့တလန် ခွဲထွက်မသွားစေရေး ကြိုးစားရမည့် ဗြိတိန်ဝန်ကြီးချုပ်

 
ယခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့တွင် စကော့အမျိုးသား ပါတီက စကော့တလန်ပြည် နယ်ကို နိုင်ငံတစ်ခုအဖြစ် ကိုယ်ပိုင်အစိုးရဖြင့် အုပ်ချုပ်ခွင့် ရရှိရေး အဆိုကို ဗြိတိန်တစ်နိုင်ငံ လုံး၌ နှိုးဆော်ဆန္ဒမဲ ကောက်ခံမည် ဖြစ်သည်။
စကော့တလန် ခွဲထွက်မသွားစေရေး ကြိုးစားရမည့် ဗြိတိန်ဝန်ကြီးချုပ်စကော့တလန်ကို သီးခြားခွဲထွက်ခွင့် မပေးရေးအတွက် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် အနေဖြင့် တစ်နိုင်ငံလုံးကို လှည့်ပတ်စည်းရုံး သွားမည်ဟု သိရသည်။ ယခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့တွင် စကော့အမျိုးသား ပါတီက စကော့တလန်ပြည်နယ်ကို နိုင်ငံတစ်ခုအဖြစ် ကိုယ်ပိုင်အစိုးရဖြင့် အုပ်ချုပ်ခွင့် ရရှိရေး အဆိုကို ဗြိတိန်တစ်နိုင်ငံလုံး၌ နှိုးဆော်ဆန္ဒမဲ ကောက်ခံမည် ဖြစ်သည်။ ယင်းကို ဝန်ကြီးချုပ်က တစ်နိုင်ငံလုံး
ဆန့်ကျင်ရန် လိုအပ်ကြောင်း လှည့်လည်စည်းရုံးသွားမည် ဖြစ်သည်။ ကင်မရွန်က ဗြိတိန်သည် လက်ရှိ အနေအထားအတိုင်း ပြီးပြည့်စုံစွာ ရပ်တည်နိုင်မည်ဖြစ်ပြီး စကော့တလန် ခွဲထွက်သွားပါက သက်ရောက်မှုတိုင်းသည် ဆိုးကျိုးသာ ဖြစ်လာလိမ့်မည်ဟု လူထုအား မိန့်ခွန်းပြောသွားမည်ဟု ဆိုသည်။

စကော့အမျိုးသား ပါတီကမူ စကော့တလန်ထိ လာရောက်၍ ဝန်ကြီးချုပ် မစည်းရုံးရဲသည်မှာမူ သူရဲဘောကြောင်လွန်းကြောင်း လှောင်ပြောင်ထားသည်။ ကင်မရွန်၏ ခရီးစဉ်သည် အင်္ဂလန်၊ ဝေလနှင့် မြောက်အိုင်ယာလန် ပြည်နယ်များတွင်သာ လှည့်လည်သွားမည် ဖြစ်သည်။ ကင်မရွန်က အဆိုပါ စည်းရုံးမှုတွင် ဗြိတိန်အိုလံပစ် ပြိုင်ပွဲဝင် ဖြစ်ရပ်များကို အခြေပြု လှုံ့ဆော် သွားမည် ဟုလည်း ကွန်ဆာဗေးတစ် အသိုင်းအဝိုင်းက ပြောကြားခဲ့သည်။ (၂၀၁၂)ခုနှစ်က ပြည်နယ် (၄)ခုလုံး သီးခြားပြိုင်ပွဲမဝင်ဘဲ ဗြိတိန်အသင်းဆိုသော ခေါင်းစဉ်အောက်တွင် စုပေါင်းခဲ့ပြီး ရွှေတံဆိပ် (၆၅)ခု ဆွတ်ခူးခဲ့သည်။

ကင်မရွန်သည် ဗြိတိန်အိုလံပစ် ပြိုင်ပွဲများ အဓိက ကျင်းပခဲ့ရာ လန်ဒန်အိုလံပစ်ကွင်းတွင် အထင်ကရ မိန့်ခွန်းတစ်ခု ပြောကြားရန်လည်း စီစဉ်ထားသည်။ ကင်မရွန်၏ မိန့်ခွန်းအစီအစဉ် အချက်အလက်များ ကြိုတင်ထွက်ပေါ်လာရာ ဝန်ကြီးချုပ်က "အိုလံပစ်မှာ ကျွန်တော့်အတွက် အကောင်းဆုံး အရာကတော့ ဘယ်လိုဘယ်ပုံ အောင်မြင်မှုတွေ ရခဲ့တယ်ဆိုတာ မဟုတ်ပါဘူး။ အပြာရယ်၊ အနီရယ်၊ အဖြူရယ် ပေါင်းစုမှုသာ ဖြစ်ပါတယ်။ အဲဒီနွေရာသီမှာ ဗြိတိန်ရဲ့ နိုင်ငံချစ်စိတ်ဟာ အမှောင်ရိပ်တွေထဲက ထိုးထွက်ပြီး တောက်ပလာခဲ့တယ်။ အားလုံးဟာ ဗြိတိန်အသင်းကို စုပေါင်းအားပေးခဲ့တယ်"ဆိုသည့် မှတ်ချက်မျိုး ပြောဆိုသွားမည်ဟု သိရသည်။

စကော့တလန်၏ လက်ထောက်ဝန်ကြီးချုပ် နစ်ကိုလာ စတာဂျီယွန်ကမူ "ဝန်ကြီးချုပ် တစ်ယောက်အနေနဲ့တော့ လန်ဒန်မြို့က အိုလံပစ် ကွင်းကြီးကို ခုတုံးလုပ်ပြီး ဒီလို သူရဲဘောကြောင်တဲ့ မိန့်ခွန်းမျိုးပြောတာ ရယ်စရာပါပဲ။ ဒီကိစ္စဟာ စကော့တလန်ရဲ့ လွတ်လပ်ရေးနဲ့ သက်ဆိုင်ပါတယ်။ အဲဒီအချိန်မှာ သူက စကော့တလန်ကို မလာရဲဘူးလေ။ တကယ်ဆိုရင် ဒီလိုကိစ္စမျိုးဟာ ထိပ်တိုက် စကားရည်လုသင့်တဲ့ အခြေအနေပါ"ဟု ဝေဖန်ခဲ့သည်။

စကော့တလန်သည် (၁၉၉၇)ခုနှစ် ကတည်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်လာခဲ့ပြီး ယခုအခါတွင်မူ ကိုယ်ပိုင်ပညာရေး၊ ကိုယ်ပိုင်ကျန်းမာရေး၊ ကိုယ်ပိုင်တရားစီရင်ရေးတို့ဖြင့် ရှေ့ ဆက်ရန် မျှော်လင့် လိုလား လာခဲ့သည်။

Planet Myanmar Network

No comments:

Post a Comment